Hippocratic Oath ဟစ်ပိုခရေးတီးစ် ပဋိညာဉ်


ဆရာဝန်တဦးက တခြားဆရာဝန်တဦးရေးတာကို  တဆင့်တင်ပြထားတာ ပါ်လစီသတ်ပုံဖြစ်နေတယ်။ ခေတ်မီဆေးပညာဖခင်ကြီး Greek physician Hippocrates က (460–370 BC) မှာပေါ်ထွန်းခဲ့တယ်။ ပဋိညာဉ်ကို ဂရိလိုရေးတယ်။ အခုထိ ဂရိစာကို စာလုံးတွေမပြင်ပါ။ အင်္ဂလိပ်လိုဘာသာပြန်တာလည်း ရာစုနှစ်တွေကြာပြီ။ စပယ်လင်မပြင်ကြပါ။ မြန်မာလို ဘာသာပြန်တယ်။ သတ်ပုံပြင်ကြတယ်။ အဲလိုလုပ်တာ မြန်မာတနိုင်ငံတည်းမှာသာရှိတယ်။ ဂုဏ်ယူကြပါသလော။

အောက်က ပဋိညာဉ်က ကျွန်တော်ဘာသာပြန်တာဖြစ်ပါတယ်။ မူကွဲတွေများတယ်။

ဟစ်ပိုခရေးတီးစ် ပဋိညာဉ်

• I promise that my medical knowledge will be used to benefit people’s health; patients are my first concern. I will listen to them, and provide the best care I can. I will be honest, respectful, and compassionate towards them.

• ကျွန်ုပ်၏ ဆေးပညာသည် လူတို့၏ အကျိုးစီးပွါးအတွက် အသုံးချပါမည်ကို ကတိပေးပါသည်။ လူနာသည် ပဌမ ဦးစားပေး ဖြစ်သည်။ သူတို့ပြောသည်ကို နားထောင်၍ တတ်စွမ်းသရွေ့ စောင့်ရှောက်ပါမည်။ ရိုးသားသော ကရုဏာဖြင့် လေးစားခြင်းကို ရယူပါမည်။

• I will do my best to help anyone in medical need, in emergencies. I will make every effort to ensure the rights of all patients are respected, including vulnerable groups who lack means of making their needs known.

• မည်သူ့ကိုမဆို အရေးပေါ် ကျန်မာရေး လိုအပ်ချက် ရှိလာလျှင် အကောင်းဆုံး အကူအညီပေးပါမည်။ လိုအပ်ချက် မပြည့်စုံကြသော ရောဂါဝေဒနာ ရလွယ်ကြသူများ အပါအဝင် လူနာတို့၏ အခွင့်အရေးကို မည်သည့် အခါမဆို လေးစားပါမည်။

• I will exercise my professional judgment as independently as possible, uninfluenced by political pressure or the social standing of my patient. I will not put personal profit or advancement above my duty to my patient.

• ကျွန်ုပ်၏ ပညာပိုင်းဆိုင်ရာ ဆုံးဖြတ်အား နိုင်ငံရေး၊ လူမှုရေးတို့၏ သက်ရောက်မှုများမှ ကင်းပလျက် အတတ်နိုင်ဆုံး လွတ်လပ်စွာ ချမှတ်ပါမည်။ လူနာအတွက် ထမ်းရွက်မှုအပေါ်မှာ အမြတ်ထုတ်ခြင်း၊ ရာထူးတိုးခြင်းတို့အတွက် လုပ်ဆောင်မည် မဟုတ်ပါ။

• I recognize the special value of human life, but I also know that prolongation of life is not the only aim of health care. If I agree to perform abortion, I agree it should take place only within an ethical and legal context.

• ကျွန်ုပ်သည် လူ့အသက်၏ အထူးအရေးပါမှုကို သိရှိပါသည်။ သို့တစေ အသက်ဆက်လက် ရှင်သန်ရေးဆိုသည် ကျန်းမာရေးစောင့်ရှောက်ခြင်း၏ တခုတည်းသော ရည်ရွယ်ချက် မဟုတ်သဖြင့် အကယ်၍ ကိုယ်ဝန်ဖျက်ရန် လိုအပ်လာပါက ဥပဒေကြောင်းအရလည်းကောင်း ကျင့်ဝတ်အရလည်းကောင်း ညီညွတ်စေပါမည်။

• I will not provide treatments that are pointless or harmful, or which an informed and competent patient refuses. I will help patients find the information and support they want to make decisions on their care.

• ကျွန်ုပ်သည် အကျိုးမများစေသော၊ ဒုက္ခရောက်စေသော၊ ရှင်းပြသည့်အခါ နားလည်တတ်သိသောလူနာများက ငြင်းဆန်သော၊ ကုသမှုကို မပြုလုပ်ပါ။ လူနာများအား ဆုံးဖြတ်ချက် ချနိုင်စေရန် လိုအပ်သော သတင်းအချက်အလက်များပေးကာ ကူညီပါမည်။

• I will answer as truthfully as I can, and respect patients’ decisions, unless that puts others at risk of substantial harm. If I cannot agree with their requests, I will explain why.

• အခြားသူများအား ဒုက္ခရောက်ရန် မရှိပါက လူနာ၏ အဆုံးအဖြတ်ကို လေးစားလျက် တတ်နိုင်သမျှ ရိုးသားစွာ ဖြေဆိုပါမည်။ အကယ်၍ တောင်းဆိုချက်က မဖြစ်နိုင်ပါက အဘယ့်ကြောင့် ငြင်းရသည်ကို ရှင်းပြပါမည်။

• If my patients have limited mental awareness, I will still encourage them to participate in decisions as much as they feel able. I will do my best to maintain confidentiality about all patients.

• အကယ်၍ လူနာသည် စိတ်ခွန်အား မပြည့်မီပါက စိတ်မှန်သူများအလား ဆုံးဖြတ်ချက် ချနိုင်ရန် အားပေးပါမည်။ ကျွန်ုပ်သည် လူနာများ၏ အတွင်းရေးကိစ္စများကို အတတ်နိုင်ဆုံး ထိန်းသိမ်းပေးပါမည်။

• If there were overriding reasons preventing my keeping a patient’s confidentiality I will explain them, I will recognize the limits of my knowledge and seek advice from colleagues as needed. I will acknowledge my mistakes.

• အကယ်၍ ထိုသို့ လုပ်မဖြစ်သော အခြေအနေရှိပါက ကျွန်ုပ်၏ အသိနည်းမှုအား ရှင်းပြပါမည်။ မိတ်ဆွေများ၏ အကြံဉာဏ်ကို ရယူပါမည်။ အမှားကို ဝန်ခံပါမည်။

• I will do my best to keep myself and my colleagues informed of new developments, and ensure that poor standards or bad practices are exposed to those who can improve them.

• ကျွန်ုပ်သည် မိတ်ဆွေများအား အသစ် တိုးတက် ဖြစ်ပေါ်မှုများကို ပြောပြပေးနေလျက် အရည်အသွေး ညံ့ဖျင်းမှုများကို ဖေါ်ထုတ်ကာ တိုးတက်စေရန် အတတ်နိုင်ဆုံး ဆောင်ရွက်ပါမည်။

• I will show respect for all those with whom I work and be ready to share my knowledge by teaching others what I know. I will use my training and professional standing to improve the community in which I work.

• ကျွန်ုပ်သည် လုပ်ဖေါ် ကိုင်ဖက်များအား လေးစားသမှုဖြင့် မိမိသိရှိ တတ်တတ်ကျွမ်းမှုများကို မျှဝေ သင်ကြားပေးပါမည်။ မိမိ၏ လူမှုအသိုင်းအဝိုင်း တိုးတက်လာစေရန် တတ်ကြွမ်းနားလည်မှုများကို အသုံးချသွားပါမည်။

• I will treat patients equitably and support a fair and humane distribution of health resources. I will  try to influence positively authorities whose policies public health.

• ကျွန်ုပ်သည် လူနာများအား ကျန်းမာရေးအရင်အမြစ်များကို လူ့အသိဖြင့် အညီအမျှ ဝေငှပေးကမ်းပါမည်။ လူထု ကျန်းမာရေး ပေါ်လစီ ချမှတ်သူများအပေါ် အပြုသဘော သက်ရောက်စေပါမည်။

• I will oppose polices which breach internationally accepted standards of human rights. I will strive to change laws that are contrary to patients’ interests or to my professional ethics.

• နိုင်ငံတကာအသိအမှတ်ပြု လူ့အခွင့်အရေးများကို ချိုးဖေါက်ရာရောက်သည့် ပေါ်လစီများကို ဆန့်ကျင်သွားပါမည်။ လူနာများ၏ ကောင်းကျိုး၊ ဆေးပညာ ကျင့်ဝတ်များနှင့် ဆန့်ကျင်သော ဥပဒေများကို ပြောင်းလဲစေရန် ကြိုးပမ်းပါမည်။

• While I continue to keep this Oath unviolated, may it be granted to me to enjoy life and the practice of the Art, respected by all, in all times.

• ဤပဋိညာဉ်ကို မကျိုးမပေါက် လိုက်နာ စောင့်ထိန်းပါက သာယာချမ်းမြေ့သည့်ဘဝကို ရရှိလျက်၊ ဆေးကုသခြင်းအတတ်ဖြင့် လူအများ၏ လေးစားမှုကို အစဉ်ရယူနိုင်သူ ဖြစ်ပါစေသောဝ်။

ဒေါက်တာတင့်ဆွေ

Comments

  1. ဆရာခင်ဗျာ
    ကျွန်တော်အမေ အသက် ၇၅ နှစ်ရှိပါပြီ...
    ညတိုင်ရင် မအိပ်ပါခင်ဗျာ...
    နေ့လည်လဲ မအိပ်ပါ...
    အိပ်ရင်လဲ ခဏတဖြုတ် နဲ့ နိုးနေတတ်ပါသည်...
    သတိလဲ မကောင်းတော့ပါ...
    နေ့မှန်း ညမှန်း မသိပဲ
    ညတိုင်ရင် ထထပြိီး သားသမီး နာမည်တွေ ထခေါ်ပြီ တစ်ယောက်တည်း စကားပြောနေလေ့ ရှိပါသည်...
    ကျန်းမာရေး မထိခိုက်စေမည့် အားဆေးလိုမျိုး အိပ်ဆေးကောင်းကောင်း ဆေးညွန်း ရချင်ပါတယ်ခင်ဗျာ...
    မှတ်ဉာဏ် အသိလေး ပြန်လည်လာမယ်ဆေးနည်း ရှိရင်လဲ သိချင်ပါတယ်ခင်ဗျာ..,
    ဆရာကျန်းမာချမ်းသာပါစေကြောင်း ဆုတောင်းအပ်ပါသည်...

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ