Erythromycin အရစ်သရိုမိုင်စင်

ဆရာရှင့် သမီး သားအိမ်နား အရမ်းနာနေလို့ ဆရာဝန်သွားပြလိုက်တာ အခုပဲအိမ်ပြန်ရောက်ပါတယ်။ OG က သားအိမ် နည်းနည်း ရောင်နေတယ်ပြောပါတယ်။ Erythromycin 500 mg 1-1 for 2 weeks Relispa 1-1 for 3 days Etoshine 1-1 for 3 days သောက်ခိုင်းပါတယ်ရှင့်။ Erythromycin 500 mg ဆေးအကြောင်း ရှင်းပြပေးပါရှင့်ဆရာ။ ဘာကြောင့် အဲ့ဒီ့ဆေးကို အဲ့လောက်အကြာကြီး ၂ ပတ်တောင် သောက်ခိုင်းရတာပါလဲရှင့်။ ဆေးရဲ့ ကောင်းကျိုး၊ ဆိုးကျိုးတွေ ရှိရင်ပြောပြပေးပါ ဆရာရှင့်။ ကျေးဇူးတင်ပါတယ်ဆရာ။

အရစ်သရိုမိုင်စင်ဟာ Macrolides မက်ခရိုလွိုက်အုပ်စုဝင် ပဋိဇီဝဆေးဖြစ်တယ်။ Azithromycin, Clarithromycin, Erythrocin, Tyhromycin, E-mycin ဆေးတွေကလည်း အုပ်စုတူဆေးတွေဖြစ်ကြတယ်။

• လိင်ကတဆင့်ကူးစက်တဲ့ (ကလာမိုင်ဒီးယား) ကြောင့် ဆီးပြွန်အဝရောင်ခြင်း = Erythromycin 250-500 mg တနေ့ ၄ ကြိမ်၊ ၅ ရက်။ သို့မဟုတ် ပဌမရက် Erythromycin 500 mg orally နောက်ရက် 250 mg ၅ ရက်။ သို့မဟုတ် Erythromycin 1 g ၁ ကြိမ်။

• နားကိုက် = Erythromycin 50 mg/kg/day + Sulfonamide 150 mg/kg/day x ၁ဝ ရက်၊

• နူမိုးနီးယား = Erythromycin 500 mg IV တနေ့ ၄ ကြိမ်၊ ၇ ရက်မှ ၁၄ ရက်အထိ။

• လူစုလူဝေးမှရသော နူမိုးနီးယား၊ အာသီးရောင်၊ လည်ချောင်းနာ = Erythromycin 500 mg ၇ ရက်မှ ၁၄ ရက်အထိ။

• ဆစ်ဖလစ် ပဌမဆင့်၊ ဒုတိယဆင့်၊ တတိယဆင့် = Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၂ ပါတ်၊

• ကျား-မ ဆီးပြွန်-မွေးလမ်းကြောင်း-သားအိမ် ရောင်ခြင်း = Erythromycin 500 mg တနေ့ ၄ ကြိမ်၊ ၂၁ ရက်၊

• လိင်ကတဆင့်ကူးစက်တဲ့ ရှန်ကာရွိုက် = Erythromycin, 500 mg တနေ့ ၄ ကြိမ်၊ ၇ ရက်၊

• နားပြည်ယိုခြင်း၊ အရေပြားနာ၊ လိင်မှတဆင့် ကူးစက် ရောဂါများ၊ အသက်ရှူလမ်း အထက်ပိုင်း ပိုးဝင်ခြင်း၊ နှလုံးအတွင်းသားရောင်ခြင်း၊ အရိုးအဆစ် ရောင်ခြင်း၊ ဂနိုရီးယား၊ အစာခြေလမ်းရောင်ခြင်း၊ မျက်စိပိုးဝင်ခြင်း၊ မွေးစကလေးငယ်များ နှလုံး အလုပ်မနိုင်ခြင်း = Erythromycin လူကြီး 250-500 mg တနေ့ ၄ ကြိမ်၊ တနေ့ 4 Gm ထက်မပိုရ။ ကလေး 15-25 mg/kg ½ - 2 လက်ဖက်ရည်ဇွန်း တနေ့ ၄ ကြိမ်၊ ၁ဝ ရက်၊ 500 mg တနေ့ ၄ ကြိမ်၊ ၁ဝ ရက်၊ 18.75 mg/kg တနေ့ ၄ ကြိမ်။

Erythromycin ဘေးထွက်ဆိုးကျိုး

အနီပြင်ထွက်၊ ကိုယ်ပူ၊ အသားဝါ၊ ပျို့-အန်-ဝမ်းပျက်- ဗိုက်နာ၊ နားကိုထိခိုက်၊

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ