Paracetamol Syrup (ပါရာစီတမော) အရည်

၁။ ပါရာစီတမောကို အရည်ဖျော်ပြီး ကလေးကိုယ်အလေးချိန်အရတိုက်ပါဆိုတာ ကိုယ်အလေးချိန် ဘယ်လောက်မှာ ဘယ်အချိုးအစားလောက် တိုက်ကျွေးသင့်ပါသလဲ ခင်ဗျာ။
၂။ ဆရာမင်္ဂလာပါ။ ကျွန်မနာမည်က - ပါ။ မန္တလေးကပါ။ အသက်က ၂၃ နှစ်ပါ။ ကျွန်မကလေးက ၁ လပဲ ရှိပါသေးတယ်ဆရာ။ ကလေးကဖျားနေလို့ ဆေးတိုက်လို့ရလား။ ရရင်ဘာဆေးတိုက်ရမလဲဆရာ။ ကျွန်မက ပထမဦးဆုံးကလေးဆိုတော့ ဘာမှမလုပ်တတ်လို့ပါဆရာ။
၃။ ဘိုင်အိုဂျက်ဆစ်ရှိတယ်ဆရာ။ .၅ စီစီလောက်ဆိုရလားဆရာ။ အသက်က ၅ လ မပြည့်သေးပါဘူး။ ကိုယ်အလေးချိန် ၁ဝ ကေဂျီ ရှိပါတယ်။
၄။ ဆရာရှင့် သားလေးက ၂ လ နှင် ၃ ပတ်ရှိပါပြီ။ ၄ ရက်နေ့က ငါးမျိုးစပ်ကာကွယ်ဆေးထိုးရပါတယ်။ နောက်တရက်မှ ဖျားပါတယ်။ အဲဒါ biogesic drop ကို drop တချောင်းစာကို ၆ နာရီခြားတိုက်ပါတယ်။ အဲဒါ တစ်ရက်ဖျားပြီး နောက်ရက် ကျတော့မဖျား တော့ပါဘူး။ ကာကွယ်ဆေးထိုးရင် ပုံမှန်ဘယ်နှစ်ရက် ဖျားတတ်ပါသလဲဆရာ။ အဲဒါ biogesic ဆိုတာ course ကို ဘယ်လိုတိုက်ရင် အပြီးလို့ သတ်မှတ်လို့ရပါသလဲ။ မဖျားရင်တိုက်စရာမလိုတော့ဘူးလား။ ဆေးတိုက်တာ over dosage ဖြစ်မှာလည်း စိုးရိမ်ပါတယ်။ 

Biogesic = Paracetamol ပါရာစီတမောလ်ဖြစ်တယ်။ (ကိုယ်ပူ + အနာအကိုက် + အရောင်သက်သာဆေး) ဖြစ်တယ်။ ဆေးကို ဘယ်နှစ်ရက်တိုက်ရမယ်ဆိုတဲ့ Course မရှိပါ။ လိုအပ်ချိန်မှာ တိုက်ရတဲ့ ဆေးအမျိုးအစားသာ ဖြစ်တယ်။ အများဆုံး ၆ နာရီတကြိမ်တိုက်ရတယ်။ မလိုတာနဲ့ ချက်ချ ရပ်လိုက်လို့ရတယ်။ Overdose ဆေးတိုက်များတာ ရှိတယ်။ အသည်းကိုထိခိုက်တယ်။

Paracetamol (ပါရာစီတမော) အရည် ၂ဝ၁၁ နိုဝင်္ဘာ လမ်းညွှန်ချက်အသစ်
(ယူကေ) အစိုးရအဖွဲ့အစည်းတခုဖြစ်တဲ့ Medicines and Healthcare products Regulatory Agency (MHRA) ကနေ ဆေးဝါးနဲ့ ဆေးသုံးပစ္စည်းတွေကို အမြဲမပြတ် လေ့လာဆန်းစစ်မှုတွေလုပ်ပြီး လမ်းညွှန်ချက် အသစ်တွေ ထုတ်ပြန် ပေးနေပါတယ်။ အခုအစီရင်ခံစာကတော့ (ပါရာစီတမော) အရည်အတွက် လမ်းညွှန်ချက်သစ် ဖြစ်ပါတယ်။

Paracetamol (ပါရာစီတမော) ဟာ အများကြီးသုံးပြီး နာတာနဲ့ ဖျားတာအတွက် အသက် ၂ လသားကနေ အထက် အတွက် ထိရောက်တဲ့ဆေးလဲ ဖြစ်တယ်။ Vaccination fever ကာကွယ်ဆေးထိုးလို့ ကိုယ်ပူတာအတွက်ပါ ပေးနိုင်တယ်။ တချို့ကို ဆေးကောင်တာမှာ အလွယ်ဝယ်နိုင်သလို တချို့ကြ ဆရာဝန်လက်မှတ် လိုပါတယ်။ ဗြိတိန်မှာ ၆ လသား ကလေးတွေထဲက ၈% ဟာ ဒီဆေးသောက်ဘူးကြတယ်။ ကလေးတွေအတွက် ရည်ရွယ်ပြီး ဆေးရည်အနေနဲ့ ရောင်းပါတယ်။ အစဉ်အလာအရ ဆေးကို ကိုယ်အလေးချိန်နဲ့ ဘယ်လောက်ပေးမလဲ ဆုံးဖြတ်ပါတယ်။ တခါတလေမှာ လက်တွေ့မကျတာ ရှိတယ်။

(က) Infant paracetamol suspension (120 mg/5 mL) (ပါရာစီတမော) ကလေးဆေးရည်
၂-၃ လအရွယ်၊ လစေ့မွေးထားတဲ့ကလေး၊ ၄ ကေဂျီကျော်ကလေး၊ ကာကွယ်ဆေးထိုးလိ့ ကိုယ်ပူတာ နဲ့ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တကြိမ်၊ ဒါမှမဟုတ် ၄-၆ နာရီခြားပြီး နောက်တကြိမ်။
• ၂ အောက်ကလေး မပေးရ၊
• တနေ့မှာ ၂ ခါထက်ပိုမပေးရ၊
• တခါနဲ့တခါ ၄ နာရီထက် မနီးရ၊
၃-၆ လအရွယ်၊ ကိုယ်ပူတာ၊ နာတာတွေအတွက် 2⋅5 mL တနေ့ ၄ ကြိမ်၊
၆-၂၄ လ အရွယ်၊ 5 mL တနေ့ ၄ ကြိမ်၊
၂-၄ နှစ် အရွယ်၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
၄-၆ နှစ်အရွယ်၊ 10 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊

(ခ) Paracetamol six plus suspension (250 mg/5 mL) အသက် ၆ နှစ်အထက်ကလေးတွေအတွက် (ပါရာစီတမော) ဆေးရည်
• ၆-၈ နှစ်ကလေး၊ 5 mL တနေ့ ၄ ကြိမ်၊
• ၈-၁ဝ-နှစ်ကလေး၊ 7⋅5 mL တနေ့ ၄ ကြိမ်၊
• ၁ဝ-၁၂ နှစ်ကလေး၊ 10 mL တနေ့ ၄ ကြိမ်၊
• ၁၂-၁၆ နှစ်ကလေး၊ 10–15 mL တနေ့ ၄ ကြိမ်၊
• တနေ့ ၄ ကြိမ်ထက် မပိုစေရ၊
• တကြိမ်နဲ့ တကြိမ် ၄ နာရီထက် မနီးစေရ၊
• ဆရာဝန်ကမညွှန်ဘဲ ၃ ရက်ထက်ပိုမပေးရ၊
• ၆ နှစ်အောက်ကလေး မပေးရ၊

ဘေးထွက်သက်ရောက်မှုများ
• ဆေးများများပေးရင် (တနေ့မှာ 2,000 mg ထက်ပိုရင်) အစာလမ်းကြောင်းအထက်ပိုင်း (အစာအိမ်) ကနေ သွေးယိုလာနိုင်တယ်။
• ဆေးကို သိပ်ကြာကြာသုံးရင် (တနှစ်မှာ 300 gm ဒါမှမဟုတ် တနေ့မှာ 1 gm) ပေးရင် Small Indented and Calcified Kidneys ဆိုတာ ဖြစ်စေနိုင်တယ်။ ကျောက်ကပ်မကောင်းရင်လဲ မပေးသင့်ဘူး။
• Hepatotoxicity အသည်းကို ထိခိုက်စေတယ်။
• ဆေးကို ခဏခဏသုံးတာ များလာရင် ဆေးအဆတိုးမှ သက်သာစေတယ်။
• အရက်သောက်တာ၊ အစာမစားဘဲနေတာ၊ အစာစားချင်စိတ် မရှိသူတွေမှာ ဆေးရဲ့ ဘေးထွက်ဆိုးကျိုး ပိုရစေနိုင်တယ်။
• တီဘီ ဆေးတွေထဲက Isoniazid (INH) နဲ့ တွဲမပေးသင့်ဘူး။
• ကိုယ်ဝန်ဆောင်နဲ့ ကလေးနို့တိုက်နေသူတွေ ဆရာဝန်နဲ့ တိုင်ပင်သောက်ရမယ်။
• Paracetamol နဲ့အတူ တခြား အနာ-အကိုက်သက်သာဆေး (Aspirin, Ibuprofen, Mefenamic acid. Diclofenic) နဲ့ ရောထားတာသုံးရင်လဲ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ရမယ်။
• ၁၂-၁၁-၂၀၁၁ နေ့က (ပါရာစီတမော) ဆေးနဲ့ တခြားဆေးတမျိုးမျိုးကို တွဲရောင်းတာမှန်သမျှ တပြား-တတောင့်မှာ Paracetamol 325 mg ထက် ပိုပြီး မပါစေဘို့ ထုတ်ပြန်လိုက်ပါတယ်။
• သွေးကျဲဆေး၊ ကိုယ်ဝန်တားဆေးတွေနဲ့ အတူသောက်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။

Dr. တင့်ဆွေ
၃၀-၅-၂၀၁၅

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ