Rh factor and pregnancy ကိုယ်ဝန်ဆောင်နဲ့ Rh သွေးအုပ်စု
နောက်ဆရာဝန်တယောက်က မမွေးခင်း ၃၂ ပတ် မှာ ဆေးထိုးကမယ်ပြောတယ်ဆရာ။ အခု ၃၄ ပတ်ဖြစ်နေပြီဆရာ။ မရေမရာတွေပြောနေလို့ဆရာ။ ဘယ်ဟာကအမှန်ဆိုတာသိချင်လို့ပါဆရာ။ ကျေးဇူးတင်ပါတယ်။
၂။ မင်္ဂလာပါဆရာ ဆရာ့စာတွေများများဖတ်လို့ Rh သွေးအကြောင်းတွေ သိသင့်သလောက်သိပါပြီ။ ကျမက Rh O negative ပါ။ အသက် ၃ရနှစ်ပါ။ ပထမကိုယ်ဝန်ဆောင် သွေးစစ်ကြည့်မှ သိတာပါ။ ကိုယ်ဝန် ၂၈ ပတ်မှာ Rhlg တလုံးနဲ့ မွေးပြီး Rhlg ဆေးတလုံးထိုးပေးပါတယ်။ ဆေးနှစ်လုံးထိုးလိုက်ရပါတယ်ဆရာ။ သုံးကြိမ်မပြည့်လိုက်ပါ။ ပထမသမီးလေးက ၂ နှစ်ကျော်လာပြီ။ ကျန်းမာရေးကောင်းပါတယ်။ ကလေးကို သွေးမစစ်ကြည့်ရသေးပါ ဆရာ။ ဒုတိယကလေးယူလျှင် ဆိုးကျိုးက ဘယ်လောက်ထိ ဖြစ်နိုင်ပါသလဲဆရာ။ ကံကောင်းလို့ အသက်ရှင်ခဲ့လျှင် ကလေးကကြီးပြင်းလာခဲ့လျှင် ကျန်းမာရေးမကောင်းခြင်းနဲ့ပဲ အသက်ဆက်ရမှာလားဆရာ။ ဒီလိုဆိုလျှင်တော့ ကလေးကို ဒုက္ခတောထဲ မခေါ်ရက်တော့ပါရှင်။ ကောင်းကောင်းမွန်မွန်ကြီးပြင်းလာတဲ့ ကလေးတွေရှိပါသလားရှင်။ မျှော်လင့်ချက်ရှိလျှင် ဒုတိယ အမွှာသားလေးလိုချင်ပါတယ်။ ပထမကလေးက ဗိုက်ခွဲမွေးတာပါရှင့်။ ဆရာ့အဖြေကို အားကိုးစွာ စောင့်မျှော်နေပါမည်။ ဆရာ ကျန်းမာသက်ရှည်ပါစေ။ အမျိုးသားက သွေး Rh O+ ပါဆရာ။
Rhesus (Rh) factor အာရ်အိတ်ချ်-ဖက်တာ
လူတယောက်ရဲ့ သွေးနီဥတွေအပေါ်ယံမှာ မွေးရာပါ ပရိုတင်းတမျိုးရှိတာကို စမ်းတွေ့သူကို Rh positive လို့ခေါ်တယ်။ မတွေ့ရင် Rh negative လို့ခေါ်တယ်။ Rh antigen အာရ်အိတ်ချ်-အင်တီဂျင် ၃ဝ ထဲမှာ အဓိက အင်တီဂျင် ၅ ခု ရှိတယ်။ D, C, c, E နဲ့ e တွေ ဖြစ်တယ်။ ဒီအထဲက D antigen ဒီ-အင်တီဂျင်က အရေးအပါဆုံး ဖြစ်တယ်။ Rh +ve ဆိုတာ ဒီ D ရှိတာဖြစ်တယ်။
Rh blood group system အာရ်အိတ်ချ်စနစ်
၁၉၃၉ ခုနှစ်မှာ အာရ်အိတ်ချ်စနစ်ကို Philip Levine နဲ့ Rufus Stetson ပညာရှင် ၂ ဦးကနေ စတွေ့တယ်။ ၃၁ နိုင်ငံက လူပေါင်း ၂၂၆၁ဝ၂၅၂၄၄ (သန်း ၂ ထောင်ကျော်) ကို စာရင်းကောက်တယ်။ ရလဒ်တွေကတော့ -
O (+) = 36.44%
A (+) = 28.27%
B (+) = 20.59%
AB (+) = 5.06%
O (-) = 4.33%
A (-) = 3.52%
B (-) = 1.39%
AB (-) = 0.45%
ဒါကြောင့် Rh (+) ဖြစ်သူ 90.35% နဲ့ Rh (-) ဖြစ်သူ 9.65% ရှိတယ်။ အာရ်အိတ်ချ်အနုတ်ရှိသူတွေက အာရှမှာ ဝ့၃% ရှိပြီး၊ အနောက်နိုင်ငံတွေမှာ ၁၅% ရှိတယ်။ အာရှသားတွေ ကံကောင်းတယ်။
ကိုယ်ဝန်ဆောင်ရင်တော့ Rh အဆင်မသင့်တာဖြစ်နေရင် ထိခိုက်မှာသေချာတယ်။ မိခင်က Rh အနုတ်ဖြစ်နေရင် ကိုယ်ထဲမှာ အနုတ်ကိုဆန့်ကျင်တဲ့ (အင်တီဘော်ဒီ) နည်းနည်းဖြစ်လာနိုင်တယ်။ တကယ်လို့ ကလေးသွေး နည်းနည်းနဲ့ မိခင်သွေးထိစပ်မိရင် မိခင်ကိုကနေတုန့်ပြန်မှုဖြစ်လာမယ်။ ကလေးကို မတည့်စေတာဖြစ်စေမယ်။ မိခင်က အဲဒီ အင်တီဘော်ဒီကို ယဉ်တဲ့အခြေအနေဖြစ်မယ်။ ဒါပေမယ့်အချင်းကနေတဆင့် ကလေးဆီရောက်ရင် တိုက်ခိုက်မှု ဖြစ်စေမယ်။ ကလေးသွေးနီဥတွေကို ခြေဖျက်မယ်။ သွေးအားနည်းလာစေမယ်။ (ဟီမိုလစ်တစ်) သွေးအားနည်းရောဂါလို့ ခေါ်တယ်။ နေမကောင်းတဲ့အထိဖြစ်လာစေနိုင်တယ်။ ဦးနှောက်ကိုပါသက်ရောက်မယ်။ ကလေးဆုံးတဲ့အထိလည်း ဖြစ်နိုင်တယ်။
သားဦးကိုယ်ဝန်မှာ သိပ်ဒုက္ခမပေးပါ။ နောက်ကိုယ်ဝန်တွေမှာ အထဲကကလေးဟာ Rh positive အပေါင်းဖြစ်နေရင် မအေသွေးထဲက အင်တီဘော်ဒီတွေကနေ ကလေးရဲ့သွေးကို ဆန့်ကျင်စေလိမ့်မယ်။ အချင်း-ချက်ကြိုးကနေ တဆင့် သွေးကဆက်စပ်နေတယ်။ ဒီအခါမှာ ကလေးမယ် Rh disease အာရ်အိတ်ချ်ရောဂါရလာမယ်။ အသက်ကိုပါ ရန်ရှာနိုင်တယ်။
ကိုယ်ဝန်ဆောင်တာမှာသာမကဘဲ Rh positive blood နဲ့ တွေ့နိုင်ခြေရှိတဲ့ တခြားအခြေအနေတွဖြစ်တဲ့ ကိုယ်ဝန်ပျက်ခြင်း၊ ကိုယ်ဝန်ဖျက်ခြင်း၊ သားအိမ်ပြင်ပသန္ဓေတည်ခြင်း၊ စပျစ်သီးကိုယ်ဝန်ဖြစ်ခြင်း၊ ရေမြွာရည်ဖေါက်ခြင်း၊ Chorionic villus sampling စစ်ဆေးနည်းလုပ်ခြင်း၊ ကိုယ်ဝန်ဆောင်နေတုံး သွေးသွန်ခြင်း၊ ကိုယ်ဝန်ဆောင်နေတုံး ဒဏ်ရာရခြင်း၊ ကလေးအနေအထား မှန်အောင် လှည့်ပေးရခြင်းတွေမှာလဲ ဆေးထိုးဘို့ လိုမယ်။
တကယ်လို့ ကိုယ်ဝန်ဆောင်နေတုံး မိခင်လောင်းသွေးထဲမယ် အင်တီဘေ်ဒီတွေ ရှိနေပြီးသား တွေ့ရရင် Rh immune globulin ဆေးထိုးလဲ အကြောင်းမထူးပါ။ ကလေးကိုသာ ဂရုတစိုက် စောင့်ကြည့်ရတော့မယ်။ လိုအပ်လာရင်တော့ ကလေးကို သွေးသွင်းပေးရလိမ့်မယ်။ မမွေးခင်လဲ သွင်းပေးနိုင်တယ်။ မွေးပြီးပြီးချင်းလဲ သွေးသွင်းပေးနိုင်တယ်။
• မိခင် Rh positive + ဖခင် Rh positive = ကလေး Rh positive ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh negative + ဖခင် Rh negative = ကလေး Rh negative ဘာမှလုပ်စရာမလိုပါ။
• မိခင် Rh positive + ဖခင် Rh negative = ကလေး Rh positive or Rh negative ဘာမှလုပ်စရာမလိုပါ။
မိခင်လောင်းဟာ Rh negative အနုတ်ဖြစ်နေရင် ဆေးစစ်ရမယ်။ Antibody screen ခေါ်တယ်။ ကိုယ်ဝန်ဆောင် ပထမ ၃ လထဲမှာ တခါ နဲ့ ၂၈ ပါတ်မှာတခါ လုပ်ရမယ်။ အင်တီဘေ်ဒီတွေ မထုတ်သေးရင် Rh immunoglobulin (RhIg) ဆေး ထိုးရမယ်။ ဆေးကနာတယ်။ ကိုယ်ပူတတ်တယ်။ မွေးလာတဲ့ကလေးက Rh negative ဖြစ်နေရင် ဘာမှ လုပ်စရာမလိုပါ။ Rh positive ဆိုရင်တော့ မိခင်ကို ကလေးမွေးပြီးတာနဲ့ ဆေးထပ်ထိုးရမယ်။ နောက်ကိုယ်ဝန်တွေမှာလဲ ကလေးက Rh positive ဖြစ်နေရင် ဆေးထိုးရမယ်။
RhIg ဆေးကို မိခင်က Rh-negative blood ရှိပြီး ယဉ်ပါးတာမဖြစ်ရင် ၂၈ ပါတ်လောက်စနေ မွေးတဲ့အထိထိုးပေးမယ်။ ကလေးက Rh-positive ဖြစ်နေရင် မိခင်ကို RhIg နောက်ထပ်တလုံးထိုးမယ်။ နောက်ကိုယ်ဝန်မှာ ကလေးက Rh-positive ဖြစ်နေရင် ထိုးရမယ်။ ကိုယ်ဝန်ပျက်တာ၊ ဖျက်တာ၊ သားအိမ်ပြင်ပသန္ဓေတည်ပြီးျပက်တာတွေပြီးရင်လည်း နောက်ထပ် အင်တီဘော်ဒီတွေထပ်မထုတ်အောင် ဆေးထိုးသင့်တယ်။
Dr. တင့်ဆွေ
Comments
Post a Comment