Wound Dressing အနာ ဒဏ်ရာ ဆေးထည့်နည်း

အမေး = မင်္ဂလာပါဆရာ သိချင်တာလေးရှိလို့ မေးပါရစေ သားလေးက ၂နှစ်၃လပါ ညနေကမှ ဘောင်းဘီးဂတ်ပေးနေရင်း ငွားထိမိလို့ သိရတာပါ သားလေးရဲ့ ဘယ်ဘက်ပေါင်တံအရှေ့အလယ်နားမှာလောက်မှာ အဖုလေးစမ်းမိလို့ပါ အရွယ်က စပါးစေ့လောက်ရှိပါတယ်ရှင့် စစမ်း ခါစမှာ ထောင်လျက်မာမာလေး ဖြစ်နေပေမဲ့ ခနနေရင် ပြားသလိုအနေအထားရှိသွားလို့ပါ အဲ့ဒါ စိုးရိမ်ရလားသိပါရစေရှင့်

အဖြေ = ငွားထိမိလို့ ?

အမေး = ဟုတ်ကဲ့ပါဆရာ ဘောင်းဘီလေး လက်နဲ့ အသာလေးပွတ်မိရင်းမှ သတိထားမိတာပါ

အဖြေ = ငွားထိမိလို့ ဆိုတာက ဘာလဲ။

အမေး = ဘောင်းဘီက တွန့်နေလို့ ဖြန့်ပေးမိရင်း အမှိုက်ကပ်နေတယ်ထင်လို့ ကြည့်မိရာ ဘာမှ မမြင်မိပါဘူး နောက်တစ်ခါ(တခါ) မသင်ကာ လို့ ထိကြည့်မိတော့မအသားထဲက ထြစ်နေမှန်း သိရတာပါ အပြင်က အရေပြားမှာတော့ ဘာဒဏ်ရာမှ မရှိပါဘူး ခုချိန်ထိ မေးမိမိလို့ ဆရာကို အားနာမိပါတယ်

အဖြေ = အခုထိလည်း ငွားထိ ဆိုတာကို နားမလည်ပါ။

ကလေးတွေ ထိခိုက်ဒဏ်ရာရရင် ပျောက်လွယ်တယ်။ အလိုလိုလည်း ပျောက်တယ်။

အပေါ်ယံအရေပြားပွန်းပဲ့ရင် ပိုးသေဆေးလိမ်းသင့်။ အနာကပ်ပလာစတာ ကပ်ထားနိုင်။

အမေး = ဟုတ်ကဲ့ပါ သွားထိမိတယ်ရေးတာပါဆရာ သမီးဖုန်းက စာရိုက်တာအဆင်မပြေလို့ပ အပေါ်ယံမှာ ဘာ ဒဏ်ရာမှ မရှိပါဘူးရှင် အပ်ရာလောက်တောငအရာမတွေ့ရလိုပိုစိတ်ပူမိလို့ပဆရာရှင့် ရှင်းပြပေးတဲ့အတွကဝမ်းသာရပါတယ

ကျေးဇူးတင်ပါတယ် ဆရာရှင့်

Wound Dressing အနာ ဒဏ်ရာ ဆေးထည့်နည်း

အမေး = အနာတွေကို အရက်ပျံဆွတ်ဂွမ်းနဲ့သုတ်လိမ်းပေးတာ မလုပ်သင့်ဘူးဆိုတဲ့သဘောလား ဒေါက်တာဒါဆိုရငအနာဝတွေကိုပဲ အရက်ပျံ သုတ်လိမ်းပြီးအနာကို အင်တီဆက်တစကရင်မ်ပဲ ထည့်ပေးသင့်တဲ့ သဘောပေါ့နော်။ အရက်ပျံကို သက်မဲ့မျက်နှာပြင်ထဲ မသုံးရဆိုတာ သိပ်နားမလည်လို့ထပ်ရှင်းပြပေးပါဦးဗျာ

အဖြေ = Betadine (Povidone Iodine Ointment 5 %) အိုင်အိုဒင်းပါတဲ့ဆေးအိမ်တိုင်းမှာ ဆောင်ထားရတယ်။ အရေပြားမှာ ပိုးဝင်တာအနာပေါက်တာအနာ-ဒဏ်ရာရတာမီးလောင်နာခွဲစိတ်ပြီးအနာမွေးစကလေးချကစတာတွေအတွက် အနာထဲကိုပါ ထည့်ပေးနိုင်တယ်။

အရက်ပြန်ရော အိုင်အိုဒင်း 1-2% အရည်ကိုပါ အနာထဲ မထည့်ရပါ။ အကျိုးရှိစေနိုင်ပေမဲ့ ထိခိုက်စေတယ်လို့ ပြောနိုင်တယ်။ အနာဘေးကအရေပြားကိုသာ ပိုးသန့်ပေးဘို့ အရက်ပျံသုံးရပါတယ်။ အရေပြားအောက်က အဆီနဲ့ ကြွက်သားတွေက ဆေးအပြင်းကို ခံနိုင်ရည်နည်းတယ်။ ဒဏ်ရာလေးတခုရလို့ အရက်ပြန်ထည့်ပေးရင် အင်မတန်စပ်တယ် မဟုတ်လား။ စပ်တာကို ခံနိုင်အုံးတော့ အဆီတစ်ရှူးကို ထိခိုက်စေတယ်။

အနာထဲကို Acriflavine ဆေးဝါရည်၊ Hydrogen peroxide, Eusol ဆေးရည်တွေ ထည့်နိုင်ပါတယ်။ မသန်းတဲ့အနာကို စတွေ့တာနဲ့ ရေနွေးထဲစိမ်ထားတဲ့ ဂွမ်းနဲ့ သန့်နိုင်တယ်။ ညစ်ပေတာတွေ၊ အမှုံအမှိုက်တွေကို ဖယ်ထုတ်နိုင်တယ်။ နောက်ပြီး သွေးထွက် နေရင် ရေနွေး ခပ်ပူပူမှာစိမ်ထားတဲ့ အဝတ်သန့်၊ Gauze ပိတ်ကျဲစ၊ ဂွမ်းစနဲ့ ရေပြန်ညှစ်ပြီး၊ ဖိပေးထားရင် သွေးတိတ်စေမယ်။ အနာထဲကိုသန့်ပြီးရင် ဘေးက အရေပြားကို အရက်ပြန်နဲ့ ပတ်ပတ်လည်မှာ သုတ်ပေးပါ။ အနာနုတ်ခမ်းသားကနေ ဝိုင်းပတ်ပြီး လုပ်ရတယ်။ ဒါတောင် အနာထဲပြန့်သွားလို့ စပ်လာစေတယ်။ နောက်ပြီးမှ အိုင်အိုဒင်းနဲ့ အဲဒီအတိုင်း လုပ်ပေးပါ။ ဒဏ်ရာက ချုပ်ဘို့လိုရင် ချုပ်နိုင်ပြီး။ ညစ်ပေနေတဲ့အနာ၊ တိရစ္ဆာန်ကိုက်၊ လူကိုက်ခံရတာဆိုရင် မချုပ်ရသေးဘူး။ ချုပ်ပြီးရင်တော့ အပေါ်ကနေ အိုင်အိုဒင်းလိမ်းလို့ရပြီ။ အိုင်အိုဒင်းပါတာဖြစ်ပေမဲ့ (Povidone Iodine Ointment) ကို အနာထဲထည့်ရင် ရတယ်။ သူက ရေနဲ့စပ်ထားတာ။ တင်ချာအိုင်အိုဒင်းခေါ်တဲ့ အရက်ပြန်နဲ့ စပ်တာကိုသာ အနာထဲမထည့်သင့်တာပါ။ Povidone Iodine ကို ချုပ်ဘို့မလိုတဲ့ အနာသေးသေးတွေ၊ ချုပ်ပြီးအနာပေါ်မှာပါ ထည့်ပေးနိုင်တယ်။

Antiseptic Ointments တွေ အများကြီး ဝယ်လို့ရတယ်။ ဆေးထဲမှာ ဘာပါသလဲသိရင် ကောင်းတယ်။ ဥပမာတချို့ရေးပါရစေ။

Acriflavine ဆေးဝါရည်။ အနာထဲ ထည့်လို့ရတယ်။ အဝတ်အစားတွေကို ဝါစေတယ်။ မျက်စိထဲ မဝင်စေရဘူး။

Betamethasone (ကော်တီဇုံး) ပါတဲ့ဆေး။ နာတာရှည် ပျောက်နိုင်ခဲတဲ့ နှင်းကူနာ Eczema လို အနာတွေ အတွက်ဆေး

Burnol Plus Antiseptic Cream (Aminacrine, Cetrimide, Thymol, Emulsion Base) မီးလောင်နာအနာဒဏ်ရာပွန်းပဲ့တာတွေအတွကသုံးနိုင်တယ်။

Chlorocresol (ဖီနော) ပါတဲAntiseptic ဖြစ်တယ်။

Clobetasol Propionate Cream (ကော်တီဇုံး) ပါတဲ့ဆေး။ နာတာရှည် ပျောက်နိုင်ခဲတဲနှင်းကူနာ Eczema လို အနာတွေ အတွက်ဆေး။

Diclofenac နာတာကိုသက်သာဆေးစားဆေး။၊ ထိုးဆေးလဲ ဒီနာမည်နဲရှိတယ်။ ပိုးသန့်ဆေးတွေနဲ့ ရောထား တတ်တယ်။

Gentamicin Sulfate Cream 0.1%w/w Folliculitis, Furunculosis အနာ၊ Paronychia ခြေစွယ်ငုတ်၊ အရေပြားနာတွေအတွကလိမ်းဆေးGentamicin Sulphate Ophthalmic Ointment 0.03% မျက်စဉ်းGentamicin sulphate ပဋိဇီဝဆေး Antibiotics လိမ်းဆေး။

Lignocaine Gel 2% ထုံဆေးတခြားဆေးတွေထဲမှာ နာတာသက်သာအောင် ရောထည့်ပေးတတ်တယ်။

Miconazole Cream မှို Fungus အားကစားသမားခြေထောက်၊ ပွေး Ringworm အတွက်ဆေးTolnaftate က မှို Fungus ကို နိုင်တဲ့ဆေးIodochlorhydroxyquinoline မှို Fungus ကို နိုင်တဲ့ဆေးClotrimazole Cream မှို Fungus ကိုနိုင်တဲ့ဆေး

Neomycin Sulphate Ointment 2 mg/gm ပဋိဇီဝဆေး Antibiotics ဆေး။

Penicillin Ointment ကို မွေးစကလေး၊ ကလေးငယ်လေးတွေမှာ ပေါက်တဲ့ Impetigo Neonatorum အနာကို လိမ်းပေးတာကောင်းတယ်။

Silver Sulfadiazine Cream 1% W/W ဆေးကို (ဆာလ်ဖါ) ပါတဲ့ မီးလောင်နာဆေး၊ (ဗက်တီးရီးယား နဲ့ ရိစ်) တွေကို သတ်နိုင်တယ်။ အနာကျက်တာ ကြာလို့ သိပ်မသုံးချင်ကြတော့ဘူး။ Silver Sulphadiazine (ဆာလဖါ) ပါတဲ့ မီးလောင်နာလိမ်းဆေး။ Sulphacetamide Sodium Ophthalmic Ointment 10% w/w ပဋိဇီဝဆေး Antibiotics မျက်စဉ်း။

Chloramphenicol Eye Ointment 1%w/w ပဋိဇီဝဆေး Antibiotics မျက်စဉ်း။ မီးလောင်နာကို ပတ္တီးစည်းတဲ့အခါ ကပ်မနေစေတာမို့ ကောင်းတယ်။

Tetracycline Hydrochloride Ointment 3% ပဋိဇီဝဆေး Antibiotics လိမ်းဆေး။ Tetracycline Hydrochloride Ophthalmic Ointment 1%w/w ပဋိဇီဝဆေး မျက်စဉ်း။

Povidone-iodine ဆေးက အိုင်အိုဒင်းပါတဲ့ နောက်ပေါ်ဆေးဖြစ်တယ်။ အိုင်အိုဒင်းကို ၁၈၁၁ ကတည်းက အလွန်အသုံးဝင်တာကို သိလာခဲ့တယ်။ Bacteria, Yeasts, Molds, Fungi, Viruses, Protozoans တွေကို နိုင်တယ်။ ဘေးထွက်ဆိုးကျိုးတွေရှိတယ်။ Povidone (9.0% to 12.0% iodine) ပေါ်လာမှ တကယ် အသုံးဝင်လာခဲ့တယ်။ အနာထဲဝင်လည်း ရတယ်။ မွေးလာတဲ့ကလေး ချက်ကိုလည်းထည့်နိုင်တယ်။ မိခင်မွေးလမ်းအနာအတွက်လည်း သုံးနိုင်တယ်။ အိမ်တိုင်းမှာ ရှေးဦးသူနာပြုဆေးအိတ်ထဲ ရှိထားသင့်တယ်။

Zinc oxide cream ကို ကလေးငယ်လေးတွေ အနှီးပူလောင်တာအတွက် စိတ်ချလက်ချ သုံးနိုင်တယ်။

အချုပ်

စာကိုဘယ်လိုရေးရေး နားလည်ရင်ပြီးတာဘဲဆိုသူများခင်ဗျား

မေးခွန်းတွေမှာ စာရေးတာမမှန်ပေမဲ့ ဖတ်လို့နားလည်ရင် ဖြေပါတယ်။ နားမလည်ရင် အခုလို ပြန်ပေးပြီး ဖြေပါတယ်။

Dr. တင့်ဆွ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ