Metronidazole မက်ထရိုနိုက်ဒဇောလ်


(ကန်တော့)


၁။ ဆရာ့ကို မကြာခဏမေးရလို့ အားတော့နာတယ်ဆရာ။ ကျမကို Gynomix ဆေးအကြောင်းပြောပြပေးပါလားဆရာ။ ကျေးဇူးတင်ပါတယ်။


Flagyl ER (Gynomix) = Active Ingredient: Metronidazole


၂။ ကျမအသက်က ၃၆ နှစ်ပါ။ အိမ်ထောင်လဲရှိပါတယ်။ အမျိုးသားနဲ့အတူနေစဉ်မှာ မွေးလမ်းကြောင်းအတွင်းထဲကနာလို့ OG နဲ့ပြခဲ့ပါတယ်။ Gynomix ကိုမွေးလမ်းကြောင်းထဲတနေ့တလုံး ထည့်ခိုင်းပါတယ်ဆရာ။


Metronidazole မက်ထရိုနိုက်ဒဇောလ်အသုံးပြုပုံများ -


1. Giardiasis (ဂိုင်ယာဒီယား) ပိုးဝင်ခြင်း = လူကြီး = 1-1.5 g တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။ ကလေး = 30-40 mg/kg တနေ့ ၁ ကြိမ်၊ ၁-၂ ရက်။ (ဂိုင်ယာဒီးယား) ပိုးဝင်၍ ဝမ်းပျက်ခြင်း၊ 250 mg တနေ့ ၃ ကြိမ် x 5 ရက်  ကျား-မ ဆီးပြွန်ရောင်ခြင်း၊ 500 mg တနေ့ ၂ ကြိမ် x ၇ ရက်


2. Trichomoniasis (ထွိုင်ကိုမိုနီယေးဆစ်) ရောဂါ = လူကြီး = 1.5 g တခါတည်းသောက်၊ ဒါမှမဟုတ် 0.5 g တနေ့ ၂ ကြိမ်၊ ၅ ရက်သောက်၊ လိင်ဆက်ဆံဘက်ကိုလည်း တပါတည်းသောက်စေပါ။ (ထရွိုင်ကိုမိုးနပ်စ်) နှင့် (ဂိုင်ယာဒီယား) ပိုးများကြောင့် မွေးလမ်းကြောင်း-သားအိမ်ရောင်ခြင်း၊ (2 g) တခါတည်း သို့မဟုတ် 250 mg တနေ့ ၃ ကြိမ်၊ ၇-၁ဝ ရက်။ အမျိုးသမီး အတော်များများ မွေးလမ်းကနေ အဖြူဆင်းတာမှာပေးရ။


3. Amoebiasis (အမီးဘား) ပိုးဝင်ခြင်း = လူကြီး = 0.5 g တနေ့ ၂ ကြိမ်၊ ၅-၁ဝ ရက်။ ကလေး = 25 mg/kg တနေ့ ၁ ကြိမ်၊ ၅-၁ဝ ရက်။


4. Amoebic dysentery (အမီးဘား) ဝမ်းကိုက်ရောဂါ = လူကြီး = 1.5 g တနေ့တခါ၊ ၃ ရက်။ ကိုယ်အလေးချိန် များသူတွေ 1 g တနေ့ ၂ ကြိမ်၊ ၃ ရက်။ ကလေး = 40 mg/kg နေ့စဉ်။


5. Severe amoebic dysentery ဆိုးဝါးလွန်းတဲ့ (အမီးဘား) ဝမ်းကိုက်ရောဂါ = လူကြီး = IV သွေးပြန်ကြောထဲ သွင်းပေးရန် 0.5-1 g followed by 0.5 g every 12 hrs ၃-၆ ရက်။ ကလေး = 20-30 mg/kg နေ့စဉ်။


6. Amoebic liver abscess (အမီးဘား) အသည်းပြည်တည်နာ = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g followed by 0.5 g every 12 hrs 3-6 ရက်။ ကလေး = 20-30 mg/kg (အမီးဘား) အသည်းပြည်တည်ခြင်း၊ 500–750 mg တနေ့ ၃ ကြိမ် x ၅-၁ဝ ရက်။ Children: 35 to 50 mg/kg/24 hours ၃ ခါခွဲပေး၊ ၁ဝ ရက်။


7. Anaerobic bacterial infections (အမီးဘား) ပိုးဝင်ခြင်း = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 0.5-1 g စပေးပြီး 1 g ကို ၂ ကြိမ်ခွဲ၊ ၅-၁ဝ ရက်။ ထို့နောက် 500 mg ကို ၁၂ နာရီ ၁ ခါပေး။ ကလေး = 10 mg/kg every 12 hr for 5-10 ရက်  လေမကြိုက်သည့်ပိုးကြောင့်  အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ် (30 mg/kg/dose) IV တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး၊ လူကြီး 7.5 mg/kg ၆ နာရီ ၁ ခါစားဆေး။ ၇-၁ဝ ရက်။ အူမကြီးရောင်ခြင်း၊ 500 mg တနေ့ ၃ ကြိမ်၊ စားဆေး-ထိုးဆေး။ အူမကြီး ခွဲစိတ်ခြင်း၊ ဦးနှောက်ပြည်တည်ခြင်း၊ Cephalosporin နှင့် တွဲပေးသည်။


8. Prophylaxis of postoperative anaerobic bacterial infections ခွဲစိတ်ကုသရာမှာ (အမီးဘား) ပိုး မဝင်စေအောင် ကြိုတင်ကာကွယ်ရန် = လူကြီး = IV သွေးပြန်ကြောထဲသွင်းပေးရန် 1 g ကို မိနစ် ၃ဝ ကြိုတင်ပေး။


9. H pylori infections အစာအိမ်အနာ Clarithromycin and omeprazole နှင့်တွဲပေးသည်။


10. ခရီးသွားဝမ်းလျှောခြင်း၊ Metronidazole 250 mg တနေ့ ၃ ကြိမ် x ၅-၇ ရက်။


11. E histolytica (GE) အစာလမ်း (အူ) ရောင်ခြင်း၊ (အမီးဘား) ဝမ်းကိုက်၊ 400-800 mg တနေ့ ၃ ကြိမ် x ၅-၁ဝ ရက်။ Children = 100-400 mg တနေ့ ၃ ကြိမ်။


12. (အမီးဘား) သွားဖုံးရောင်၊ 400 mg တနေ့ ၃ ကြိမ် x ၅-၇ ရက်။


13. ဦးနှောက် ပြည်တည်ခြင်း၊ 7.5 mg/kg တနေ့ ၄ ကြိမ်၊ 4 grams ထက်မပိုရ၊ + Penicillin or Cefixime, Cefdinir, Cefoperazone, Cefotaxime, Cefpodoxime, Ceftazidime, Ceftizoxime, Ceftriaxone


ဘေးထွက်ဆိုးကျိုးများ = ခြေ-လက်ထုံကျင်၊ ပါးစပ်နာ၊ အဖြူကွက်၊ ဆီးပူ၊ ဝမ်းပျက်၊ မျက်စိကြည့်မကောင်း၊ အာရုံစိုက်မရ၊ စိတ်မကြည်လင်၊ ခေါင်းကိုက်၊ လက်တုံ၊ ကြွက်သားလှုတ်၊ တက်၊ ကိုယ်ပူ၊ ချမ်း၊ ကြွက်သားနာ၊ ခေါင်းကိုက်၊ လည်ချောင်းနာ၊ နေရာင်မခံနိုင်၊ အိပ်ချင်၊ ပျို့အန်၊ မွေးလမ်းကြောင်းယား။


၂။ ဆရာခင်ဗျာ Metronidazole gel ကို ဘယ်လိုနေရာတွေမှာ သုံးလို့ရပါသလဲခင်ဗျာ။


Metronidazole gels, creams, lotions မက်ထရိုနိုက်ဒါဇောလ် လိမ်းဆေးအမျိုးမျိုးရှိတယ်။ ဆေးအမည် Metrogel, Metrocream, Metrolotion, Metrogel Vaginal, Vandazole, Noritate, Rosadan, and Nuvessa တွေရှိတယ်။

Topical gel (0.75%, 1%)

Cream or lotion (0.75%)

Vaginal gel (0.75%, 1.3%)


Trichomonas vaginalis ခေါ် ဗဂျိုင်းနားမှာ ပရိုဇိုးဝါးပိုးဝင်တာအတွက်ထည့်ဆေးဖြစ်တယ်။ Rosacea ခေါ် အရေပြားအနာကိုလည်းလိမ်းနိုင်တယ်။


Bacterial vaginosis (Hemophilus vaginitis, Gardnerella vaginitis, nonspecific vaginitis) ခေါ် ဗက်တီးရီးယားပိုး ဝင်တာအတွက်လည်းသုံးတယ်။


Candidal vaginosis (yeast infection) ခေါ် ဗဂျိုင်းနားဖန်းဂတ်စ်ပိုးဝင်တာတော့ မရပါ။


ဆေးထည့်ရင် ယားနိုင်တယ်။ ပူလောင်မယ်။ အရေပြားခြောက်မယ်။


ဗဂျိုင်းနားထဲကို Metronidazole gel 37.5mg တနေ့ ၂ ကြိမ်၊ ၅ ရက်ထည့်ရတယ်။ ကိုယ်ဝန်ဆောင်နေစဉ်လည်း သုံးနိုင်တယ်။


Dr. တင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ