Mala Xiang Guo တရုပ်စာ

ဆရာရှင့်။ အခုတလော လူငယ်တွေ အစားများနေတဲ့ မာလာရှမ်းကော Mala Xianguo အကြောင်းမေးချင်လို့ပါရှင့်။ ဆရာဝန်တွေက အူမကြီးကင်ဆာဖြစ်နိုင်တယ်လို့ သတိပေးရေးသားကြတာတွေ့ပါတယ်ရှင့်။ ဘေးမဖြစ်အောင် ဘယ်လိုစားသုံးရပါမလဲရှင့်။ ကျေးဇူးပြုပြီးဖြေကြားပေးပါရှင့်။

Mala Xiang Guo ဆိုတာ တရုပ်အစားအစာတမျိုးဖြစ်တယ်။ အသားနဲ့ အသီးအရွက်တွေပါတယ်။ အငန်ပါတယ်။ အစပ်ပါတယ်။ ရောမွှေပြီး ကြော်ထားတာဖြစ်တယ်။ စားသောက်ဆိုင်တွေမှာ မကြော်ခင် စားသုံးသူတွေက ဘယ်အသား ဘယ်အသီးအရွက်တွေ ထည့်မလဲ ကိုယ်တိုင် ရွေးပေးရတယ်။ သက်သတ်လွတ်စားသူတွေအတွက် အသားနဲ့ ငါးလုံး မထည့်ပဲ ကြော်ပေးတယ်။

အင်္ဂလိပ်ဘာသာနဲ့ရေးတဲ့နေရာတွေမှာ ဒီအစားအသောက်နဲ့ ရောဂါတခုခုနဲ့ ဆက်စပ်ရေးထာတာ အခုထိမေတွေ့ပါ။

Colorectal cancer အူမကြီးကင်ဆာဖြစ်စရာအလားအလာများသူတွေ

• Being overweight or obese ကိုယ်အလေးချိန်များလွန်းသူ၊

• Not being physically active ကိုလက်လှုပ်ရှားမှုနည်းလွန်းသူ၊

• Smoking ဆေးလိပ်သောက်သူ၊

• Alcohol use အရက်သောက်သူ၊

• Being older အသက်ကြီူသူ၊

• Colorectal polyps အူမကြီးမှာအသာပိုရှိသူ၊

• Inflammatory bowel disease ရောဂါရှိသူ၊ 

• Lynch syndrome ရောဂါရှိသူ။

အစာအသောက်အမျိုးအစားနှင့် ကင်ဆာ

အသားများခြင်း၊ အထူးသဖြင့် အမဲသား၊ ဝက်ငား၊ ဆိတ်သားများခြင်း၊ 

အစားအစာတွေကို လွန်ကဲအောင် ပြုတ်ခြင်း၊ ကြော်ခြင်း၊ ချက်ခြင်း၊ ကင်ခြင်း၊

ဘယ်အပူချိန်အထိနဲ့ ရာနှုန်းဘယ်ထောက်အထိများသလဲ အတိအကျမသိသေး။

သွေးထဲမှာ ဗီတာမင်ဒီ နည်းနေရင် ကင်ဆာဖြစ်နှုန်းပိုများနိုင်။ 

အခုတလော အသုံးများတဲ့ အကြိုက်များတဲ့ စသဖြင့် နေ့တိုင်းလိုလို မေးကြတယ်။ အမျိုးအမည်တွေက တနေ့တမျိုး တယောက်တမျိုး။ အရင်ကာလနဲ့ အခုကာလနှစ်ခုကို နှိုင်းယှဉ်မှသာ ပိုများတယ်၊ ပိုနည်းတယ် ပြောရတယ်။ မေးခွန်းတွေအများကြီးကို ဆယ်နှစ်လောက် ဖြေနေသူဖြစ်လို့ သတိထားမိတာက လူ ၂ ယောက်လောက်ကပြောပြီဆိုရင် အခုတလောများတဲ့လို့ ပြောလေ့ရှိတာတွေ့ရတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ