Burmese–Siamese wars မြန်မာ-ထိုင်း စစ်ပွဲများမှတ်တမ်း

Toungoo–Ayutthaya တောင်ငူ-အယုဒ္ဓယ

1. (1547–49) ပဌမအကြိမ် မြန်မာကလာသိမ်းတာကို ထိုင်းကအောင်မြင်စွာခုခံနိုင်။ 

2. (1563–64) မြန်မာက ဒုတိယအကြိမ် သွားသိမ်းတာ အောင်နိုင်။ ဆင်ဖြူတော်စစ်လို့ခေါ်တွင်။ (1564–1568) ထိုင်းဟာ မြန်မာ့ပဏ္ဍာဆက်နိုင်ငံဖြစ်သွား။ 

3. (1568–70) မြန်မာက တတိယအကြိမ်းသိမ်းတာ အောင်နိုင်။ (1569–1584) ထိုင်းဟာ မြန်မာ့ပဏ္ဍာဆက်နိုင်ငံဖြစ်ပြန်။ 

4. (1584–1593) ထိုင်းက မြန်မာစတုတ္ထအကြိမ်ထိုးစစ်ကို အောင်မြင်စွာတွန်းလှန်။ ထိုင်းလွတ်လပ်လာ။ တနင်္သာရီအောက်ပိုင်း ထားဝယ်အထိထိန်းချုပ်နိုင်။ 

5. (1594–1605) ထိုင်းက တနင်္သာရီကိုထိုးဖေါက် အောင်မြင်။ (1594) တနင်္သာရီ မုတ္တမအထိထိန်းချုပ်နိုင်။ မြန်မာ့ ပဏ္ဍာဆက် Lan Na (Chiang Mai) ဇင်းမယ်ကို (1602–1614) ထိုင်းကရယူနိုင်။

6. (1613–1614) မြန်မာက Lan Na ဇင်းမယ်နဲ့ တနင်္သာရီအထက်ပိုင်း ထားဝယ်အထိပြန်ရယူ။ 

7. (1662–64) ထိုင်းက တနင်္သာရီကိုထိုးဖေါက်လာတာကို မြန်မာခုခံမှုအောင်မြင်။ 

8. (1675–1676) ထိုင်းက တနင်္သာရီကိုထိုးဖေါက်လာတာကို မြန်မာခုခံမှုအောင်မြင်။ မြန်မာက တန်ပြန်ထိုးဖေါက်တာကို ထိုင်ကခုခံနိုင်။ 

9. (1700–1701) မြန်မာက တန်ပြန်ထိုးဖေါက်တာကို ထိုင်းကခုခံနိုင်။ 

Konbaung–Ayutthaya ကုန်းဘောင်-အယုဒ္ဓယ

1. (1759–60) မြန်မာက ပဥ္စမအကြိမ် အယုဒ္ဓယကို သိမ်းယူအောင်မြင်။ 

2. (1765–67) မြန်မာက ဆဌမအကြိမ် အယုဒ္ဓယကို သိမ်းယူအောင်မြင်။ အယုဒ္ဓယမင်းဆက်ပျက်သုဉ်း။ 

Konbaung–Thonburi ကုန်းဘောင်-သွန်ဘူရီ

1. (1775–76) မြန်မာက Lan Na (Chiang Mai) ဇင်းမယ်တောင်ပိုင်းလာတိုက်တာကို ထိုင်းခုခံမှုအောင်မြင်။ 

Konbaung–Bangkok ကုန်းဘောင်-ဘန်ကောက်

1. (1785–86) ထိုင်းက မြန်မာထိုးဖေါက်တာကို ခုခံမှုအောင်မြင်။ နဝမတပ်စတော်စစ်လို့ခေါ်တွင်။ ထိုင်းက Lan Na (Chiang Saen) ဇင်းမယ်မြောက်ပိုင်း၊  Thao Thep Kasattri နဲ့ Thao Sri Sunthon + Thalang ကိုခုခံနိုင်။ 

2. (1787) မြန်မာက တနင်္သာရီကိုခုခံမှုအောင်မြင်။ 

3. (1792) မြန်မာက တနင်္သာရီကိုခုခံမှုအောင်မြင်။ ထိုင်းက တနင်္သာရီကို (1793) စာချုပ်နဲ့ စွန့်လွှတ်ရ။ 

4. (1797) ထိုင်းက Lan Na နဲ့ Luang Phrabang ကိုအောင်မြင်စွာခုခံနိုင်။

5. (1803–08) မြန်မာက ကျိုင်းတုံနဲ့ ရှစ်ဆောင်ပနာကို ထိုင်းကလလာတိုက်တာခုခံမှုအောင်မြင်။ Chiang Saen ဇင်းမယ်မြောက်ပိုင်းတော့မရ။ 

6. (1809–12) ထိုင်းက Junkceylon ဖူးခက်ဒေသကို မြန်မာကလာတိုက်တာကို ခုခံမှုအောင်မြင်။ 

7. (1824–26) ပဌမ အင်္ဂလိပ်-မြန်မာစစ်။ 

8. (1849–55) မြန်မာက ကျိုင်းတုံကို ထိုင်းကလာတိုက်တာ ခုခံမှုအောင်မြင်။ 

ဒေါက်တာတင့်ဆွေ

၂၉-၆-၂ဝ၁၆

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ