EPI Pen ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ ရှိရမယ်


၁။ ဆရာရှင့် ကျမ အသက် ၄၇ အိမ်ထောင်ရှင် ကလေးတယောက်အမေပါ၊ ကျမ အသက် ၂ဝခန့်က လေးဘက်နာရောဂါကြောင့် ဆရာဝန်ပေးသော penicillin သောက်ဆေးတလုံးသောက်ပြီးချက်ချင်း ပါးစပ်တွင် အဖုကြီးထွက်ပြီးဖူးယောင်လာပါတယ်။ တခြားအသက်ရှုကျပ်ခြင်း နှင့်ဆိုးရွားသည့်အခြေအနေသို့တော့မရောက်ခဲ့ပါရှင့်၊ ဆေးကိုလည်းတလုံးသောက်ပြီးဆက်မသောက်တော့ပါရှင့် ၊ ကုသပေးသည့်ဆရာဝန်က ကျမသည် penicillin နှင့်ဓါတ်မတည့်သူဟုပြောပါတယ်ရှင့်၊ ယခု ကိုဗစ်ကာကွယ်ဆေးထိုးရန်ဆန္ဒရှိသဖြင့် ထိုးရန့်သင့် မသင့် ညွှန်ကြားပေးစေချင်ပါတယ်ရှင်၊

ပနယ်စလင်မတည့်တိုင်း တခြားဆေး မတည့်တာလို့ ပြောမရပါ။

၂။ ဆရာရှင့် အသက် ၃၇ နှစ် ကလေးအမေ တယောက်ပါရှင့် ဆရာ့စာထဲမှာ အလာဂျီ ဆိုးဆိုးဝါးဝါးဖြစ်ထားတဲ့သူ ကိုဗစ် ကာကွယ်ဆေး မထိုးရလို့ ရေးထားလို့ပါဆရာပြောထားတဲ့ ဆိုးဆိုးဝါးဝါး ဆိုတာ ဘယ်လို အခြေအနေကို ပြောတာပါလဲရှင့် ကျမက အလာဂျီ ဖြစ်လို့ ဆေးထိုး ထားရတဲ့သူပါ ကာကွယ်ဆေးထိုးလို့ရပါလားရှင့်

၃။ ဆရာ အလာဂျီဖြစ်ဖူးပါတယ် ဆီးချိုရှိပါတယ် ဆရာရေးထားတာအားလုံးဖတ်မှတ်ပါတယ် အခု ဆရာရေးထားတဲ့ အလာဂျီဆိုးဆိုးရွားရွားဖြစ်ဖူးသူဆိုတာဘယ်လိုအဆင့်ပါလဲဆရာ ကန်တော့ပါဆရာ ပုံပြထားပါတယ် ရုံးကကာကွယ်ဆေးထိုးပေးမယ်ဆိုလို့ပါ အသက် ၃၉ အမျိုးသမီးပါဆရာ အလာဂျီကပြီးခဲ့တဲ့ covid first wave ကဖြစ်ဖူးတာပါ အခု 3rd wave မှာအနံ့ပျောက်ခဲ့ပါတယ် ဆရာပြောသလိုသေချာနေထိုင်ခဲ့လို့မိသားစုမကူးခဲ့ပါဘူးဆရာ ကျေးဇူးအရမ်းတင်ပါတယ်ရှင့်

ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ EPI Pen ရှိရမယ်။ ကိုယ်တိုင်လည်း အမြဲဆောင်ထားသင့်တယ်။ ဆေးသက်တမ်းကိုလည်း စစ်ပါ။

EPI Pen ထိုးဆေးကို  မြန်မာပြည်မှာပုံထဲကအတိုင်း မရလောက်ပါ။ အခုမှကောက်ထုတ်ပြီး တရုပ်တံဆိပ်နဲ့ ရောင်တဲ့ဆေးကလည်း စိတ်မချရနိုင်။ ဆေးထဲမှာပါတဲ့ Epinephrine injection က မြန်မာပြည်မှာ ဆေးခန်းတိုင်းမှာ ရှိပါမယ်။ စျေးလည်းမကြီး။ ရှာရလည်း လွယ်တယ်။ ဆေးထိုးစင်တာတွေမှာ ပါ မပါတော့ မသိပါ။ Epinephrine 1 cc (0.3 - 0.5  ml) သာလိုတယ်။

Each EpiPen Auto-Injector, 0.3 mg delivers a single dose of 0.3 mg epinephrine from epinephrine injection, USP 1:1000 (0.3 mL) in a sterile solution.

Epinephrine injection ဆေးမတည့်ခြင်းအတွက် အရေးပေါ် ထိုးဆေး https://dr-tint-swe.blogspot.com/2021/08/epinephrine-injection.html
COVID-19 vaccine contraindication ကိုဗစ်ကာကွယ်ဆေး မထိုးသင့်သူများ https://dr-tint-swe.blogspot.com/.../covid-19-vaccine...
Allergy Relief Kit အလာဂျီရှေးဦးသူနာပြု https://dr-tint-swe.blogspot.com/.../allergy-relief-kit.html
Adrenaline နဲ့ Hydrocortisone https://dr-tint-swe.blogspot.com/.../adrenaline...
Allergies Treatment (အလာဂျီ) ကိုကုသခြင်း https://dr-tint-swe.blogspot.com/.../allergies-treatment..
ကာကွယ်ဆေးထိုးပေးတဲ့ဆေးခန်းမှာ EPI Pen ရှိရမယ် https://dr-tint-swe.blogspot.com/2021/07/allergy-relief-kit.html

ဆေးရုံ ဆေးခန်း ဆေးထိုးတဲ့နေရာတိုင်းမှာ အရေးပေါ်အလာဂျီကုသဆေးလည်း ရှိပါမယ်။ အနည်းဆုံးတော့ Epinephrine ရှိပါမယ်။ အသက်ကယ်နိုင်တယ်။ စျေးမကြီး။ မရှား။

ကပ်ရောဂါဘေးက ဝေးကြပါစေသတည်း။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ