Djenkol bean တညင်းသီး နှင့် ကျန်းမာရေး

၁။ ဒညင်းသီး ထဲမှာ ပါတဲ့အက်ဆစ်ကို Djenkolic acid လို့ ခေါ်ပါတယ်။ ဒါကအမှန်ပဲဆရာ။
တညင်းသီးပညာပေးစာတခုကို တယောက်နေပို့ပါတယ်။ ဖတ်ကြည့်တော့ ပေါ်လစီသတ်ပုံတွေကိုသာမက နည်းနည်းတော့ ချဲ့ကားထားတာ ဖတ်ရတယ်။
၂။ ဆရာ ဒညင်းသီး(တညင်းသီး)စားပီး(ပြီး) ဆီးမသွားနိုင်သူတွေကို ဘယ်လိုကုသရပါသဲ ခုကကျနော်တိုနယ်ဘက်မှာ တွေ့တွေ့နေရလိုပါ
ဖြစ်တဲ့သူ ကလေး-လူကြီး-အသက်-ကျား-မ မသိပါ။ ဘယ်လိုခံစားနေ တိတိကျကျ မသိပါ။ ရန်းဖြေလိုလည်း မရပါ။
၃။ ဆရာရှင် အကြောတက်စာများမစားပဲ ဇာတ် (ဇက်) ကြောအမြဲလိုလိုတက်ပီး (ပြီး) ခေါင်းတစ်ခြမ်း (တခြမ်း) ထိုးတက်ပါတယ် တစ်ခါလေ (တခါတလေ) သွေးလဲတိုးတက်ပါတယ် ဇာတ် (ဇက်) ကြောအမြဲတက်သာ (တက်တာ) ဘာကြောင့်လဲရှင့် အသက် ၂၈ အိမ်ထောင်သည်ပါ ကလေး ၂ယောက်ရှိပါတယ် သွေးကျဆေးရော စွဲသောက်လိုရပါသလားရှင့်
အကြောတက်စာဆိုတာ မသိ။ တယောက် တမျိုး ပြောကြတယ်။ သွေးတိုး အထက်ဂဏန်းနဲ့ အောက်ဂဏန်းတွေ မသိ။
ဒညင်းသီးလိုအကြောတက်စာကိုပြောသာ (ပြောတာ) ပါရှင့် အပေါ်သွေး ၁၄ဝအောက် ၉ဝရှိပါတယ်ဆရာ
တညင်းသီးလို ရေးရတယ်။ တညင်းသီးက ဆီးလမ်း (ကျောက်ကပ်) ကို သက်ရောက်စေတယ်။ 
၄။ တညင်းသီးက ကျောက်ကပ်ကို ထိခိုက်ပျက်စီးစေတယ်ဆိုတာ ဟုတ်ပါသလား ဆရာ
၅။ ဆရာကခင်ဗျာ၊ တညင်းသီးက လူခန္ဓာကိုယ်အတွက် အကျိုးပြုပါသလားခင်ဗျာ ကျန်းမာရေးအတွက် ဗဟုသုတအဖြစ်သိချင်လိုပါ လေးစားစွာဖြင့်ပါ
၆။ ကျန်းမာရေးသတိပေးစာတခု တွေ့တယ်။ ကျောက်ကပ်နှစ်လုံး တပြိုင်နက်ပျက်ဆီးစေတဲ့ တညင်းသီးဟာ စားစရာ မဟုတ်ပါ တဲ့။ (ပျက်စီးလို ရေးရတယ်)
ပစ္စည်းကြော်ငြာတခုမှာ ဒညမ်းသီးလို တွေ့လိုက်တယ်။ တညင်းသီး၊ တညင်းပင်လိုသာရေးရတယ်။ ဒိန်ညင်း၊ ဒညင်းလို အသံထွက်ကြတယ်။ အားနာနာနဲ့ ပြောရရင် ကျောင်းစာအားနည်းသူတွေက ဒငြမ်းသီး၊ ဒညမ်းသီးလို ပြောဆိုတာ ကြားဖူးတယ်။ ဒညင်းပဲဖြစ်ဖြစ် ဓငြင်းပဲဖြစ်ဖြစ် အသီးကအသီးပဲ မှားသည်ဖြစ်စေ မှန်သည်ဖြစ်စေ မဝေဖန်ပါနဲ့လား ရေးတဲ့သူကို ဘလော့လိုက်ပြီ။
အင်္ဂလိပ်လို Djenkol bean fruit (Archidendron jiringa Nielsen) လိုခေါ်တယ်။ မြန်မာ့စွယ်စုံကျမ်းမှာ တညင်းပင်လို ရေးပါတယ်။ 
တညင်းသီးနဲ့ ကျန်းမာရေး ဆေးသုတေသနတွေကို အခြေခံရေးပါမယ်။ တညင်းသီးအဆိပ်သင့်ခြင်း ဖြစ်နိုင်တယ်။ ရှားတယ်။ ၁၉၉၅ ခုနှစ်က အင်ဒိုနီးရှား ဘောနီယိုကျွန်းမှာ ရုတ်တရက် ကျောက်ကပ် အလုပ်မလုပ်နိုင်တဲ့ လူနာတယောက် တွေ့ရတယ်။ Djenkol bean poisoning (djenkolism) လို မှတ်တမ်းတင်ထားတယ်။
နောက်သုတေသနတခုအရ Djenkolism ဆိုတာရှားတယ်။ ဒါပေမဲ့ ရုတ်တရက်ကျောက်ကပ်ထိခိုက်စေနိုင်တယ်။ လူနာ ၉၆ ယောက်ကို ဆန်းစစ်တော့ လူနာ ၃ ယောက် ခွဲစိတ်ကုသမှုလုပ်ပေးရတယ်။ ၄ ယောက်ဆုံးတယ်။ အများစုဟာ ရေနဲ့ ဓါတ်ဆားသွင်းပေးပြီး ပျောက်ကင်းကြတယ်။
နာတာရှည်ကျောက်ကပ်ရောဂါကို CKD လိုခေါ်တယ်။ ဒိထက်ဆိုးတာကို ESRD လိုခေါ်တယ်။ အမေရိကမှာ လူဦးရေရဲ့ ၁၄% မှာ CKD ရှိတယ်။ သွေးတိုးနဲ့ ဆီးချိုကြောင့် ဖြစ်ကြတာများတယ်။ တချိုမှာ နှလုံးပါရောဂါရနေတယ်။ ယူကေနိုင်ငံမှာ လူဦးရေရဲ့ ၁၂% ကနေ ၁၄% မှာ CKD ရှိတယ်။ အဲဒီနိုင်ငံတွေမှာ ဗမာပြည်ကသွားနေသူတွေကလွဲရင် တညင်းသီးမစားကြပါ။
တညင်းသီးမရှိတဲ့ မစားတဲ့တိုင်းပြည်တွေမှာလည်း ကျောက်ကပ်ရောဂါတွေဖြစ်ပါတယ်။ တညင်းသီးကို အရှေ့တောင် အာရှမှာသာ စားကြတယ်။ ကျောက်ကပ်ရောဂါတွေကအမျိုးမျိုး။ နာတာရှည် ကျောက်ကပ်ရောဂါနဲ့ ကျောက်ကပ်ပျက်စီးခြင်းကိုသာ ထောက်ပြပါမယ်။
ကမ္ဘာမှာ လူဦးရေ ၁၀% တိုဟာ (CKD) ခေါ် နာတာရှည် ကျောက်ကပ်ရောဂါ ခံစားနေကြရတယ်။ သေဆုံးစာရင်းထဲမှာ ဒီရောဂါက ၁၉၉၀ ခုနှစ်တုန်းက နံပတ် ၂၇ မှာရှိတယ်။ ၂၀၁၀ မှာ နံပတ် ၁၈ ရောက်လာတယ်။ လူ ၂ သန်းတိုဟာ ကျောက်ကပ်ဆေးနေကြရတယ်။ ကျောက်ကပ်လဲနိုင်သူတွေက လဲရတယ်။ တကယ်လိုအပ်သူတွေရဲ့ ၁၀% သာ အဲလို လုပ်နိုင်ကြတယ်။
ကျန်းမာရေးသတိပေးစာတွေရေးရင် လွန်လွန်ကဲကဲ ဖြဲခြောက်လို ဆွဲဆောင်သလို မရေးသင့်ကြပါ။ သေနိုင်တယ်၊ ရောဂါအကုန် ပျောက်တယ်လို မရေးသင့်ကြပါ။ ဒီစာရေးတာဟာ တညင်းသီးကို ကြိုက်သလောက်စားပါလို မဟုတ်ပါ။
တညင်းသီးနဲ့ ဆီးလမ်း သတိထားစရာတော့ရှိတယ်။ ဒါပေမဲ့ ဘယ်အရာမဆို အလွန်အကျွံမရေးသင့်ပါ။
တညင်းသီးကို အရှေ့တောင်အာရှာဒေသမှာ စားကြတယ်။ နှစ်တွေလည်းကြာပြီ။ တညင်းသီးစားလုံး ကျောက်ကပ်ကိုထိခိုက်နိုင်တာလည်း မှန်ပါတယ်။ ဒါပေမဲ့ အဆိုင်းအဆ နဲ့ စားသုံးသူရဲ့ ကျောက်ကပ်အခြေအနေအရ သက်ရောက်မှု မတူနိုင်ပါ။ တလုံးစ နှစ်လုံးစနဲ့တော့ ကျောက်ကပ်မပျက်စီးလောက်ပါ။
တညင်းသီး၏ ဘေးထွက်ဆိုးကျိုးများ
amino acid အမှုန်လေးတွေက ကျောက်ကပ်ထဲကပြွန်ငယ်လေးတွေ စုပုံကျရောက်မယ်။ ဗိုက်နာမယ်။ ပျို့အန်မယ်။ ဆီးသွားရင်နာမယ်။ ဆီးထဲသွေးပါမယ်။ ဆီးနည်းမယ်။ အများအားဖြင့် စားပြီး ၂-၆ နာရီကြားမှာ ဖြစ်တယ်။
Djenkolic Acid ကြောင့် acute kidney injury and/or urinary tract obstruction ခေါ် ကျောက်ကပ်ရောဂါတွေ ဖြစ်စေနိုင်တယ်။
တညင်းသီးရဲ့ ဘေးထွက်ဆိုးကျိုးသက်သာအောင် မစားခင် dilute alkali အယ်လ်ကာလီရေနဲ့ပြုတ်ရမယ်။
တညင်းသီး၏ ဘေးထွက်ဆိုးကျိုးကုသနည်း
aggressive hydration နဲ့ alkalinization of the urine နည်းတွေ လုပ်ပေးရတယ်။
ဆိုတဲ့သူတွေကိုတော့ renal replacement therapy နည်းနဲ့လုပ်မှသာ ရမယ်။
၂၀၁၄ ခုနှစ်က NC Bunawan ရဲ့ ရီပို့အရ Djenkolism အထိဖြစ်တာ အများကြီး မဟုတ်ပါ။
အဲလိုခြောက်လှန့်ရေးတာတွေကို လူကြိုက်များပြီး တင်ကြ၊ ရှယ်ကြ၊ ဖြဲခြောက်ကြတယ်။ အလားတူ နာနတ်သီးနဲ့ ကိုယ်ဝန်လည်း ရေးကြတယ်။ သင်္ဘောသီးစိမ်းနဲ့ ကိုယ်ဝန်လည်း ရေးကြတယ်။ ကိုယ်ဝန်ဖျက်ချင်သူတွေ စမ်းကြည့်လို့ ပျက်ကျတယ်ဆိုတာ အခုထိ မတွေ့ဘူးသေးပါ။
Djenkol bean တညင်းသီး နှင့် ကျန်းမာရေး https://dr-tint-swe.blogspot.com/2021/06/djenkol-bean.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ