Hyperthyroidism and Fertility လည်ပင်းကြီး ဟော်မုန်းများရောဂါ နဲ့ သားသမီးရနိုင်ခြင်း

သမီးရဲ့အသက်က (၂၉) နှစ်ရှိပါပြီ။ အိမ်ထောင်ကျပြီး (၆) လလောက်နေတော့ နှလုံးခုန်နှုန်းက အရမ်းမြန်တာနဲ့ ဆေးခန်း သွားပြတာ လည်ပင်းကြီးနေတယ်ဆိုတာ သိရပါတယ်။ ဟော်မုန်းအဆိပ် ဖြစ်တာလို့ ပြောပါတယ်။ သွေးစစ်ပြီး Cazole ဆေးကို သောက်ခိုင်းပါတယ်။ ဆေးသောက်နေတာ ယခုဆိုရင် ၁ နှစ်ရ လရှိပါပြီ။ TSH ကိုတော့ (၆) လ (၁) ကြိမ်လောက် စစ်ဖြစ်ပါတယ်။ သွေးစစ်တာ (၄) ခါရှိပါပြီ။ ရောဂါစဖြစ်ကနေ (၃) ခါ စစ်တာတော့ အဖြေက (TSH > 0.05) နဲ့ ထွက်ပြီး နောက်စစ်တဲ့ အဖြေမှာတော့ (TSH 0.025) နဲ့ထွက်ပါတယ်။ ကလေးလည်း လိုချင်ပါတယ်။ အိမ်ထောင်သက်က (၂) နှစ် ကျော်ပါပြီ။ ဒါကြောင့် ရောဂါမြန်မြန်ပျောက်အောင် ဘယ်လိုလုပ်ရပါမလဲ။ ရောဂါ ဖြစ်နေရက်နဲ့ ကလေးယူရင် ကလေးမှာ တခုခုဖြစ်မှာကို နှစ်ယောက်လုံး စိုးရိမ်မိပါတယ်။ 

လည်ပင်းကြီး ဟော်မုန်းများရောဂါကို Toxic goiter လည်ပင်းကြီးဟော်မုန်းအဆိပ်ဖြစ်တာလို့လည်း ခေါ်ပါတယ်။ အမျိုးသမီးတွေမှာ ၅-၁ဝ ဆ ပိုဖြစ်ကြတယ်။ ရောဂါသေခြာအောင် -

• Physical exam ဆေးစစ်မယ်၊

• Thyroid ultrasound (အာလ်ထွာဆောင်း) ရိုက်မယ်၊

• Blood tests သွေးစစ်မယ် -

1. TSH: the initial screening test

2. T4: the thyroid hormone

3. T3: a second thyroid hormone, of value before treatments start

4. TRAb: Thyroid receptor antibodies

လည်ပင်းကြီး ဟော်မုန်းများရောဂါမှာ Thyroxine (T4) နဲ့ Triiodothyronine (T3) တွေကနေ Metabolic rate ကို များစေတယ်။ ကိုယ်ခန္ဓာအလုပ်မှန်သမျှ အပိုလုပ်နောတာကို ပြောတာဖြစ်တယ်။ T4 နဲ့ T3 ကို ဦးနှောက်ထဲက Pituitary gland (ပစ်ကျူထရီ) အကျိတ်ကနေ ထုတ်ပေးနေတဲ့ Thyroid-stimulating hormone (TSH) က ထိန်းချုပ်နေတယ်။ T4 and T3 များနေရင် TSH က နည်းနေမယ်။ Pituitary gland tumour (ပစ်ကျူထရီ) ကင်ဆာ ကြောင့်လဲ Secondary hyperthyroidism နောက်ဆက်တွဲ လာဖြစ်နိုင်တယ်။ 

လည်ပင်းကြီးဟော်မုန်း များစေတဲ့ နောက်အကြောင်းတမျိုးကတော့ Toxic nodular goiter (တောက်ဆစ်-နိုဒူလာ-ဂွိုက်တာ) ခေါ်တယ်။ လည်ပင်းအကျိတ်ရောင်တာ ဖြစ်ရင် Thyroiditis (သိုင်ရွိုက်ဒိုက်တစ်) ခေါ်တယ်။ ဟော်မုန်းတွေ ပိုထုတ်နေမယ်။ ၂-၃ ပတ်ကြာတယ်။ နာတာရှည်ဖြစ်ရင် Hypothyroidism (ဟိုက်ပို-သိုင်းရွိုက်ဒဇင်) ပြောင်းပြန် ဖြစ်လာမယ်။

Hyperthyroidism ရောဂါလက္ခဏာတွေ နဲ့ နောက်ဆက်တွဲဖြစ်နိုင်တာတွေ -

• နှလုံးခုန်မြန်၊ နှလုံးခုန် မမှန်၊

• ကိုယ်အပူချိန်များ၊ ချွေးထွက်များ၊ 

• ဂနာမငြိမ်ဖြစ်၊ လက်တုန်၊ 

• မောပန်းနေပါစေ လုပ်တာကိုင်တာမှန်သမျှ တက်ကြွနေ၊

• အစားပိုစား၊ လူကပိန်၊

• အိပ်ရေးပျက်၊ ဝမ်းပျက်၊

• မျက်လုံးမို့၊ မျက်ရည်များ၊ ကြည့်ရင်စိုက်ကြည့်၊ 

• အရိုးအားနည်း၊ လည်ပင်းကြီး၊

• ရာသီမမှန်။

ဒီလက္ခဏာတွေက အသက်သိပ်ကြီးသူတွေမှာ နည်းနည်းသာ ခံစားရမယ်။ ဒါပေမဲ့ စိတ်ဓါတ်ကျ၊ အသိဉာဏ်-မှတ်ဉာဏ်နည်း၊ နှလုံးခုန်မမှန်၊ မူးမေ့ချင်၊ အားယုတ်၊ ဒါမှမဟုတ် နှလုံးရောဂါတွေ ဖြစ်လာစေနိုင်တယ်။ အသက်ကြီး အမျိုးသမီးတွေမှာ Thyroid receptor antibodies (အင်တီဘော်ဒီ) များနေတာကို Graves disease (ဂရေ့ဖ်) ရောဂါလို့ ခေါ်တယ်။ ရောဂါပြီးစနစ်ကနေ TSH နဲ့တူတဲ့ ပုံမှန် မဟုတ်တဲ့ (အင်တီဘော်ဒီ) ထုတ်လို့ ဖြစ်လာတယ်။ လည်ပင်းကြီး ဟော်မုန်းများသူ ၈ဝ% မှာ (ဂရေ့ဖ်) ရောဂါဖြစ်တယ်။ မျက်စိပြူးတာဖြစ်တယ်။ အရေပြားလဲ ထူထဲလာနိုင်တယ်။

သိပ်ရှားရှားပါးပါးဖြစ်တတ်တဲ့ Thyroid storm ဟော်မုန်း မုန်တိုင်းထန်တာ ဖြစ်နေရင်တော့ မကောင်းဘူး။ ၂ ယောက် ၁ ယောက် အသက်ကို ရန်ရှာခံရတယ်။ အမျိုးသမီးဆိုရင် နူမိုးနီးယားနဲ့ Ovarian hyperstimlation မျိုးဥအိမ် အလုပ်ပိုလုပ်ခြင်း ဆိုတာတွေ ဖြစ်စေနိုင်တယ်။

လည်ပင်းကြီး ဟော်မုန်းများရောဂါမှာ တခြားရောဂါလက္ခဏာတွေအပြင် မျိုးပွါးလမ်းကြောင်းကိုလဲ သက်ရောက်စေတယ်။ 

• ရာသီမမှန်တာနဲ့ ရာသီမလာတာတွေလဲ ဖြစ်နိုင်တယ်။ 

• မျိုးဥမထွက်တာ ဖြစ်နိုင်တယ်။ Ovulation Prediction Kit သုံးပြီး မျိုးဥ ထွက်-မထွက် စစ်နိုင်တယ်။ မထွက်ရင်လဲ ထွက်အောင်လုပ်လို့ ရပါတယ်။ ဒီရောဂါရှိသူ အမျိုးသမီးတိုင်းက ကလေးမရဖြစ်မှာ မဟုတ်ပါ။

• ဒီရောဂါကို ကိုယ်ဝန်ဆောင်နေမှ သိသူတွေလဲရှိတယ်။ ကိုယ်ဝန်ထဲကကလေးကို ၅% ပြဿနာဖြစ်စေတယ်။ 

• ကိုယ်ဝန် မဆောင်ခင် သိရင် Radioactive iodine ရေဒီယိုသတ္တိကြွဆေးပေးကုသတယ်။ ကိုယ်ဝန် ၁ဝ ပါတ် နောက်မှသိရရင် ဒီဆေးကုသနည်း မလုပ်သင့်ဘူး။ ကလေးကို ထိခိုက်စေမယ်။ သူတို့ကို Propylthiouracil (PTU) ဆေးပေးမယ်။ Celestone (Metamethasone) နဲ့ Hhyroidectomy ခွဲစိတ်နည်းလဲ လုပ်တယ်။ Methimazole ဆေးကို ကိုယ်ဝန်ဆောင်မှာ မပေးသင့်ဘူး။

• ကိုယ်ဝန်ပျက်တာ၊ စောမွေးတာ IUD သားအိမ်ထဲမှာတင် ကလေးသေသွားတာ၊ ကိုယ်ဝန်သွေးဆိပ်တက်တာတွေ ပိုဖြစ်တတ်တယ်။ ဟော်မုန်းများနေတာကို ထိန်းထားနိုင်ရင် ကိုယ်ဝန်ကို ဒုက္ခမပေးပါ။

ဘယ်လို ကာကွယ်မလဲ၊ ကုသမလဲ

• နှလုံးခုန်မြန်နေလို့ပေးတဲ့ Propanolol ဆေးဟာ ရောဂါအခြေခံကို ကုတာမဟုတ်ပါ။ နှလုံးခုန်တာ သက်သောနေစေမယ်။

• လည်ပင်းကြီးအကျိတ်က ဟော်မုန်းထုတ်နိုင်အောင် (အိုင်အိုဒင်း) ဓါတ်ဆား နည်းနည်း အမြဲ လိုနေတယ်။ များပြန်ရင်လဲ ဟော်မုန်းသိပ်ထုတ်မပေးပြန်ဘူး။ ဒါကြောင့် (အိုင်အိုဒင်း) ဓါတ်ဆားပေး ကုသတာကို အမြဲမသုံးဘူး။ Thyroid storm လည်ပင်းကြီး မုန်တိုင်းထန်တာမျိုး ဖြစ်နေတာကို ချနိုင်အောင် ရေတိုသာ သုံးတယ်။

• ရေဒီယိုသတ္တိကြွ (အိုင်အိုဒင်း) သုံးနိုင်တယ်။ ကို်ယ်ဝန်ဆောင်နေတုံးမှာ မပေးပါ။ ပေးတာ များသွားပြန်ရင်လဲ ပြောင်းပြန်ဖြစ်မယ်။ အဲလို Hypothyroidism ဟော်မုန်းနည်းရောဂါ ဖြစ်ရင်တော့ ဟော်မုန်း အစားထိုးပေးနေရတော့မယ်။

• Propylthiouracil နဲ့ Methimazole (Tapazole or Thiamazole or MMI) ဆေးတခုခုသုံးတယ်။ ၆ ပတ်ကနေ ၃ လအထိပေးလေ့ရှိတယ်။ 

• တချို့လူနာတွေကို Thyroidectomy ခွဲထုတ်ပေးတယ်။ ခွဲထုတ်သူတွေကို နောက်ပိုင်းမှာ Thyroid hormone replacement ဟော်မုန်းအစားထိုးဆေး တသက်လုံး ပေးနေရတတ်တယ်။ 

• Cazole ဟာ Carbimazole ဖြစ်တယ်။ Neomercazole, Vidalta, Camazol စတဲ့နာမည်တွေနဲ့လာတယ်။

ဒေါက်တာတင့်ဆွေ

၁၁-၇-၂၀၁၅

၁၁-၇-၂၀၂၁

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ