JE vaccine ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေး


ဆရာရှင့် မြန်မာပြည်မှာ ကလ​ေးတ​ွေကို ထိုးပ​ေးတဲ့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေားအမည်လေးသိချင်လို့ပါရှင် သမီးတို့က ခု မနြ်မာပညြ်ကန​ေ Korea ကိုရောက်နေတာပါရှင့် သမီးကို ကာကွယ်ဆေးဒီမှာထိုးဖို့ကို ထိုးပြီးတဲ့ဆေးတွေ record ပ​ေးရတ​ော့ ဂျပန်ဦးနှောက်ရောင်ကာကွယ်ဆေးနာမည်လေးမ​ေးတော့ မနြ်မာပညြ်ကဆရာမတ​ွေက အမည်မသိလို့ ဆရာ့ကို အကူအညီတောင်းခံတာပါရှင့်

Myanmar is using CD-JEV in its Japanese encephalitis campaign and routine immunization program—a vaccine that received WHO prequalification

မြန်မာပြည်မှာ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးကို CD-JEV လို့ ခေါ်ပါတယ်။

၂၀၁၇ ခုနှစ် နိုဝင်္ဘာလက G6PD နဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါ ကာကွယ်ဆေးမေးတာတွေ ခဏခဏဖြေနေရတယ်။ အကုန်လိုက် မဖြေနိုင်တော့ပါ။ ဆောရီး။ ဘလော့မှာလည်း ဖတ်နိုင်ပါတယ်။ ကျောင်းကာကွယ်ဆေးအစီအစဉ်ဆိုတဲ့ ဆခရင်ရှော့ပုံတခုကြောင့် မိဘတွေ ဇဝေဇဝါဖြစ်ကုန်ကြတယ်ထင်ပါတယ်။ ဆောရီး။

အမေရိကမှာတော့ မထိုးရလို့ တားတာမရှိ။ မြန်မာပြည်မှာ တား မတား မသိသေး။ ကာကွယ်ဆေးထိုးဌာန ဆရာဝန်တွေက တားမြစ်ရင် မထိုးသင့်။ တားတာမရှိ ထိုးနိုင်ပါတယ်။ ယူအက်စ်အေ ရောဂါများထိန်ချုပ်ရေးစင်တာနဲ့ ကာကွယ်ဆေးများမထိုးသင့်ခြင်းနဲ့ သတိပေးချက်ဌာနတွေရဲ့ စာရင်းထဲမှာ G6PD ရှိနေသူတွေကို ကာကွယ်ဆေးမထိုးရလို့ ထည့်သွင်းထားခြင်း မရှိပါ။

အခြေခံကျတဲ့အချက်တခုကို ပြောပါမယ်။ ချို့ယွင်းအားနည်းချက်ရှိနေသူတွေဟာ သူများတွေထက် ကာကွယ်မှု ပိုလိုကြတယ်။ ဥပမာ အသက်ကြီးသူတွေက တုပ်ကွေးကာကွယ်ဆေးနဲ့ နူမိုကော်ကယ်ကာကွယ်ဆေးတွေကို နှစ်စဉ် ထိုးကြရတယ်။ HIV ရှိသူတွေကလည်း သူများထက်ပိုဂရုစိုက်နေထိုင်ရတယ်။ ကာကွယဆေးတွေထိုးရတယ်။ 

ဆေးထိုးတဲ့နေရာ နည်းနည်းနာမယ်။ ကိုယ်နည်းနည်းပူနိုင်တယ်။ ခေါင်းကိုက်မယ်။ ကြွက်သားတွေနာနိုင်တယ်။ ပါရာစီတမောကို ကလေးအသက်အရ တိုက်နိုင်တယ်။ 

ထပ်ပြောပါရစေ။ G6PD ရှိနေသူတွေကို ကာကွယ်ဆေးမထိုးရလို့ ထည့်သွင်းထားခြင်း မရှိပါ။ ကျန်းမာရေးဝန်ကြီးဌာန၊ ကာကွယ်ဆေးထိုးစီမံချက်က တရားဝင်ပညာပေးစာကိုသာ လိုက်နာကြပါ။ စာဆိုရင် ဘယ်သူရေးတာလဲ သိအောင်လုပ်ပါ။ မဆိုင်တာတွေကို ဖြန့်ဝေ ရေးသားတာတွေ မလုပ်သင့်ကြပါ။ 

Dr. တင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ