Types of Brest Cancers ရင်သားကင်ဆာအမျိုးအစားများ

ရင်သားကင်ဆာဆိုတိုင်း အတူတူမဟုတ်ပါ။ ကင်ဆာ ဟုတ် မဟုတ် စစ်ပြီးတာနဲ့ ကင်ဆာဆိုရင် biopsy လုပ်ပြီး အမျိုးအစားနဲ့ အဆင့် ခွဲပါမယ်။ အမျိုးအစားနဲ့ အဆင့်အရ ကုသနည်း ရွေးချယ်ကုသပေးပါမယ်။

ရင်သားထဲက ဘယ်နေရာလဲ
Milk ducts နို့ပြွန်ကင်ဆာ အဖြစ်များတယ်။ Ductal carcinoma လို့ ခေါ်တယ်။ noninvasive cancer (ductal carcinoma in situ) နဲ့ invasive ductal carcinomaလို့ ၂ မျိုးရှိတယ်။
Milk-producing lobules နို့ထွက်ပြွန် မဟုတ်တဲ့နေရာကင်ဆာနဲ့ Connective tissues နေရာ (ရှားပါး) တွေကနေလည်း ကင်ဆာဖြစ်နိုင်တယ်။

Hormones ဟော်မုန်း
တချို့ရင်သားကင်ဆာက ဟော်မုန်းနဲ့ဆိုင်ပြီး တချို့က မဆိုင်။ ကုသနည်းမှာ ကွာသွားတယ်။ ဟော်မုန်းကလည်း ၂ မျိုး။ estrogen အီစထိုရှင်နဲ့ progesterone ပရိုဂျက်စတီရုန်း။။

၁။ Estrogen receptor (ER) positive အမျိုးအစား ရင်သားကင်ဆာ
ကင်ဆာဆဲလ်တွေမှာ အီစထိုဂျင်ဟော်မုန်း receptors ရီဆက်ပတာတွေ ပါနေမယ်။ အီစထိုဂျင်ရရင် ကင်ဆာဆဲလ်တွေကြီးထွားမယ်။ anti-estrogen hormone (endocrine) therapy ဟော်မုန်းပေးပြီး ဘလော့လုပ်မယ်။

၂။ Progesterone receptor (PR) positive အမျိုးအစား ရင်သားကင်ဆာ 
အဲဒီအမျိုးအစားမှာ ပရိုဂျက်စတီရုန်း ရီဆက်ပတာတွေရှိနေတယ်။ endocrine therapy နဲ့ ဘလော့လုပ်မယ်။

၃။ Hormone receptor (HR) negative အမျိုးအစား ရင်သားကင်ဆာ
ဟော်မုန်း ရီဆက်ပတာ မရှိတဲ့အမျိုးအစား။ ဟော်မုန်းဆေး မပေးပါ။

၄။ genetic makeup of breast cancer cells ရင်သားကင်ဆာဆဲလ်တွေရဲ့ မျိုးဗီဇ
အသစ်တွေ့ရှိချက်ဖြစ်တယ်။ ကင်ဆာဆဲလ်တွေရဲ့ DNA changes တွေကို လေ့လာတာ။
HER2 gene အမျိုးအစား
စစ်ဆေးလို့ တွေ့တာကို HER2-positive cancers လို့ သတ်မှတ်တယ်။ Targeted therapy drugs ဆေးပေး ကုသတယ်။
တခြား မျိုးဗီဇအချက်အလက်တွေ
1. Group 1 (luminal A). This group includes tumors that are ER positive and PR positive, but negative for HER2. Luminal A breast cancers are likely to benefit from hormone therapy and may also benefit from chemotherapy.
2. Group 2 (luminal B). This type includes tumors that are ER positive, PR negative and HER2 positive. Luminal B breast cancers are likely to benefit from chemotherapy and may benefit from hormone therapy and treatment targeted to HER2.
3. Group 3 (HER2 positive). This type includes tumors that are ER negative and PR negative, but HER2 positive. HER2 breast cancers are likely to benefit from chemotherapy and treatment targeted to HER2.
4. Group 4 (basal-like). This type, which is also called triple-negative breast cancer, includes tumors that are ER negative, PR negative and HER2 negative. Basal-like breast cancers are likely to benefit from chemotherapy.

estrogen receptor (ER)-positive, HER2-negative, node-negative breast cancer <1 cm (T1b), and all cancers ≤0.5 cm (T1a) အမျိုးအစား ရင်သားကင်ဆာတွေဟာ endocrine therapy ဟော်မုန်းဆေး တမျိုးတည်းနဲ့ တိုးတက်မှုရှိတယ်။ adjuvant chemotherapy ခီမိုသာရာပီ မလိုပါ။ ER/PR-positive အမျိုးအစားက ER/PR-negative အမျိုးအစားထက် ဟော်မုန်းဆေးပေးတာ ထိရောက်တယ်။ 

မေးခွန်းတချို့
၁။ ဆရာခင်ဗျာ ကျွန်တော်အမျိုးသမီး အသက်မှာ ၃ရနှစ်၊ သမီးတယောက်ရှိပြီး အသက် ၂နှစ်နှင့် ၆ လ ဖြစ်ပါသည်။ ဝန်ထမ်းများဖြစ်ပါသည်။ ၂၀၁၇ ဧပြီလကုန်တွင် ကလေးနို ့ဖြတ်နောက်ပိုင်းတွင် ဝဲဘက်ရင်သားတွင် အခဲဖြစ်ပြီး နာကျင်နေသဖြင့် ဇွန်လအတွင်း ဆရာဝန်မကြီး ့့့့့ ဖြင့်ပြသခဲ့ပြီး memogram ရိုက်ခြင်း ရင်သားအကျိတ် ခွဲထုတ်ခြင်း ပြုလုပ်ခြင်း Biopsy result အရ ကင်ဆာ (DCIS) ဟုသိရပါသည်။ ဝဲဘက်ရင်သားတခုလုံးကိုလည်း ထပ်မံဖယ်ထုတ်ခဲ့။ ကင်ဆာအထူးကုဆရာဝန်မကြီးဖြင့် ပြသရ န်ချိန်းဆိုထားပါသည်။ ပထမအကြိမ် အကျိတ်ခွဲစဉ်က result ပါဆရာ။ ဒုတိယ ထပ်မံစစ်ဆေးခဲ့သော result ပါဆရာ။
၂။ မင်္ဂလာပါဆရာ သမီးက ရင်သားကင်ဆာရောဂါခံစားနေရသူပါ။ ၂၀၁၄ ခုနှစ်မှာ ရင်သားအကျိတ်တွေ့ပြီး တဖက် ဖြတ်ထုတ်ခဲ့ရပါတယ်။ ခီမိုဆေး ၆ ကြိမ်သွင်းခဲ့ပါတယ်။ ဓာတ်မကင်ခိုင်းလို့မကင်ခဲ့ပါဘူး။ ဆေးသွင်းပြီး တနှစ်ခွဲအကြာမှာ ခွဲထားတဲ့ချုပ်ရိုးပေါ်မှာ အကျိတ်လေးတွေတွေ့လို့ နောက်ထပ်ဆေး ၆ ကြိမ်သွင်းရပါတယ်။ နောက်ပြီး xeloda 500mg ဆေးရော သောက်ရပါတယ်။ ဒါပေမယ့် ဆေးသွင်းနေရင်နဲ့ ကျန်တစ်ဖက်နဲ့ ချိုင်းမှာ အကျိတ်တွေပေါ်လာပါတယ်။ အခု အဲ့ဒါကိုထပ်စစ်ပြီးတော့ ဖြတ်လိုက်ပါပြီ။ အခုအဖြေက ER PR Negative ပထမအကြိမ်စစ်တုန်းက Positive ဆရာ HER 2 –Equavocal (+ +) အဲ့ဒါကတော့နှစ်ကြိမ်လုံးအတူတူပဲ။ အဲ့ဒီအဖြေဆိုရင် Herceptin ဆေးသွင်းမှဖြစ်မှာလား မသွင်းရင်ရော ဘယ်လိုဖြစ်နိုင်လဲဆိုတာ သိချင်ပါတယ်။ ကုန်ကျစရိတ်များတဲ့အတွက် မတတ်နိုင်လို့ပါ။ သမီးအသက်ကအခု ၃၁ အပျိုပါဆရာ။ ကျေးဇူးပြု၍ ဖြေကြားပေးပါရှင့်။

• Ductal carcinoma in situ (intraductal carcinoma) DCIS အမျိုးအစားဆိုတာ နို့ထွက်ပြွန်လေးတွေမှာ ဖြစ်တာကို ခေါ်တယ်။ မဆိုးလှပါ။ ရင်သားကင်ဆာလူနာသစ်တွေထဲမှာ ၅ ယောက်မှာ ၁ ယောက်ဖြစ်တယ်။ ပျောက်အောင်ကုလို့ ရတယ်။ အဖြစ်အများဆုံးရင်သားကင်ဆာဖြစ်တယ်။ ယူအက်စ်အေမှာ လူနာ ၆ သောင်း နှစ်စဉ်ဖြစ်တယ်။ ရင်သားကင်ဆာစုစုပေါင်းရဲ့ ၂ဝ% ကဒီကင်ဆာဖြစ်တယ်။ အသက်စိုးရိမ်စရာမရှိပါ။ နောင်မှာ ထပ်ဖြစ်မှာကို သတိထားရမယ်။ နောက် ၅-၁ဝ နှစ်မှာဖြစ်တဲ့သူတွေမှာဖြစ်တယ်။ ဖြစ်နှုန်း ၃ဝ% ရှိတယ်။ ကင်ဆာအကျိတ် တခုတည်းသာခွဲထုတ်ပြီး ဓါတ်မကင်သူတွေ ၂၅-၃ဝ% နောင်မှာ ထပ်ဖြစ်နိုင်တယ်။ ဓါတ်ကင်သူမှာ ၁၅% သာရှိမယ်။

ကင်ဆာဆေး Tamoxifen သုံးတယ်။ ဆေးကအီစထိုဂျင်ကို တားပေးတယ်။ နောင်မဖြစ်အောင်လုပ်တာ ဖြစ်တယ်။ hormone receptor positive cancers ကိုသာပေးတယ်။

• Invasive ductal carcinoma (IDC) ကို Infiltrating ductal carcinoma ပြန့်နေသော နိုပြွန်ကင်ဆာ လို့လည်း ခေါ်တယ်။ နို့ထွက်ပြွန်လေးတွေမှာ ဖြစ်တာပေမယ့် ဘေးကိုပြန့်နေတာမျိုးဖြစ်တယ်။ တက်စေ့တွေဆီရောက်မယ်။ အဆီပြင်နဲ့ တခြားနေရာတွေဆီလည်း ပြန့်နိုင်ပြီ။ သွေးပြန်ရည်လမ်း ကနေတဆင့်ပြန့်တာဖြစ်တယ်။ သွေးကနေလည်း ပြန့်တယ်။ ဆိုးတဲ့ Invasive breast cancers အမျိုးအစား ရင်သားကင်ဆာထဲမှာ ရဝ-၈ဝ% က ဒါမျိုးဖြစ်တယ်။ ယောက်ျားတွေမှာဖြစ်လည်းဒါမျိုးဖြစ်တယ်။ အမျိုးသမီး အသက်အရွယ်မရွေးဖြစ်နိုင်ပေမဲ့ ကြီးသူတွေမှာပိုများတယ်။ ခွဲစိတ်ကုသနည်းနဲ့ ဓါတ်ကင်နည်းနဲ့ကုသရမယ်။ အကျိတ်နဲ့ ဘေးနေရာတွေအပြင် လိုအပ်ရင် တက်စေ့တွေကိုပါ ထုတ်တယ်။ ကင်ဆာဆေးပေးနည်း၊ ဟော်မုန်းပေးနည်းနဲ့ Targeted Therapies ပစ်မှတ်ထားကုသနည်းတွေလည်း လုပ်တယ်။

• Invasive (infiltrating) lobular carcinoma (ILC) အမျိုးအစားဆိုတာ နို့ရည်ထုတ်ပေးရာ အိတ်လေးတွေကနေ ဖြစ်တယ်။ IDC လိုပဲ ပြန့်တယ်။ ဆိုးတဲ့ invasive breast cancers အမျိုးအစား ရင်သားကင်ဆာထဲမှာ ၁ဝ% က ဒါမျိုးဖြစ်တယ်။ mammogram နဲ့စမ်းရာတာခက်တယ်။

• အဖြစ်နည်းတဲ့ ရင်သားကင်ဆာအမျိုးအစားများ

- Inflammatory breast cancer ဆိုတာ ရောင်ရမ်းဖြစ်စဉ်ရှိတယ်။ ရင်သားကင်ဆာအားလုံးထဲမှာ ၁-၃% ရှိတယ်။ အကျိတ်အခဲတခုတည်းရယ်လို့ စမ်းမတွေပဲ ခဲနေတယ်။ နို့နာလို အပေါ်ယံအရေပြားမှာ နီရဲနေမယ်။ လိမ်မော်သီးအခွံနဲ့တူနေမယ်။ နာမယ်။ ကြီးနေမယ်။ တင်းနေမယ်။ ယားနိုင်တယ်။

- Paget disease of the nipple အမျိုးအစားကင်ဆာ နို့ပြွန်ကနေစတယ်။ အရေပြား၊ နို့သီး၊ အရောင်ရင့်အဝိုင်း ရောက်လာမယ်။ ရှားတယ်။ ၁% သာရှိတယ်။ ဖြစ်တဲ့နေရာမှာ ကွဲအက်မယ်။ ကွာကျမယ်။ နီမယ်။ သွေးထွက်မယ်။ အရည်ထွက်မယ်။ ပူလောင်မယ်။ ယားမယ်။ ductal carcinoma in situ (DCIS) နဲ့ဖြစ်ဖြစ် infiltrating ductal carcinoma နဲ့ဖြစ်ဖြစ် တွဲနေမယ်။ နို့ခွဲထုတ်ပြစ်ရမယ်။

- Phyllodes tumor အမျိုးအစားဆိုတာ ရှားတယ်။ တွယ်ဆက်တစ်ရှူးတွေကနေဖြစ်တယ်။ Benign phyllodes tumor အမျိုးအစားခွဲဆိုရင် အကျိတ်နေရာသာသာလောက်သာခွဲထုတ်ဘို့လိုတယ်။ malignant phyllodes tumor ဆိုရင်တော့ ခွဲတာအပြင် ကင်ဆာဆေးလိုမယ်။

- Angiosarcoma အမျိုးအစားဆိုတာ သွေးကြော၊ သွေးပြန်ရည်ကြောကနေဖြစ်တယ်။ အရင်ဓါတ်ကင်ရာကနေဆက်ဖြစ်နိုင်တယ်။ အလွန်ရှားတယ်။

Special types of invasive breast carcinoma အထူးအမျိုးအစားများ
- Adenoid cystic (or adenocystic) carcinoma
- Low-grade adenosquamous carcinoma (metaplastic carcinoma)
- Medullary carcinoma
- Mucinous (or colloid) carcinoma
- Papillary carcinoma
- Tubular carcinoma
- Metaplastic carcinoma (spindle cell and squamous)
- Micropapillary carcinoma
- Mixed carcinoma (invasive ductal and lobular)

Breast Cancer during pregnancy ကိုယ်ဝန်ဆောင်နဲ့ ရင်သားကင်ဆာ
ကိုယ်ဝန်ဆောင်ရလို့ ရင်သားကင်ဆာဖြစ်လာတာတော့မဟုတ်ပါ။ ကိုယ်ဝန်ရှိမှ သိလာတာမျိုးဖြစ်တယ်။ ကုသရာမှာ အထူးဂရုစိုက်ရတယ်။ ခွဲဘို့လိုအပ်ရင် ခွဲနိုင်ပါတယ်။ ကင်ဆာဆေးလိုတာလည်းရှိနိုင်တယ်။ ဟော်မုန်းပေးကုရင် ဘာဖြစ်မလည်းတော့ တိတိကျကျမေပြောနိုင်သေးပါ။ ဖြစ်နိုင်ရင် မွေးပြီးအထိစောင့်ပါ။ မိခင်က ကင်ဆာဖြစ်နေလို့တော့ အထဲကကလေးဆီမကူးပါ။

ဒေါက်တာတင့်ဆွေ 

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ