Spherical Earth ကမ္ဘာကြီးသည်

ကမ္ဘာကြီးဟာလုံးဝန်းသောပုံပန်းသဏ္ဌာန်ရှိသည်ဆိုတဲ့အယူအဆကို ဘီစီ ၆ ရာစု ဂရိခေတ်ကတည်းကသိခဲ့ပါတယ်။ ကမ္ဘာကြီးကို ကြံ့ုသွားစေခဲ့ပြီလို့ ကြုံးဝါးနေကြတယ်။ ကမ္ဘာဆိုတာသေးသေးလေးပါကွာလို့ပြောတာက နေရာတခုမှာ မထင်မှတ်ပဲ အသိတယောက်ကို ပြန်တွေ့တဲ့အခါမျိုးမှာပြောတယ်။ ကမ္ဘာရွာဆိုတဲ့အသုံးပေါ်လာတာ အမှန်က စာရေးဆရာ မာရှယ် မက်လူဟန်က ၁၉၆၂  မှာစာအုပ်ရေးတာကနေစပါတယ်။ မီဒီယာကျယ်ပြန့်လာတာကိုရေးတာပါ။ ကနေ့ လူသိများတဲ့ ကမ္ဘာရွာဆိုတာ အင်တာနက်ပေါ်လာမှပြောကြာတာဖြစ်တယ်။ ကမ္ဘာကြီးပြားပြီဆိုတာကတော့ သောမတ်စ် ဖရီးမင်းရဲ့စာအုပ်ကြောင့် ဖြစ်ပါတယ်။ 

ဖေ့စ်ဘွတ်ပေါ်လာတော့ ဘယ်မှာနေနေ နေ့နေ့ညည ဆက်သွယ်ရတာ ပိုလွယ်လာတယ်။ အသံ၊ ရုပ်ပုံ၊ ဗီဒီယို အစုံပါပဲ။ အဲတော့ ဝေးကွာမှုတံတိုင်းဆိုတာ မရှိတော့သယောင် ထင်မှတ်လာစေတယ်။ အထင်ပါ။ အသိတွေ၊ မိတ်ဆွေတွေ၊ အမျိုးတွေက လက်ဖက်စို၊ လက်ဖက်ခြောက်၊ ငါးခြောက်စသဖြင့် ပို့ပေးချင်တယ်တဲ့။ နေပါစေလို့ ပြန်ပြောရတာ အားနာတာတခုတည်းမကပါ။ ပစ္စည်းပို့ရတာ လူကြုံကောင်းအုံးတော့ ခက်ခဲပါတယ်။ 

၂၀၁၅ တုန်းက ရေဘေးသင့်သူတွေဆီပို့ပေးဖို့ရာ ပြည်ပမှာနေရသူတွေက အကူအညီတွေစုဆောင်းနေတာတွေ ဖတ်နေရတယ်။ ကမကထလုပ်ကြသူတွေကို ချီးကျူးစရာကောင်းတယ်။ အခုလေးတင်ဖတ်ရတယ်။ စင်္ကာပူရောက် ညီအကိုညီအမများရှင့် သဇင်မဂ္ဂဇင်းက ရေဘေးအလှူအတွက် အကျီီႌအဝတ်အထည်များခဏလက်ခံတာ ယာယီပိတ်ထားပါတယ်။ လှူဒါန်းသူတွေ များလွန်းလို့ သယ်ယူဖို့ အခက်အခဲနည်းနည်း ဖြစ်နေလို့ပါတဲ့။

ကမ္ဘာကြီးမှာ အတားအဆီးတွေ၊ အကွာအဝေးတွေ အမှန်တကယ်ရှိနေပါတယ်။ ဖေ့စ်ဘွတ်မှာ မွေးနေ့လက်ဆောင်ကိတ်မုံ့ သုံးဆောင်ပါလို့ပို့သလို မရပါ။ ဗာကျူရယ်ခေတ်မှာ အတုအပကိုသာ သာယာပျော်မွေ့ခံစားကြသူများ အိပ်မက်ကို တခန်းရပ်သင့်ကြပါတယ်။ 

ကိုယ်ထိလက်ရောက်၊ ကာယကံမြောက်ကို အစားထိုးလို့မရနိုင်ပါ။ အကူအညီတွေ လက်ထဲအထိရကြပါစေ။

၂၀၂၁ မှာတော့ ပြည်တွင်းကို ပြည်ပကနေ ကူတာ လှူတာ အတော်ကို သတိထားရတယ်။ အထဲမှာ တချို့ အဖမ်းခံရတယ်။

ဒေါက်တာတင့်ဆွေ

၁-၈-၂၀၁၅

၁-၈-၂၀၂၁


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ