Pelican and Fish ဗျိုင်း ငါးဖမ်း ပုံပြင်


စူးကို ဆူးနဲ့ ဆူးကို စူးလို့ရေးနေကြတာတွေဖတ်ရတော့ ပုံပြင်လေးတပုဒ်ကို သတိရတယ်။  

အတတ်စူးတယ်ဆိုတဲ့စကား ရှိတယ်။ ဆရာ ကာပြန် အာခေါင်လှံစူးတဲ့ ပုံပြင်ရှိတယ်။ ငါးကိုဖမ်းယူ၊ အပေါ်မြှောက်ပြီး အောက်ကနေ နှုတ်သီးနဲ့ ပိုင်နိုင်ကျင်လည်စွာဖမ်းတဲ့ဗျိုင်းကို လေ့လာပြီး လှံသမားက လှံကို အပေါ်မြှောက်ပြီး သူ့ပါးစပ်နဲ့ ဖမ်းပြတယ်။ ထိခိုက်ဒဏ်ရာမရပါ။ 

ပရိသတ်က ဒီအတတ်ကို ဘယ်ကနေသင်ယူခဲ့ပါသလဲမေးတော့ ဗျိုင်းတပည့်လို့ အပြောမခံချင်တာနဲ့ သူ့ဖါသူတတ်တာလို့ ပြောတယ်။ နောက်တချီမှာ အာခေါင်လှံစူးပါသတဲ့။ 

မြန်မာစာမှာ အရင်က ရေးသားခဲ့တဲ့အမှန်သတ်ပုံတွေကို ပြင်ရေးနေသူတွေဟာ အရင်က ဆရာတော်တွေ၊ ဆရာတွေ၊ ရေးသားခဲ့တာတွေကို ဖတ်ခဲ့ကြသူတွေသာဖြစ်တယ်။ အာခေါင် လှံမစူးကြပါစေနဲ့။ 

ပုံကို ရတာသာသုံးရပါတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ