Papillary carcinoma မရေရာတဲ့ ကင်ဆာမေးခွန်း

မင်္ဂလာပါဆရာ သမီး papillary carcinoma အကြောင်းသိချင်လို့ပါ

ဖြစ်တဲ့သူ သမီးဆိုလို့ အမျိုးသမီးမှန်းသိရတယ်။ အသက် မသိပါ။ Papillary carcinoma ဆိုတာ လည်ပင်းမှာလည်း ရှိတယ်။ ရင်သားမှာလည်းရှိတယ်။ မေးတဲ့သူ ဘယ်နေရာမှာ ဘာဖြစ်နေမသိ။ အဲလိုမေးကြတာ မနည်းပါ။ အချိန်ကုန် အကျိုးမရှိ။

Papillary breast cancer ရင်သားကင်ဆာဆိုတာ Invasive ductal breast cancer အမျိုးအစားထဲကဖြစ်တယ်။ အတော်ရှားတယ်။ ရင်သားကင်ဆာတွေထဲမှာ ၁% သာ ရှိတယ်။

Papillary tumors အများစုက ကင်ဆာမဟုတ်။ Papillomas လို့ခေါ်တယ်။ သေချာတော့ စစ်ဆေးရမယ်။ Malignant papillary tumors ဆိုရင် ကင်ဆာ။ ရင်းသားထဲက နို့ပြွန်မှာဖြစ်တယ်။ in situ cells အမျိုးအစားနဲ့ invasive cells အမျိုးအစားလို့ရှိသေးတယ်။

Papillary breast cancers တွေက သေးတယ်။ estrogen and/or progesterone receptors (ER/PR+) ခေါ် ဟော်မုန်း + ပြတာနဲ့ HER2 receptor (HER2-) အနုတ်ပြတာလို့ ၂ မျိုးရှိပြန်တယ်။ တခြားရင်သားကင်ဆာတွေနဲ့မတူတာ နောက်တချက်က လင့်ဖ်နုတ် ခေါ် တက်စိကု မပြန့်ဘူး။ ကုသမှုကိုတုန့်ပြန်တာ ကောင်းတယ်။

ကုသနည်းတွေမှာ (lumpectomy or mastectomy)ခွဲစိတ်နည်းနဲ့ တချို့အတွက် radiation ဓါတ်ကင်နည်းရှိတယ်။ ပြန်မဖြစ်စေအာင် hormone therapy ဟော်မုန်းပေးနည်း၊ chemotherapy ခီမိုသာရာပီ ခေါ် ဆေးပေးနည်းနဲ့ HER2 protein ဆေးပေးနည်းလို့ရှိတယ်။

Papillary carcinoma of the thyroid လည်ပင်းကြီးအိတ်ကင်ဆာတမျိုး https://dr-tint-swe.blogspot.com/2022/10/papillary-carcinoma-of-thyroid.html

Ductal carcinoma in situ နို့ပြွန်ကင်ဆာ 

ပြန်ဖြေလို့မရတဲ့ မက်စင်ဂျာကနေမေးတာ။ သိတဲ့သူရှိရင် ပြောပြပေးပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ