Taungoo Empire တောင်ငူအင်ပါယာ သမိုင်းသင်္ခန်းစာ

ပထမတောင်ငူအင်ပါယာ (၁၅၁ဝ-၁၅၉၉) နဲ့ ဒုတိယတောင်ငူအင်ပါယာ (ညောင်ရမ်း) ၁၅၉၉-၁၇၅၂) အထိ ရှည်ကြာတယ်။ တောင်ငူမင်းဆက်မှာ တပင်ရွှေထီးနဲ့ ဘုရင့်နောင်တို့က နာမည်ကြီးတယ်။ ၁၂၈၇ ကတည်းက ပျက်သုဉ်းသွားတဲ့ ပုဂံအင်ပါယာကို ပြန်ပြီးစုစည်းနိုင်ခဲ့တာဖြစ်တယ်။ ညောင်ရမ်းနဲ့ အနောက်ဖက်လွန်မင်းတွေက ပြန်လည် စုစည်းခဲ့တာဖြစ်တယ်။ တောင်ငူအင်ပါယာရဲ့ အထွတ်အထိပ်ကာလမှာ မဏိပူ၊ တရုပ်လွှမ်းမိိုးထားတဲ့ ရှမ်းဒေသ၊ (ဆိုင်ယမ်) ခေါ် ထိုင်းနဲ့ (လန်ဇန်း) ခေါ် လာအိုတို့လည်းပါတယ်။

၁၄၈ဝ ကတည်းက အင်းဝကျဆင်းလာခဲ့တယ်။ ၁၅၁ဝ မှာ တောင်ငူက လွတ်လပ်ရေးကြေညာတယ်။ ၁၅၂၇ မှာ ရှမ်းတွေက အင်းဝကိုသိမ်းယူလို့ မြန်မာဒုက္ခသည်တွေ တောင်ငူမှာခိုလှုံကြရတယ်။ တောင်ငူ-ဟံသာဝတီစစ် (၁၅၃၄-၁၅၄၁) ဖြစ်တယ်။ ၁၅၃၉ မှာ တပင်ရွှေထီးက ပဲခူး (ပဂိုး) မှာ ထီးနန်းပြောင်းစံတယ်။ ပုဂံကို ၁၅၄၄၊ ရခိုင်ကို ၁၅၄၅-၄၇၊ ထိုင်းကို ၁၅၄၇-၄၉ မှာ သိမ်းတယ်။

သူ့နောက်ဆက်ခံတဲ့ ဘုရင့်နောင်က အင်းဝကို ၁၅၅၅ မှာ၊ ရှမ်းကို ၁၅၆၂-၆၃ မှာ၊ ထိုင်းကို ၁၅၆၄-၆၉ မှာ၊ လာအိုကို ၁၅၆၅-၇၄ မှာသိမ်းတယ်။ ဘုရင့်နောင်နတ်ရွာစံတဲ့ ၁၅၈၁ နောက်၊ ၁၅၈၄ မှာ ဆိုင်ယမ် (ထိုင်း) ကပုန်ကန်ပြီး၊ ၁၆ဝ၅ ကတည်းက မြန်မာ့မြေပုံမှာမပါတော့ဘူး။ ၁၅၉၉ မှာ ပေါ်တူဂီတွေအကူအညီနဲ့ ရခိုင်က ပဲခူးကိုဖျက်ဆီးနိုင်ခဲ့တယ်။ ပေါ်တူဂီလူမျိုး (ဖိလစ် ဒီဘရစ်တို) က သူ့သခင်ရခိုင်တွေကို ပုန်ကန်ပြီး၊ ဂိုအာမှာရှိတဲ့ ပေါ်တူဂီထောက်ခံမှုနဲ့ ၁၆ဝ၃ မှာ သန်လျင်ကို ထူထောင်လိုက်တယ်။ ၁၆၁၃ ဧပြီလမှာ အနောက်ဖက်လွန်မင်းတရားက သန်လျင်ကိုသိမ်းပြီး၊ ဒီဘရစ်တိုကို ကားစင်တင်သုတ်သင်တယ်။ သူ့မဟာမိတ် တောင်ငူဘုရင်၊ ရိုမန်ကက်သလစ်ဖြစ်သွားတဲ့ (ရတုစာဆို) နတ်ရှင်နောင်ကိုပါ ကွပ်မျက်လိုက်တယ်။

ယိုးဒယား-မြန်မာစစ် (၁၇၆၅-၁၇၆၇) ဟာ မြန်မာ့ကုန်းဘောင်မင်းဆက်နဲ့ (ဆိုင်ယမ်) ယိုးဒယား (ဘန် ဖလူ လောင်) မင်းဆက်မှာ ဖြစ်ခဲ့တယ်။ စစ်ပွဲအဆုံးမှာ ရာစု (၄) ခုကြာရှည်ခဲ့တဲ့ (ဆိုင်ယမ်) မင်းဆက်ပျက်သုဉ်းသွားတယ်။ ဒါပေမယ့် မြန်မာဘုရင်ဟာ တရုပ်ရဲ့ကျူးကျော်မှုကြောင်း ခက်ခက်ခဲခဲတိုက်ယူထားတဲနယ်မြေကနေဆုတ်ခွါလာခဲ့ရတယ်။ (ဆိုင်ယမ်) မှာ ကနေ့အထိသက်တမ်းရှည်တဲ့ မင်းဆက် ၁ရရဝ ကနေစပြီး ထူထောင်လာနိုင်တယ်။ ဘုရင့်နောက်နတ်ရွာစံပြီး (၁၈) နှစ်အကြာ၊ (၂၆၆) နှစ်တာရှည်ခဲ့တဲ့၊ အရှေ့တောင်အာရှမှာ အကြီးဆုံးဖြစ်ခဲ့တဲ့ တောင်ငူအင်ပါယာကြီးဟာ ပျက်စီးသွားပါတော့တယ်။

တောင်ငူအင်ပါယာကပေးတဲ့ သမိုင်းသင်္ခန်းစာ

• တောင်ငူအင်ပါယာ အရွယ်သေးလာ မြန်မာဖြစ်လာ၏။

• ဘေးအနားသား အရင်စားခံရ၏။

• အလယ်သားမှာ မှိုတက်လာ၏။

• အလေးချိန်ပါ ပိန်ပိန်လာ၏။ 

• အနှစ်အကာ မဖြစ်စလောက်သာကျန်တော့၏။

• အဆီအနှစ်မှာလည်း မြေပေါ်မြေအောက်၊ ရေအောက် ခမ်းခြောက်လာ၏။

• ဂုဏ်အသရေမတိုး ညှိုညှိုးလာ၏။

• တန်ခိုးတေဇာ ထွန်းတောက်စရာ ဆီမီးလောက်သာကျန်တော့၏။

• စည်းလုံးခွန်အား လုံးပါးပါးလာ၏။ 

• ဆေး အဝေးမှာရှာစရာမလို ကိုယ်တိုင်ဖေါ်စပ်လို့ရ၏။

• ပျောက်ချင်စိတ်အတိ၊ ဆေးနည်းရှိ၏။ 

• ဆေးတဖုံ ငရုတ်ဆုံမှာ နာနာထောင်းဘို့တော့လို၏။ ။

ဒေါက်တာတင့်ဆွေ

Map = Taungoo empire at its greatest extent (1580)


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ