Gastric wall thickness အစာအိမ်နံရံထူခြင်း

မင်္ဂလာပါဆရာ အစာအိမ်နံရံထူတယ်ဆိုရင် ဘာအကျိုးဆက်တွေများ ရှိနိုင်သလဲဗျ ဝမ်းမသွားနိုင်တာ ၂ပတ်လောက်ရှိပြီး ချွဲတွေလိုလိုတော့အန်ပါတယ်

ဖြစ်တဲ့သူ ကလေး လူကြီး မသိ။ အသက် မသိ။ ကျား မ မသိ။ မေးခွန်းပါရောဂါအတွက် ဆေးစစ်ချက်စာသား မသိ။

အသက် ၅၇နှစ် အမျိုးသမီးပါဆရာ

မေးနည်းပို့ထားပြီး။ ရောဂါအမည် အရပ်ခေါ်နဲ့ ဆရာဝန်အခေါ် ၈၀% လောက် ထပ်တူမကျပါ။ ရမ်းမဖြေပါ။ ဆောရီး။

ဟုတ်ကဲ့ပါဆရာ အသက် ၅၇နှစ်၊ အမျိုးသမီး၊ သွေးဆုံးပြီး အိမ်ထောင်ရှိပါတယ်။

- Gastric wall thickening at pyloric antrum.

- pelvis ascites

- fatty liver

Gastric wall thickness အစာအိမ်နံရံထူခြင်း

အကြောင်းခံအမျိုးမျိုးကို စဉ်းစားရမယ်။

1. gastritis အစာအိမ်ရောင်ခြင်း

2. ulcers အစာအိမ်နာ

3. polyps အသားပို

4. tuberculosis တီဘီ

5. Crohn's disease ခရုန်းရောဂါ နဲ့

6. Menetrier's disease ရောဂါအပြင် 

7. malignancy ကင်ဆာကိုပါ စဉ်းစားရမယ်။

Early endoscopy စစ်ဆေးနည်းနဲ့ biopsy evaluations အသားစဖြစ်ယူစစ်ဆေးခြင်းတို့ လိုတဲံလူနာကို လုပ်ရမယ်။

Gastritis အစာအိမ်ရောင်ခြင်း https://dr-tint-swe.blogspot.com/2020/12/gastritis.html

Peptic ulcer လေနာဆိုတာ ဘုရင်မှာလည်းဖြစ်သည် https://dr-tint-swe.blogspot.com/2021/05/peptic-ulcer.html

Fatty Liver Disease (FLD) အသည်းအဆီဖုံးခြင်း https://dr-tint-swe.blogspot.com/2021/05/fatty-liver-disease-fld.html

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Daflon 500 mg လိပ်ခေါင်းဆေး