Lime and Bleach ထုံးဖြူးမလား ချွတ်ဆေးဖျန်းမလား

၁။ ဆေးကိုတော့ အိမ်ဝန်း (ဝင်း) ကြမ်းပြင် လူအသွားအလာများတဲ့ ဈေးဆိုင်တွေမှာ ဖျန်းပေးပါတယ် ဆရာ ထိရောက်မှု ဘယ်လိုရှိမလဲ ဆေးအာနိသင်အရဆိုရင် ပိုတယ်လို့မရှိဘူးမှို့လား (မဟုတ်လား) ဆရာ

ခဏခဏ ထပ်ခါထပ်ခါ တင်ထားတယ်။

ဟုတ် ကလေးမြို့ပေါ်မှာ အားလုံးလိုလို အခုဆေးကို ပိုးသတ်ဖို့အသုံးပြုနေကြတာပါ အများသိအောင် ပို့စ်တင်ပေးပါဦး ဆရာ

၂။ ဆရာ တခုမေးချင်လို့ဗျ ရန်ကုန်မှာ ကိုဗစ်ကာကွယ်ဆေးဖြန်းတဲ့ အချိန်မှာ တချို့က ထုံးတွေပါ ဖြူးကြပါတယ်။ ထုံးက ကိုဗစ်ကို ကာကွယ်ပေးနိုင်လား အကျိုးသက်ရောက်မှုရှိလားမေးချင်လို့ပါ မြန်မာ အယူအဆ အရ တခုခုဆို ထုံးသုတ်တာ ထုံးဖြူးတာ ထုံးစည်းတားတွေ နဲ့ ရောထွေးနေကြလို့လား လို့ပါ ကယ်စီယန်ဓာတ်က ကိုဗစ်ကို ကာကွယ်နိုင်သလားပေါ့ အဆင်ပြေတယ်ဆိုရင် အလုပ်အတွက် အင်တာဗျူး လိုချင်လို့ပါ။

ထုံးဆိုတာ ဓါတုဗေဒလို calcium oxide (CaO) ကယ်လ်စီယမ်အောက်ဆိုဒ် ဖြစ်တယ်။ Lime နဲ့ Quicklime လို့ခေါ်တယ်။ limestone ထုံးကျောက် ခေါ် calcium carbonate (CaCO3) ကို above 825 °C (1,517 °F) မီးသင့်ပြီး ရလာတာ။ လေနဲ့ထိတွေ့ပြီး ဓါတ်ပြောင်းတယ်။ Alkaline အယ်လ်ကာလီဓါတ်ဖြစ်တယ်။ လောင်စေနိုင်တယ်။ Powdered lime အမှုန့်ဖြူးထားနည်းလည်း လုပ်တယ်။

Cleaning သန့်ရှင်းရေးလုပ်ခြင်းနဲ့ Disinfection ပိုးသန့်ခြင်း မတူပါ။ အခုခေတ်မှာ ထုံးကို disinfectant ပိုးသန့်ဆေးအဖြစ် မသုံးကြတော့ပါ။ သားသတ်လုပ်ငန်းတွေမှာ ပိုးသန့်ဖို့ သုံးတယ်။ စိုက်ပျိုးရေးမှာသုံးတယ်။ ထုံးနဲ့ ရေနဲ့ တွေ့ရင် အလွန်ပြင်းတဲ့ ဓါတ်ပြုမှုဖြစ်လို့ သတိထားရတယ်။ ရှူမိရင်၊ စိုနေတဲ့အရေပြားနဲ့ မျက်စိကို ထိခိုက်မယ်။ ချောင်းဆိုးမယ်။ နှာချေမယ်။ အသက်ရှူရ ခက်မယ်။ မျက်ရည်ကျမယ်။ နှာခေါင်းထဲက အကန့်ကို လောင်စေမယ်။ ဗိုက်နာမယ်။ ပျို့အန်မယ်။

Disinfectants ခေါ်ပိုးသေစေရာမှာသုံးတာတွေတိုင်းက သတိထားရတယ်။ ပန်ဝန်းကျင်ကို ထိခိုက်စေနိုင်တယ်။ spores ခေါ် အကာခွံကို မသေစေနိုင်ကြပါ။ ဥပမာ မေးခိုင်ပိုးနဲ့ ဒေါင့်သန်းရောဂါပိုး။ Formaldehyde ဖေါ်မယ်လ်ဒီဟိုဒ်ဆိုရင် ကင်ဆာဖြစ်မလားအထိ သတိထားရတယ်။

ပိုးသန့်ခြင်းဆိုတာ ရောဂါဖြစ်စေတဲ့ ပိုးတွေကို သေစေအောင်လုပ်တာဖြစ်တယ်။ အစားအသောက်တွေ တင်ထားတဲ့ မျက်နှာပြင်တွေကို အရင် သန့်ရှင်းပေးပြီးနောက် ပိုးသေစေရတယ်။

Disinfection ပိုးသန့်ခြင်းအတွက် အကောင်းဆုံးသုံးစရာတွေ

၁။ Bleach ဘလိချ် ခေါ် ချွတ်ဆေး၊

၂။ hydrogen peroxide ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်။

၃။ vinegar ဗနီဂါ။

၄။ lemon or lime juice သံပုရာရည်။

၁။ Chlorine bleach (0.0314% sodium hypochlorite) ကလိုရင်းချွတ်ဆေးကို 1 tsp လက်ဖက်ရည ၁ ဇွန်းနဲ့ ရေ ၁ ကွာတ ရောရမယ်။ ရောထားတာကို အသစ်အသစ်ဖျော်ပါ။ တခြားဟာဆေးနဲ့မှ မရောပါနဲ့။

၂။ Hydrogen peroxide (3%) ဟိုက်ဒရိုဂျင်ပါအောက်ဆိုဒ်ကို သည်အတိုင်းသုံးပါ။ နေရာင်နဲ့ထိရင် ဓါတ်ပျယ်တယ်။

၃။ White vinegar (5% acetic acid) ဗနီဂါက Listeria monocytogenes ပိုနဲ့ E. coli ပိုးတွေကို နိုင်တယ်။ 55◦ C မှာ ၁ မိနစ်ကြာ။

၄။ Lemon/lime juice (5% citric acid) သုံပုရာရည်။ Listeria monocytogenes နဲ့ E. coli ပိုးတွေကို နိုင်တယ်။ 55◦ C မှာ ၁၀ မိနစ်ထားပါ။ Salmonella typhimurium ခေါ် တိုက်ဖွိုက်ပိုးအတွက် 55◦ C မှာ ၁၀ မိနစ်ထားပါ။

မျက်နှာပြင်တွေသန့်ရှင်းရေးအတွက် ဆပ်ပြာကောင်းတယ်။ ပိုးသေစေအောင် ဘလိချ် ခေါ် ချွတ်ဆေးကို ရေနဲ့ရော သုံးနိုင်တယ်။ အိမ်တွင်း ရုံးတွင်း ကျောင်းတွင်း အလုပ်ရုံတွင်း မျက်နှာပြင်တွေ အတွက် သုံးရတယ်။ ပို့သန့်ဆေးတွေက Lyzol Disinfectant Spray နဲ့ Clorox Healthcare Citrace Hospital Disinfectant & Deodorizer, Aerosol Spray တွေဖြစ်တယ်။

Spraying disinfectant in public places to kill the COVID-19 virus ဆေးဖျန်းနည်းအကြောင်း

ကနေဒါနိုင်ငံ CTV သတင်းဆောင်းပါးကို အခြေခံတင်ပြပါမယ်။ နိုင်ငံအတော်များများမှာ အများလူထု သွားလာ အသုံးပြုရာနေရာတွေကို ကရိုနာဗိုင်းရပ်စ် ကာကွယ်ရေးအတွက် ဆေးဖျန်းပေးနေကြပါတယ်။ ဘာဆေးလဲ။ Sodium hypochlorite ခေါ် Bleach ဘလိချ် ခေါ် ချွတ်ဆေးဖြစ်ပါတယ်။

သတိထားစရာတွေ မရှိတယ်။ မျက်နှာပြင်တွေအကုန် ထိရောက်အောင်ဖျန်းရတာ ခက်တယ်။ ဆေးဖျန်းသူတွေမှာ အန္တရာယ်ရှိတယ်။ PPE ဝတ်စုံ လိုတယ်။ လူတွေအတွက်လည်း အန္တရာယ်ရှိတယ်။ ထိမိတဲ့အရေပြားကို လောင်စေနိုင်တယ်။ ရှူမိသူတွေ အသက်ရှူလမ်းရောဂါရစေနိုင်တယ်။

၂၀၁၉ ခု အောက်တိုဘာလက လေ့လာမှုတခုအရ အဲဒီဆေးအမြဲလိုလိုသုံးပြီး သန့်ရှင်းပေးရတဲ့ သူနာပြုဆရာမတွေမှာ

COPD ခေါ် နာတာရှည်အသက်ရှူလမ်းပိတ်ရောဂါရကြတာတွေ့ရှိရတယ်။ ၂၀၁၇ ခုလေ့လာမှုမှာ ဂျာမန်လူမျိုးတွေမှာ ပန်းနာ ပိုဖြစ်စေတာတွေ့ရှိရတယ်။

တရုပ်ပြည်မှာ အဲဒီနည်းကို ကျယ်ကျယ်ပြန့်ပြန့်သုံးခဲ့တယ်။ အခု တရုပ်ဆရာဝန်တွေက ထိရောက်မှုကို မေးခွန်း ထုတ်နေကြရတယ်။ မတ်ကထုတ်လွှင့်ခဲ့တဲ့ CCTV အင်တာဗျူးမှာ တရုပ် CDC ခေါ် ရောဂါများထိန်ချုပ်ရေးနှင့် ကာကွယ်ရေးဌာန သုတေသနမှူး Zhang Liubo က အများအပြားအသုံးပြုခြင်းကြောင့် ဂဟစနစ်ကိုထိခိုက်နိုင်တယ်။ နောက်ဆက်တွဲတွေဖြစ်လာနိုင်တယ်လို့ ဖြေကြားခဲ့တယ်။ ခဏခဏထပ်မဖျန်းသင့်လို့ ဆိုပါတယ်။

ဘလိချ်ကနေ အဲလိုနေရာတွေမှာ ကရိုနာဗိုင်းရပ်စ်ကို သေ မသေကိုလည်း အခိုင်အမာ မပြောနိုင်သေးပါ။ အိမ်တွင်း ရုံးတွင်း အလုပ်နေရာတွေမှာတော့ ဘလိချ်ကို သုံးသင့်တယ်။ မကြာခဏသုံးလည်း ရတယ်။ WHO အဆိုအရ ကရိုနာဗိုင်းရပ်စ်ဟာ လေကတဆင့် မကူးပါ။ ပိုးသေဆေးတွေ လေထဲဖျန်းရန် မလိုပါ။ Sanitizer လက်ဆေးဆေးရည်ကို လေထဲဖျန်းတာ အကျိုးမရှိပါ။ CDC အဆိုအရ အခုထိ လူကနေ လူကိုသာကူးစက်တာတွေ့ရပြီး မျက်နှာပြင်တွေကနေတဆင့် ကူးစက်တာ မတွေ့ရသေးပါ။

ဘလိချ်က ကရိုနာဗိုင်းရပ်စ်ကို အိမ်တွင်း ရုံးတွင်း အလုပ်နေရာတွေမှာ သေစေတာမှန်ပေမဲ့ တခြားကာကွယ်နည်းတွေ မလုပ်ပဲနေလို့ မရပါ။ လက်မကြာခဏဆေးခြင်း၊ လူအများရှိရာ မသွားလာခြင်း။ အဲတာတွေကြောင့် ဆေးဖျန်းတာ မလုပ်နဲ့လို့တော့ မဆိုပါ။ လိုတာထက် မပိုသင့်ပါ။ သတိထားပါ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Water poisoning ရေအဆိပ်သင့်ခြင်း