Hypokalemia ပိုတက်ဆီယမ်နည်းခြင်း
Hypokalemia ပိုတက်ဆီယမ်နည်းခြင်း
potassium ကျရင် ဘာလက္ခဏာ ပြလဲရှင့်
ဆရာဝန်ကို မေးတာ မဟုတ်။ ဖေ့စ်ဘွတ်ကိုသာ မေးတာ။ Potassium ပိုတက်ဆီယမ်ဓါတ်ဆားက အာရုံကြောနဲ့ ကြွက်သားအလုပ်တွေအတွက် အရေးကြီးတယ်။ ဆီးနဲ့ ချွေးကနေ အနည်းအများထိန်းပေးတယ်။ သာမန်သာနည်းရင် ခံစားရတာတွေ မရှိသလောက်ပါ။ နည်းလွန်းရင် Arrhythmia ခေါ် နှလုံးခုန်မမှန်တာ ဖြစ်လာမယ်။
1. Weakness အာနည်း
2. Fatigue အားကုန်
3. Constipation ဝမ်းချုပ်
4. muscle cramping ကြွက်တက်
5. palpitations ရင်တုန်တာတွေ ခံစားရမယ်။
ပိုတက်ဆီယမ်ပုံမှန် 3.6–5.2 millimoles per liter (mmol/L) ရှိရတယ်။ 2.5 mmol/L ထက်နည်းရင် အသက်ကိုပါ စိုးရိမ်ရတယ်။
1. Paralysis လေဖြတ်နိုင်တယ်။
2. respiratory failure အသက်မရှူနိုင်။
3. breakdown of muscle tissue ကြွက်သားတွေပျက်စီးမယ်။
4. ileus (lazy bowels) အုတွေအလုပ်မလုပ်တော့။
စားတာထဲမှာ ပိုတက်ဆီယမ် နည်းနေသူ၊ ချွေးထွက်များသူ၊ ဆီးသွား ဝမ်းသွားများသူတွေ နည်းကြမယ်။
ဒီရောဂါတွေမှာ ဖြစ်နိုင်တယ်။
• Bartter syndrome ရှားတဲ့မွေးရာပါရောဂါ၊
• Gitelman syndrome ရှားတဲ့ မျိုးဗီဇကျောက်ကပ်ရောဂါ၊
• Liddle syndrome ရှားတဲ့ရောဂါ၊
• Cushing syndrome ရှားတဲ့ရောဂါ၊
• bentonite (clay) နဲ့ glycyrrhizin ဆေးသုံးသူတွေ၊
• Thiazides, loop, osmotic diuretics ဆီးဆေးသောက်နေရသူတွေ
• laxatives ဝမ်းနှုတ်ဆေးတလွဲသုံးသူတွေ၊
• penicillin ပနယ်လင်အများကြီးပေးရသူတွေ၊
• diabetic ketoacidosis ဆီးချို၊
• IV fluid administration သွေးကြောထဲဆေးများများသွင်းရသူတွေ၊
• magnesium deficiency မက်ဂနီဆီယမ်နည်းသူ၊
• adrenal gland issues ရောဂါ၊
• malnutrition အာာရချို့တဲ့၊
• poor absorption အစာစုပ်ယူနိုင်စွမ်းနည်းသူ၊
• hyperthyroidism လည်ပင်းကြီးဟော်မုနး်များခြင်း၊
• delerium tremens ရောဂါ၊
• renal tubular acidosis types I and 2 ရောဂါ၊
• heart attack နှလုံးရောဂါ၊
• insulin နဲ့ beta 2 agonists ဆေး၊
• barium poisoning အဆိပ်သင့်ခြင်း၊
• familial hypokalemia ရောဂါ။
ကုသခြင်း
ဖြစ်စေတဲ့အကြောင်းရင်းကိုကုသရမယ်။ ပိုတက်ဆီယမ်ဖြည့်ပေးရမယ်။ အစားအသောက်ရွေးစားရမယ်။
Hyperkalemia ပိုတက်ဆီယမ်များရင် ကြွက်သားပင်ပန်းခြင်း။ အားနည်းခြင်း။ လေဖြတ်ခြင်း။ နှလုံးခုန်မမှန်ခြင်း။ ပျို့ခြင်းတွေဖြစ်မယ်။
Potassium ပိုတက်ဆီယမ်ဓါတ်ဆား https://dr-tint-swe.blogspot.com/2021/04/potassium.html
High blood pressure still biggest killer သွေးတိုးသည် သေဆုံးစေသည့်အကြောင်းခံရောဂါများထဲတွင် ထိပ်ပိုင်းမှာ ဆက်ရှိနေသည် https://dr-tint-swe.blogspot.com/2024/03/high-blood-pressure-still-biggest-killer.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment