Family Cancer Syndromes မိသားစု ကင်ဆာ ဆင်ဒရုမ်း

ကင်ဆာရောဂါဆိုတာမျိုးရိုးလိုက်တတ်တယ်ဆိုတာဟုတ်လားဟင် သိတဲ့လူများဖြေပေးပါနော်

ကျွန်တော့ကို မေးတာ မဟုတ်ပါ။ ဖြေတဲ့သူတယောက်က (နိုး) တဲ့။

၁။ မင်္ဂလာပါဆရာ ကင်ဆာက မျိုးရိုးနဲ့ဆိုင်ပါသလား။ ကျေးဇူးပြုပြီး သေချာဖြေပေးစေချင်ပါတယ်။

၂။ မင်္ဂလာညနေခင်းပါဆရာ ကိုယ်စား မေးပေတာပါဆရာ။ အသက် ၂၇ နှစ် အမျိုးသမီး အပျိုပါဆရာ။ အမေဘက်က အဖွားက သားအိမ်ကင်ဆာနဲ့ဆုံး၊ အဖိုးက လည်ချောင်းကင်ဆာနဲ့ ဆုံးသွားပါတယ် ဆရာ။ သိချင်တာက ကင်ဆာရောဂါက မျိုးရိုးလိုက်တက် (တတ်)ပါ သလားဆရာ။ မြေးဦးပါဆရာ။ ဆရာကျန်းမာပါစေ။

၃။ ဆရာခင်ဗျား၊ ကျွန်တော့မိန်းမရဲ့အမေ ၃၆ မှာ လည်ပင်းမှာ ရောဂါဖြစ်ပြီး ဆုံးပါးသွားပါတယ်။ အမကြီးက ၄၉ မှာ ရင်သားကင်ဆာနှင့် ဒု အမက ၅၈ မှာ သားအိမ်ကင်ဆာရပြီး ဆုံးပါးသွားပါတယ်။ သူမက ၄၈ မှာ သိုင်ရွိုက်ကင်ဆာရပြီး ခွဲစိတ်လိုက်ရတယ်။ genetic screening test for 25 gene cell လုပ်ဖို့လိုပါသလား။

၄။ ကျွန်မအဖေဘက်က အဖိုးက ခါးရိုးကင်ဆာနဲ့ဆုံးတာပါ။ အဖေ့အောက်ကညီက အူမကြီးကင်ဆာနဲ့ဆုံးတယ်။ သူ့မျိုးရိုးဖြစ်တဲ့မြေးတွေ ကျွန်မတို့ရော ကင်ဆာဖြစ်နိုင်လားဆရာ။ ဆရာ့စာကိုဖတ်ပြီး ကျွန်မသံသယဝင်လာလို့ပါ။

၅။ ဆရာရှင့် ညီမလေးက ခု အဆုတ်ကင်ဆာ အဆင့် ၁ လို့သိရပါတယ်။ သူက ့့့ မှာတာဝန်ကျနေတဲ့ ့့့့့ တယောက်ပါ။ အသက်က ၂၆ နှစ်ပြည့်ပြီးပါပြီ။ ခုရန်ကုန်မှာခွဲစိတ်ထားပါတယ်။ အဆုတ်တခြမ်းလုံး ခွဲထုတ်ထားတယ်လို့ပြောပါတယ်။ မန္တလေးမှာ ကင်ဆာကုထုံးနဲ့ ဆေးကုသမှုခံယူဖို့ညွှန်ကြားပါတယ်။ ခုခွဲထားတာဆိုတော့ ကားကိုဖြည်းဖြည်းလေးနဲ့ နားပြီးစီးရပါတယ်။ စင်္ကာပူမှာ သူငယ်ချင်းရှိလို့သွားကုမလို့လုပ်တာ လေယာဉ်စီးမရလို့  ဖျက်လိုက်ရပါတယ်။ သူအမေတုန်းကလည်းကင်ဆာရောဂါနဲ့ဆုံးသွားတာပါ။ ဘာကင်ဆာမှန်းသေချာမသိပါဘူး။ အဲဒီတုန်းက ကင်ဆာရောဂါ ဖြစ်ပွားမှု ဒီလောက်မရှိသေးပါဘူး။သူ လသားလေးနဲ့ ဆုံးသွားတာပါ။ သမီးသိချင်တာက ကင်ဆာရောဂါသည် မျိုးရိုးလိုက်တာလား။ နောက် သူအခြေအနေ ကုလို့ပျောက်မလား (မြန်မာပြည် သိိုု့မဟုတ် နိုင်ငံခြား)။ ကင်ဆာရောဂါနဲ့ ပတ်သက်ပြီး သိထားသင့်သော အချက်အလက်တို့ကို ကျေးဇူးပြု၍ပြောကြားပေးပါရှင့်။

ကင်ဆာတွေက အမျိုးအစားရော ဖြစ်တာပါများတယ်။ ဒါကြောင့် မိသားတစုထဲမှာ တယောက်မက တွေ့တတ်တယ်။ ဆေးလိပ်သောက်သူတွေ၊ အဝလွန်သူတွေက ကင်ဆာပိုဖြစ်ကြတယ်။ အားလုံးက မျိုးရိုးလိုက်တာတော့မဟုတ်ပါ။ မျိုးဗီဇထဲမှာ ပါနေတဲ့သဘောလဲရှိနိုင်တယ်။ Inherited cancer မျိုးရိုးပါကင်ဆာခေါ်တယ်။ ဒါလည်း ၅-၁ဝ% မှာသာ Gene defects (Mutations) မျိုးဗီဇချို့ယွင်းတာနဲ့ သက်ဆိုင်ပါတယ်။

DNA, genes, and chromosomes ဒီအင်အေ၊ မျိုးဗီဇ နဲ့ ခရိုမိုဇုမ်း

ကင်ဆာဆိုတာ Abnormal gene function မျိုးဗီဇ ပုံမှန်အလုပ်မလုပ်တာဖြစ်တယ်။ Genes မျိုးဗီဇတွေဆိုတာ DNA (Deoxyribonucleic acid) တွေဖြစ်တယ်။ သူတို့က ကိုယ်ခန္ဓာအလုပ်လုပ်နိုင်အောင် ရှိနေတဲ့ပရိုတင်းတွေကို ဘယ်လိုလုပ်ရမလည်း၊ ဘယ်တော့ဖျက်ဆီးပြစ်ရမလည်း၊ မျှခြေညီနေအောင် ဘယ်လိုနေမလည်းဆိုတာကိုသိကြတယ်။ အဲဒီ ဂျင်းန်တွေကြောင့်ပဲ လူတွေဟာ ဆံပင်နက်တာ၊ မနက်တာ၊ မျက်လုံး နီတာ၊ ပြာတာ၊ အရပ်ပုတာ ရှည်တာတွေ ဖြစ်နေကြရတယ်။ အလားတူပဲ ဘယ်လိုရောဂါတွေပိုရသလည်း မရသလည်းဆိုတာပါ သက်ဆိုင်တယ်။

ကိုယ်ထဲက ဆဲလ်တိုင်းဟာ မွေးကတည်းက (အမှန်က သန္ဓေဖြစ်ကတည်းက) ဂျင်းန်တွေပါနေတယ်။ ဆဲလ်တိုင်းမှာ ခရိုမိုဇုမ်းအဆိုးတွေအတူတူပါတယ်။ ဆဲလ်မတူရင် ဂျင်းန်တွေ အစုံမတူကြပါ။ ဥပမာ ကြွက်သားဆဲလ်တွေက အရေပြား ဆဲလ်တွေနဲ့မတူတဲ့ ဂျင်းန်အစုံတွေရှိတယ်။ သုံးမနေတဲ့ ဂျင်းန်တွေရှိတယ်။ သုံးနေတဲ့ ဂျင်းန်တွေရှိတယ်။ ဂျင်းန် ပုံမှန် အလုပ်မလုပ်တာကို မြူတေးရှင်းလို့ခေါ်တယ်။ အဲလိုဖြစ်တာမှာ မွေးရာပါနဲ့ နောက်မှဖြစ်တာလို့ (၂) မျိုးရှိတယ်။

Tumor suppressor gene ကနေ ဆဲလ်တွေကိုအကာအကွယ်ပေးနေတယ်။ အကာကွယ်ရနေရင် ကင်ဆာမဖြစ်စေပါ။

ဂျင်းန်တွေ မြူတိတ် ခေါ် ပြောင်းလဲတာဖြစ်လို့ နှေးမယ်၊ မလုပ်နိုင်ဖြစ်မယ်ဆိုရင် ကင်ဆာဖြစ်လာမယ်။

လူတိုင်းမှာ အမေနဲ့အဖေဆီကနေရလာတဲ့ ဂျင်းန် မိတ္တူ ၂ စုံရှိတယ်။ တခုခုမှာ ချို့ယွင်းနေတာပါလာခဲ့ရင် အဲတာကနေ မြူတေးရှင်း ဖြစ်လာတော့မယ်။ အဲလိုပါမလာသူမှာလည်း နောက်မှအဲလိုဖြစ်လာနိုင်တယ်။ အလုပ်မလုပ်တော့တဲ့ ဂျင်းန် ဖြစ်လာတာကို ကင်ဆာဖြစ်နိုင်ခြေရှိတယ်လို့ခေါ်တယ်။ တချို့က ကံကောင်းပြီး Tumor suppressor genes ဖြစ်ရင် အလုံးအကျိတ်ဖြစ်မှာကို နှေးစေမယ်။ အဲလိုမဖြစ်သူမှာ ကင်ဆာဖြစ်လာတယ်။ သတိထားလို့ရတာတွေရှိတယ်။ အဆိပ်တွေကိုရှောင်ရမယ်။ စီးကရက်သောက်ခြင်း။

တခါတလေမှာ မွေးရာပါလာတဲ့ ဂျင်းန်ကနေ ဗီဇပြောင်းလဲခြင်းဖြစ်လာပြီး ကင်ဆာဖြစ်လာတယ်။ အဲတာကို Family cancer syndrome မိသားစုကင်ဆာဆင်ဒရုမ်းလို့ခေါ်တယ်။ အဲလိုဖြစ်တာတွေကတော့ -

• ရှားပါးတဲ့ ကျောက်ကပ်ကင်ဆာတမျိုး၊

• အသက်ငယ်ငယ်မှာဖြစ်တဲ့အူမကြီးကင်ဆာ၊

• ရင်သားကင်ဆာနဲ့ မျိုးဥိအိမ်ကင်ဆာနှစ်မျိုးလုံးတွဲဖြစ်တာ၊

• အစုံလိုက်ပါတဲ့ ဥပမာ မျက်စိ၊ ကျောက်ကပ်၊ ရင်သားတွေမှာ နှစ်ဖက်လုံးမှာ ကင်ဆာဖြစ်တာ၊

• ညီအကို၊ ညီအမနှစ်ယောက်လုံးမှာ ဆာကိုးမား ကင်ဆာဖြစ်တာ၊

• ယောက်ျား ရင်သားကင်ဆာ၊

မိသားစုတခုတည်းမှာ မျိုးတူကင်ဆာဖြစ်တာကို ပိုသတိထားရမယ်။ ရင်သားကင်ဆာနဲ့ မျိုးဥအိမ်ကင်ဆာဖြစ်တာက အမျိုးထဲမှာ ဆင်တူတယ်။ Hereditary breast and ovarian cancer syndrome (HBOC) ခေါ်တယ်။ အူမကြီးကင်ဆာနဲ့ သားအိမ်အတွင်းလွှာကင်ဆာတွေကလဲ အတူတူလိုက်တယ်။ Hereditary non-polyposis colorectal cancer (HNPCC) နဲ့ Lynch syndrome လို့ခေါ်တယ်။

အသက်ဘယ်အရွယ်မှာ ကင်ဆာစတွေ့သလည်း အရေးကြီးတယ်။ ဥပမာ အူမကြီးကင်ဆာက အသက် ၃ဝ အောက်မှာ ရှားတယ်။ အဲဒီအသက်အောက်မှာ တယောက်မကဖြစ်နေတာမျိုးက Inherited cancer syndrome ဖြစ်တယ်။

ယောက်ျားဆီးကျိတ်ကင်ဆာက အသက်ကြီးသူတွေမှာအဖြစ်များတယ်။ အဖရော အကိုမှာပါ အဲလို အသက် ၈ဝ ကျော်မှ ဆီးကျိတ်ဖြစ်ရင် ကိုယ့်မှာလဲ Inherited gene change ကြောင့် ဖြစ်လာစရာရှိတယ်။

ကင်ဆာမဟုတ်တဲ့အကျိတ်တွေမှာလည်း အဲလိုဖြစ်နိုင်တယ်။ Multiple endocrine neoplasia, Type II syndrome (MEN II) တွေရှိရင် Thyroid cancer လည်ပင်းကြီးကင်ဆာဖြစ်ဘို့အခွင့်အလမ်းပိုတယ်။ ဟိုက်ပါ ပါရာသိုင်းရွိုက် ဟော်မုန်းများနေသူမှာ ဟိုက်ပါ ပါရာသိုင်းရွိုက် အဒီနိုးမား ခေါ်တဲ့ ကင်ဆာမဟုတ်တဲ့အကျိတ်နဲ့ အဒရီနယ်လ် ဂလင်း အကျိတ်တွေဖြစ်လာနိုင်ခြေများတယ်။

မိသားစုကင်ဆာ ဆင်ဒရုမ်း နမူနာတွေ

1. Hereditary Breast and Ovarian Cancer syndrome

2. Hereditary non-polyposis colorectal cancer

3. Li-Fraumeni syndrome

သံသယရှိနေသူတွေကို Genetic counseling and testing စမ်းသပ်စစ်ဆေးမှုလုပ်သင့်တယ်။

ဂျီးန် ခေါ် မျိုဗီဇ အမျိုးအစား = ကျူးမားအမျိုးအစား

APC = အူအဒီနိုးမား၊ အူမကြီး။

BRCA1 and BRCA2 = ရင်သား၊ မျိုးဥအိမ်၊ အူမကြီး၊ ဆီးကျိတ်။

MSH2, MLH1, MSH6, PMS2 = အူမကြီး၊ သားအိမ်အတွင်းလွှာ၊ မျိုးဥအိမ်၊ အစာအိမ်၊ အူသိမ်၊ ယူရီတာ ခေါ် ဆီးပြွန်။

TP53 = ဆာကိုးမား၊ ရင်သား။

MEN1, RET = ပါရာသိုင်းရွိုက်၊ အင်ဒိုခရိုင်း၊ သရက်ရွက်၊ ပစ်ကျူထရီ ခေါ် ဦးနှောက်အစိတ်အပိုင်း၊ မဒါလာရီ သိုင်းရွိုက် ကင်ဆာ၊ ဖိုခရိုမိုဆိုက်တိုးမား။

VHL = ကျောက်ကပ်၊ ဆယ်ရီဘယ်လမ် ခေါ် ဦးနှောက်အစိတ်အပိုင်း၊ ဖိုခရိုမိုဆိုက်တိုးမား။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ