Caladryl lotion

မင်္ဂလာပါ ဆရာရှင် အသက် ၂၆ အမျိုးသမီးပါ ကျမ ချွေးမိတ် (မိတ်ဖု) အ​သေး​ရော အကြီးတွေ မျက်နှာ ခန္ဓာကိုယ် အနှံ ့တကိုယ်လုံးအပြည့် ပေါက်နေလို့ပါဆရာ။  ၄ရက်ရှိပါပြီ Cetrin တနေ့ ၁လုံးတော့​သောက်ပါတယ်ဆရာ။ ကျမထက်ပို၍အရေးကြီး​သော ကျန်းမာရေးအမေး (မေးခွန်း)များကို မေတ္တာဖြင့် ဖြေပေး​နေ​သောဆရာကို ယခုလို မေးခွန်းများမေးရတဲ့အခါ လွန်စွာအားနာမိပါသည်။ သို့သော် ဆရာ့ညွှန်ကြားပေးမှုကို ကျန်းမာရေးသုတများကိုဖတ်ရသည့်အခါတိုင်း  သုတနှင့််ခွန်အားရရှိပါသည်။

မိတ်ဆိုတာ ရာသီဥတုအရ ဖြစ်လေ့ရှိတယ်။ ပူနေချိန်မှာ အေးတာရှာရမယ်။ ချွေးထွက်များတာ သက်သာအောင် နေရတယ်။

Calamine, Caladryl lotion တခုခုသင့်တယ်။ ယားတာအတွက် Cetirizine တညတပြား သောက်နိုင်တယ်။

မိတ်ဖုကိုကုတ်ရာကနေ ကြီးပြီး ဗက်တီးရီးယားဝင်တာအတွက် ပိုသေဆေး တခုခုလိုမယ်။ ပြည်တည်နာလိုဖြစ်ရင် ပြည်ကို ထွက်စေရမယ်။

Abscess ပြည်ရှိတဲ့အနာ https://dr-tint-swe.blogspot.com/2020/12/abscess.html

Beat the summer heat အပူဒဏ်ကာကွယ်ရန် https://dr-tint-swe.blogspot.com/2021/05/beat-summer-heat.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ