Insecticide-Treated Bed Nets ခြင်ထောင်ကို ခြင်ဆေးစိမ်နည်း

စစ်ဘေးရှောင်ဒေသတွေမှာ အရေးပေါ်လိုအပ်နေတဲ့ ဆေးစိမ်ခြင်ထောင်အလှူခံပါတယ်။

ခြင်မကပ်နိုင်အောင် ဆေးသုတ်ပေးထားတဲ့ခြင်ထောင်ကို Insecticide-treated bed nets (ITNs) လို့ခေါ်ပါတယ်။ ခြင်းကတဆင့်ကူးစက်တဲ့ရောဂါတွေကာကွယ်ရေးနည်းတွေထဲက နည်းတခုဖြစ်တယ်။ ဒီနည်းသုံးလို့ အဲလိုရောဂါတွေ ထူပြောတဲ့ အာဖရိကမှာ ၅ နှစ်အောက်ကလေးသေဆုံးတာ ၂ဝ% လျှော့ကျလာပါတယ်။ ဆေးက ခြင်သာမကာ တခြား အင်းဆက်ပိုးမွှားတွေကနေပါ ကာကွယ်မှုပေးမယ်။

ခြင်ထောင်အရွယ်အစားက အမျိုးမျိုးရှိလို့ ဆေးသုံးနည်းကိုလိုက်နာရပါမယ်။ ခြင်ထောင်လုပ်ထားတဲ့အစကလည်း အမျိုးမျိုး polyester, polyethylene, polypropylene စသဖြင့်ရှိတယ်။

Pyrethroid insecticides ဆေးကိုသာ အသိအမှတ်ပြုထားသေးတယ်။ နေရောင်ခံတယ်။ လျှော်ဖွပ်ခံတယ်။ ဆေးမပျယ်ဘဲ တာရှည်နေတယ်။ ဆေးနည်းနည်းကျန်သေးတာတောင် ခြင်းကိုသေစေမယ်။ အရင်က ၆ လကနေ ၁၂ လအထိခံတယ်။ ဆေးစိမ်ပြီး အရိပ်ထဲမှာ ခြောက်စေသင့်တယ်။

သုံးစွဲတာကြာလာတော့ ဆေးယဉ်လာတာကို စိုးရိမ်ချက်ထားပါတယ်။ အဲတာကြောင့် Piperonyl butoxide (PBO) ဆေးကိုပါ Pyrethroid insecticide ဆေးနဲ့တွဲသုံးလာရတယ်။ ပိုထိရောက်သလားကတော့ လေ့လာမှုတွေ လုပ်နေဆဲ ဖြစ်ပါတယ်။ WHO ကတော့ ဆေး ၂ မျိုးရောဘို့ မပြောသေးပါ။

Long-Lasting Insecticide-treated Nets (LLINs) တာရှည်ခံခြင်ထောင်သုံးခြင်ဆေးပေါ်လာပြီ။ ဆေးတခါ စိမ်ပေးထားရင် ၃ နှစ်အထိခံတယ်။ အကြိမ်ကြိမ်လျှော်လို့လည်းရတယ်။ WHO Pesticide Evaluation Scheme (WHOPES) ကနေ ၁၅ မျိုးအသိအမှတ်ပြုပေးထားတယ်။ အမေရိကန် CDC ကတော့ စစ်ဆေးတုန်းရှိပါသေးတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Colorectal cancer အူမကြီး ကင်ဆာ