Vitamin B12 ဗီတာမင် ဘီ ၁၂

၁။ ကျွန်တော်အသက် ၂၉လူပျိုပါ ၅ လပိုင်း ၂၈ရက်နေ့က ကျွန်တော်ဆေးခန်းပြတော့ ဆရာဝန်ကိုအာရုံကြောအားနည်းတယ်ပြောတော့ ဆေးထိုးအပ်ခေါင်းမှာပိုက်အရှည်ကြီးနဲ့ခရမ်းရောင်အရည်တွေခင်ဗျ လက်ဖျံကိုထိုးသွင်းပါတယ် အဲ့လိုအာရုံကြောအားနည်းရင်ဗီတာမင် 12 ဆေးပဲထိုးရလားခင်ဗျာ ကျွန်တော်ဖတ်ရတာ 12 ထိုးရင်မတည့်ရင်ယားတာဖြစ်တယ်လို့ဖတ်ရလို့ 12ပဲထိုးရတာလားသိချင်လို့ပါခင်ဗျာ အဲ့ဒါကြောင့်များတကိုယ်လုံးကိုယားတာလားမသိဘူးခင်ဗျာ ၂၈ရက်ထဲကဆိုတော့ဒီနေ့ ၃ရက်နေ့ဆို ၆ရက်တောင်ရှိပြီတကိုယ်လုံးယားနေတာခင်ဗျာ

၂။ အသက် ၄ဝ သို့ ၅ဝ အထက် လူကြီးတယောက်ဟာ တနေ့ကို B12 ဘယ်လောက် ပမာဏ သောက်သင့်ပါသလဲ။ အမျိုးသမီးနဲ့ အမျိုးသား သောက်ရမယ့် ပမာဏ ကွာခြားပါသလား။ နောက်ပြီး B12 နဲ့အတူ ဖဲရပ်စ်ဆာလ်ဖိတ်လို သံဓာတ် အားဆေးရော တွဲသောက်လို့ ရပါသလား။ တနေ့ကို ဘယ်လောက် ပမာဏသောက် ရမယ်ဆိုတာ ဖြေကြားပေးပါဆရာ။

Vitamin B12 ဗီတာမင် ဘီ ၁၂ နေ့စဉ်လိုအပ်ချက်

• ၆ လအထိ = 0.4 mcg

• ၇-၁၂ လ = 0.5 mcg

• ၁ နှစ်မှ ၃ နှစ်အထိ = 0.9 mcg

• ၄ နှစ်မှ ၈ နှစ်အထိ = 1.2 mcg

• ၉ နှစ်မှ ၁၃ နှစ်အထိ = 1.8 mcg

• ၁၄ နှစ်အထက် = 2.4 mcg

• ကိုယ်ဝန်ဆောင် = 2.6 mcg

• နို့တိုက်မိခင် = 2.8 mcg

• အသက် ၅ဝ ကျော် = ဘီ ၁၂ ပါအစားအစားတွေ + 25-100 mcg

mcg = micrograms = (မိုက်ခရိုဂရမ်)

Iron သံဓါတ်လိုအပ်ချက်

• ဝ-၃ နှစ် = ၆-၈ mg

• ၇-၁၂ နှစ် = ၁ဝ mg

• ၁၈ နှစ်အထိ = ၁ဝ mg

• အရွယ်ရောက် အမျိုးသမီး = ၁ဝ-၁၅ mg

• ကိုယ်ဝန်ဆောင် = ၃ဝ mg

• နို့တိုက်မိခင် = ၁၅ mg

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ