Zoom Meeting အမျိုးမျိုး အဖုံဖုံ

၁၉၉၀ အမတ်အစုနဲ့ ၂၀၂၀ အမတ်အစု အစည်းအဝေး အခုပဲ ပြီးပါတယ်။ 

အတွေ့ကြုံတွေ ပြန်မျှပေးနိုင်ပါစေ ဆရာ။

စကားဝိုင်းတွေက အမျိုးမျိုး။ အစည်းအဝေးတွေကလည်း အဖုံဖုံ။

လူကြီးတွေစကားပြောရာ ကလေးတွေ ပါလေ့မရှိ။ ကလေးတွေကလည်း စိတ်မဝင်စား။ လူငယ်တွေ စကားဝိုင်းထဲ လူကြီးတွေ မလာစေချင်။ သူ့အရွယ်နဲ့ သူအရေး အရေးကြီးကြတာချည်းပဲ။ သူတို့ပြောတာက ပိုကောင်းလို့တော့ မဟုတ်။

အမတ်အစည်းအဝေးနဲ့ ဖေ့စ်ဘွတ်မှာ ဖတ်ချင်သူဖတ်၊ မဖတ်ချင်သူ ကျော်သွားနဲ့က မတူ။ ရေးတင်သူကတော့ ကောင်းလှပြီ၊ မှန်လှပြီ၊ သူတင်ထာ လူတွေကဖတ်ကြမှာဘဲလို့ တင်တာဘဲ။

ကျန်းမာရေး - ကျွန်တော်တင်လည်း တချို့စာ (-) ယောက်၊ တချို့စာ (-) ယောက်သာ ဖတ်တယ်။

ဇာတ်တိုက်နေတာ - လူမလာစေချင်တာကလည်း ရှိသေးတာ။

နိုင်ငံရေး - စစ်သင်တန်းတက်နေတာ ချောင်းပြီးဓါတ်ပုံသူကရိုက်။ စစ်ကောင်စီက ပိုက်ဆံပေးထားသူကလည်း ချောင်းရိုက်။

အမတ်အစည်းအဝေးကနေ တင်ပြသင့်တာ မတင်ပြရင်လည်း တာဝန်မဲ့တယ်။ မပြောသင့်တာ ပြောမိရင် လူတချို့ သေနတ်နဲ့ပစ်ခံရနိုင်တယ်။

နားထောင်သူတွေကို ပြောသင့်တာ ပြောပါမယ်။ ဖေ့စ်ဘွတ်မှာတော့ ဓါတ်ပုံတပုံဆို လွန်လှပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Insomnia အိပ်မရခြင်း