Blood Thinners သွေးကျဲဆေးများ

၁။ မင်္ဂလာပါဆရာ။ ကျွန်တော့်အသက်က ၂၉ ယောက်ကျားလေးပါ။ နှလုံးအစို့ရှင်နှစ်ခုလဲထားပါတယ်။ အရင်က INR 2, 3, 4 မှာပဲပုံမှန်ရှိနေပါတယ်။ Warfarin 4 mg သောက်ရပါတယ်။ အခု INR စစ်ကြည့်လိုက်တော့ 6.40 ဖြစ်နေပါတယ်။ မန္တလေးသွားဖို့ကလဲမလွယ်ကူသေးလို့ပါဆရာ။ ဘယ်လိုလုပ်ရမလဲ​လမ်းညွှန်ပေးစေလိုပါတယ်ဆရာ။

INR test ဆိုတာ သွေးခဲခြင်းကို စမ်းတာဖြစ်တယ်။ prothrombin time (PT) လို့လည်း ခေါ်တယ်။ blood-thinning medicines (anticoagulants) သွေးကျဲဆေးပေးထားသူတွေကို စစ်ရတယ်။

INR 1.0 ကနေ 1.5 အထိ ပုံမှန်။ INR 2.0 ကနေ 3.0 အထိရှိရင် ဆေးက ထိရောက်တယ်လို့ သတိမှတ်တယ်။

အဆို့ရှင်လို့ ရေးရတယ်။ အပိတ်အဆို့၊ ကလေးနို့စို့။

၂။ ဆရာ တခုလောက်မေးချင်ပါတယ် ကျွန်မ ညီမအတ ွက်မေးမှာပါ။ အသက်က ၃၄ ပါ ကိုယ်ဝန် ၄ ခါပျက်ဖူးပါတယ် အခုကိုယ်ဝန်နဲ့ပါ ဆရာဝန်ပြောတာတော့ သူ့မှာ သေ ွးခဲတတ်တဲ့ ရောဂါရှိလို့ ကလေးမတင်ဘဲ ပျက်ကျတာလို့ပြောပါတယ်။ ဒါကြောင့် ဒီတခါ ကိုယ်ဝန်မြဲအောင်လို့ Enoxaparin sodium injection USP 40 mg./0.4ml ကို တနေ့တလုံး ကလေးမေ ွးတဲ့အထိထိုးရမယ်ပြောလို့  ခုနေ့တိုင်းထိုးနေရပါတယ်။ အခု ကိုယ်ဝန်က ၂ လပါဆရာ။ အဲဒီဆေးက အခု ရှာမရဖြစ်နေပါတယ် စျေးလေ့ (စျေးလည်း) အများကြီးပေးဝယ်နေရပါတယ်။ အဲဒီဆေးမထိုးဘဲ ဘာဆေးများ သောက်လို့ရမလဲမေးချင်တာပါဆရာ။ ဖြေပေးပါနော် ကျေးဇူးအများကြီးတင်ပါတယ် ဆရာ

သွေးကျဲဆေး အမျိုးမျိုးရှိတယ်။

Blood Thinners

Apixaban (Eliquis)

Dabigatran (Pradaxa)

Edoxaban (Savaysa)

Heparin (various)

Rivaroxaban (Xarelto)

Warfarin (Coumadin)

ဆထုပ် ခေါ် ဦးနှောက်သွေးကြောထဲ သွေးခဲခြင်းမဖြစ်အောင် ဒီဆေးတွေကို အသုံးများတယ်။ မေးခွန်းပါလူနာကို စမ်းသပ်ကုသပေးတဲ့ အိုဂျီကညွှန်တဲ့ဆေး သင့်ပါမယ်။

၃။ ဆရာ မဂ်လာပါ ခင်ဗျာ့ ဒီအချိန်မှာ သွေးကျဲဆေး Clopidenk or Clopilet သောက်ဖို့ လိုအပ်ပါသလား ခင်ဗျာ့ ရိုသေလေးစားစွာနဲ့ မေးမြန်းအပ်တယ်ခင်ဗျာ

သွေးကျဲဆေးဆိုတာ အမျိုးမျိုးရှိ။ ဆေးတိုင်းမှာ အားဆေးဆိုတာကအစ ဘေးထွက်သက်ရောက်မှု ရှိ။ ဘယ်ဆေးမဆို အကျိုးနဲ့ အပြစ် ချိန်ဆေပေးရ။ 

Blood Thinner Side Effects သွေးကျဲဆေး ဘေးထွက်သက်ရောက်မှုများ

heavy periods ရာသီသွေးဆင်းတာများခြင်း (ကန်တော့)

bloody or discolored urine or feces ဆီးထဲ ဝမ်းထဲ သွေးပါခြင်း။ (ကန်တော့)

nosebleeds နှာခေါင်းသွေးယိုခြင်း

bleeding gums သွားဖုံးသွေးယိုခြင်း

prolonged bleeding from a cut ထိခိုက်ဒဏ်ရာ သွေးမတိတ်နိုင်ခြင်း

dizziness ခေါင်းမူး

muscle weakness ကြွက်သားအားနည်း

hair loss ဆံပင်ကျွတ်ခြင်း

rashes အနီကွက်ပေါ်ခြင်း။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ