Constipation ဝမ်းချုပ်ခြင်း

(ကန်တော့)
အကောင်းဆုံးနည်းကတော့ (ဖိုက်ဘာ) ပါတဲ့အစားအစာ များများစားပေးဘို့ပါ။ Fiber (ဖိုက်ဘာ) ဆိုတာ ဟင်းသီး ဟင်းရွက်တွေထဲမှာ ပါတယ်။ စားလိုက်ရင် အစာလမ်းကနေ စုပ်ယူမသွားဘဲ ကျန်နေတာမျိုးဖြစ်တယ်။ ဝမ်းထုထည် များစေမယ်။ ဝမ်းပျော့စေမယ်။ သစ်သီးတွေထဲမှာ များတယ်။ တမျိုးနဲ့တမျိုးတော့ မတူကြပါ။ လေထတာတော့ ရှိနိုင်တယ်။ ကိုယ်နဲ့သင့်တာကို မှတ်သားထားပြီးစားပါ။ အူထဲနေတဲ့ ဗက်တီးရီးယားတွေကနေဖြစ်စေလို့ပါ။ ရေလဲ များများ သောက်ဘို့ လိုပါတယ်။ ဆေးတွေလဲရှိတယ်။
1. Lubricant laxatives ချောဆီသဘော ဝမ်းနုတ်ဆေး
Mineral oil ဆီတွေသုံးတယ်။ ရေနဲ့ရောထားတဲ့ Emulsion လဲသုံးတယ်။ ဆီကနေ ဆီထဲပျော်ဝင်တဲ့ ဗီတာမင်တွေကို စုပ်ယူသွားနိုင်တာသတိထားရမယ်။ ဒါကြောင့် ကိုယ်ဝန်ဆောင်ချိန်မှာ မသင့်ပါ။ Warfarin (Coumadin) ဆေးနဲ့ oral contraceptives ကိုယ်ဝန်တားဆေးတွေကို သက်ရောက်စေနိုင်တယ်။ အစွမ်းနည်းစေမယ်။
2. Emollient laxatives ဝမ်းပျော့ဆေး
Docusate လိုဟာပါတယ်။ ဥပမာ Colace လို။ ဝမ်းကိုရေများစေတယ်။ ဆီစုပ်ယူတာကို ပိုစေနိုင်တယ်။ အသဲနဲ့ တက်စိတွေမှာ လာစုနေမယ်။
3. Hyperosmolar laxatives ဟိုက်ပါအော့စမိုလာ ဝမ်းနုတ်ဆေး
ဝမ်းကိုပျော့စေမယ်။ Lactulose (Kristalose) လက်ကျုလို့စ်၊ Sorbitol ဆော်ဘီတော နဲ့ Polyethylene glycol (MiraLax) ပေါ်လီအက်သလင်း ဂလိုင်ကောလ် တွေဖြစ်တယ်။ တာရှည်သုံးနိုင်တယ်။ ဗက်တီးရီးားတွေကြောင့် လေပွနိုင်တယ်။
4. Saline laxatives ဆာရည်ဝမ်းနုတ်ဆေး
Magnesium hydroxide, Sulfate, Sodium phosphate နဲ့ citrate တွေပါမယ်။ ဝမ်းပျော့စေမယ်။ ကျောက်ကပ် မကောင်းသူတွေအတွက် မသင့်ဘူး။ သက်ရောက်မှု မြန်တယ်။ ခဏခဏမသုံးသင့်ဘူး။ ဝမ်းသြးတာ များစေနိုင်တယ်။ ဓါတ်ဆားရည်သောက်ဘို့အထိ လိုချင်လိုမယ်။ အပျော့စားဖြစ်တဲ့ Milk (Cream) of magnesia ကိုအများဆုံးသုံးတယ် Epsom Salt (Magnesium sulfate) ဆားခါးက ပိုပြင်းတယ်။
5. Stimulant laxatives စတီမျူလင့် ဝမ်းဝမ်းနုတ်ဆေး
ကြွက်သားတွေကို ပျော့ပေးတယ်။ ဝမ်းထဲ ရေများစေမယ်။ Cascara (castor oil) ကြက်ဆးတီ၊ Senna ပွေးကိုင်း၊ Aloe တွေသုံးတယ်။ ပြင်းလို့ ဝမ်းသွားတာများမယ်။ ပိုတက်ဆီယမ် နည်းမှာသတိထားရမယ်။ ရေရှည်မသုံးသင့်ဘူး။ Bisacodyl (Dulcolax, Correctol) ဆေးဖြစ်တယ်။
6. Enemas ဝမ်းခြူခြင်း
Phosphate enemas (Fleet phosphosoda) ဖေါ့စ်ဖတ်၊ Mineral oil enemas ဆီ နဲ့ Emollient enemas (Colace Microenema) အီမိုးလီယင့်တွေဖြစ်တယ်။ ဝမ်းကမာနေပြီးဆို့နေတာမျိုးသုံးသင့်တယ်။ ခဏခဏမသုံးသင့်ပါ။
7. Suppositories ဝမ်းခြူတောင့်
Bisacodyl (Dulcolax) နဲ့ Glycerin suppositories တွေသုံးတယ်။
8. Combination products တွဲဖက်ဆေး
ပွေးကိုင်းနဲ့ရောထားတဲ့ senna and psyllium (Perdiem)၊ senna and docusate (Senokot-S) နဲ့ senna and glycerin (Fletcher's Castoria) တွေဖြစ်တယ်။ Casanthranol, Docusate, and glycerin (Sof-lax Overnight) က ၃ မျိုးရောထားတာဖြစ်တယ်။ ရေရှည်မသုံးသင့်ဘူး။
ဆေးလက်မှတ်နဲ့သာဝယ်ရတာတွေ
• Tegaserod (Zelnorm)
• Lubiprostone (Amitiza)
• Linaclotide (Linzess)
Miscellaneous drugs တခြားဝမ်းဝမ်းနုတ်ဆေးတွေ
• Colchicine
• Misoprostol (Cytotec)
• Orlistat (Xenical)
ဝမ်းချုပ်တာ အကျင့်ဖြစ်တယ်။ ရေ-အရည် များများသောက်တာ၊ အသီးအရွက် များများစားတာကနေ ဝမ်းလွယ်စေတာ မှန်တယ်။ မန်ကျီးမှည့်၊ သဘောင်္သီးမှည့်တွေက ဝမ်းသက်စေတာ မှန်တယ်။ Purgatives ဝမ်းနုတ်ဆေးကို တခါတလေသာ အားကိုးပါ။ ဘယ်ဝမ်းနုတ်ဆေးမဆို သောက်ရင် အကျင့်ဖြစ်နိုင်တယ်။ ဝမ်းနုတ်ဆေး တလွဲသုံးတယ် Abuse of laxatives ဆိုတာ ရှိတယ်။ မလိုဘဲနဲ့ ဝမ်းနုတ်ဆေး သောက်နေရာကနေ အူမကြီးက "အပျင်းရောဂါ" ရပြီး ဆေးမသောက်ဘဲ ဝမ်းက မသွားချင်တော့ဘူး ဖြစ်မယ်။
ဆရာဝန်တွေ ညွှန်တတ်တဲ့ Stimulant Laxatives တွေက Cascara, Buckthorn, Senna extract (ပွေးကိုင်း)၊ Aloe vera, Phenolphthalein, Dulcolax (Bisacodyl) ဆေးတွေ ဖြစ်တယ်။ Dulcolax (Bisacodyl) Suppository တွေက ဝမ်းခြူတောင့်ဖြစ်တယ်။ Liquid Puraffin, Microlax enema နဲ့ Castor Oil (ကြက်ဆူဆီ) တွေကလဲ ဝမ်းခြူလို့ ရတယ်။
စားတဲ့ အစားအသောက်၊ အသက်အရွယ်၊ လှုတ်ရှားမှုတွေကနေ ဝမ်းသွားတာကို သက်ရောက်တယ်။ စိတ်ဖိအား များနေလို့ ဝမ်းချုပ်နိုင်တယ်။ "ဝမ်းနည်းရင် ဝမ်းနုတ်ဆေး တိုက်မယ်" ဆိုတာ ရီစရာပြောကြတာပေမဲ့ စိတ်ညစ်-စိတ်ရှုတ်ရင် ဝမ်းချုပ်နိုင်တယ်။
Narcotic-type pain killers (ကိုဒင်း) စတဲ့ မူးယစ်စေတာပါတဲ့ အကိုက်အခဲပျောက်ဆေးတွေ၊ Iron supplements သံဓါတ်ဆေး၊ Blood pressure သွေးကျဆေးတချို့ကနေလဲ ဝမ်းချုပ်စေနိုင်တယ်။
Persistent, chronic constipation ရက်ရှည် ဝမ်းချုပ်နေရင် ဆေးစစ်ဘို့ လိုနိုင်တယ်။ Irritable bowel syndrome အူရောဂါ၊ Colorectal cancer အူ-ကင်ဆာ၊ Diabetes ဆီးချို၊ Parkinson's disease (ပါကင်ဆန်) ရောဂါ၊ Multiple sclerosis (စကယ်လ်ရိုးဆစ်) ရောဂါ၊ Under-active thyroid gland လည်ပင်းကြီးရောဂါ တမျိုး နဲ့ Depression စိတ်ကျရောဂါတွေ ဖြစ်မလား သိအောင် လုပ်သင့်တယ်။
Chronic constipation ရက်ရှည်ဝမ်းချုပ်ရင် အလုပ်ပျက်၊ စိတ်ပျက်၊ အစားပျက် ဖြစ်နိုင်တယ်။ ဗိုက်ကယ်နေမယ်။ ဝမ်းညှစ်ရလို့ စအိုကွဲနာ၊ လိပ်ခေါင်း ဆက်ဖြစ်နိုင်တယ်။ ၇ ရက်တပါတ်မှာ ဝမ်း ၃ ခါမသွားသူ ၃ဝ% ရှိတယ်။ ဗမာပြည်မှာ ဝမ်းနုတ်ဆေး ရောင်းကောင်းသလို အမေရိကန်တွေလဲ တနှစ်မှာ ဒေါ်လာသန်း ၇ဝဝ ဘိုး မက ရောင်းရတယ်။
Constipation ဝမ်းချုပ်တယ်ဆိုတာ အူမကြီးကနေ ရေကို ပိုစုပ်ယူလိုက်လို့ ဝမ်းက မာသွားရပြီး အောက်ဆက်ဆင်းရမှာကို တားသလို ဖြစ်လို့ ဖြစ်တယ်။ ဝမ်းမသွားတာ ကြာလေလေ ဝမ်းက ပိုမာလေလေဖြစ်မယ်။ High-fiber foods (ဖိုင်ဘာ) များတဲ့ အစားအစာတွေ စားခိုင်းတယ်။ Fruit အသီးအနှံ၊ Vegetables အသီးအရွက်၊ Whole grain bread အခွံမချွတ်ဘဲ အနှံတွေနဲ့လုပ်တဲ့ ပေါင်မုံ့၊ Meat အသား၊ Cheese ဒိတ်ခဲ၊ Eggs ဥ တွေဖြစ်တယ်။ တနေ့ကို ဖိုင်ဘာ 30g စားသင့်တယ်။ တနေ့ ရေ ဂ ခွက်သောက်ပါ။ Fizzy drinks အချိုရည်တွေ၊ (ကေဖင်း) ပါတာတွေ မသောက်ပါနဲ့။
နာတာရှည် ဝမ်းချုပ်တာကို Functional constipation လို့ခေါ်တယ်။ Biofeedback training နည်းနဲ့ကုသပေးနိုင်တယ်။ Sensors တွေ Electrodes တွေ တပ်ဆင်ပေးထားမယ်။ ကိုယ်ပူချိန်၊ ဦးနှောက်အလုပ်၊ နှလုံးခုန်တာ၊ ကြွက်သားအလုပ် စတာတွေကို Feedback ပေးနေမယ်။ ဒါတွေကိုကြည့်ပြီး လူနာဟာ ပြင်စရာတွေ သိလာပြီး Lifestyle လူနေမှုပုံစံကို ပြင်ပေးရမယ်။
ကလေးငယ်တွေ ဝမ်းချုပ်ရင် ဝမ်းနုတ်ဆေးမလိုပါ။ ရေပိုတိုက်ပေးပါ။ အရွယ်အရ အသီးကျွေးပါ။ မန်ကျီးမှည့်ဖျော်ရည် တိုက်ပါ။ ဝမ်းခြူတောင့် အနေတော် ဝယ်လို့ရပါမယ်။ စအိုထဲထည့်ပေးယုံပါ။ ဝမ်းဆွဲဆရာမရှိရင် ဝမ်းခြူပေးပါ။ ကိုယ်တိုင်လဲ ဆပ်ပြာတောင့်လေးရေဆွတ်ပြီး အနေတော်ထည့်ပေးနိုင်ပါတယ်။ Ducolax for children ဆိုတာ ဝယ်ရပါတယ်။ ဆီတခုခု Liguid paraffin ကိုလဲ ဆေးထိုးပိုက်နဲ့ ဆီးခြူပိုက်သုံးပြီး ဝမ်းခြူပေးနိုင်ပါတယ်။ အဆင်သင့်ဝယ်လို့ရတဲ့ Sodium phosphates enema လဲရှိတယ်။ အရွယ်အရ အနည်း-အများချိန်ဆပြီး သွင်းပေးပါ။
Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ