Spinal headaches ခါးထုံဆေးခေါင်းကိုက်ခြင်း

ဒေါက်တာ လေးစားစွာဖြင့်မေးခွင့်ပြုပါ ကျွန်တော်အမျိုးသမီးကအသက် ၄၀ ပါ ကလေးသုံးလနဲ ့ပျက်ကျပြီးသားအိမ်ခြစ်ထားရပါတယ် Spinal ကိုခါးထိုးပြီးလုပ်ခြစ်ထားတာပါ အခု spinal headache ရတယ်လို့ပြောပါတယ် ခေါင်းမထောင်နိုင်ပါဘူးခင်ဗျ ဘာဆေးတွေသောက်ရင်သက်သာနိင်လဲ ကျေးဇူးပြုညှွန် ကြားပေးပါဒေါက်တာ အရမ်းခံစားနေရလို့ပါ

ခါးထုံဆေးထိုးပြီး ခေါင်းကိုက်တာ နာရီအနည်းငယ်ကစဖြစ်နိုင်။ ရက်အနည်းငယ်သာကြာမယ်။

နားနေပါ။ ရေ အရည်များများသောက်ပါ။ ကေဖင်း (ကော်ဖီ၊ လက်ဖက်ရည်) သောက်ပါ။

လှဲအိပ်နေရင် သက်သာ။

အနာအကိုက်သက်သာဆေး တခုခုသောက်နိုင်။

တချို့လိုအပ်သူကို မေ့ဆေးဆရာဝန်ကနေ epidural blood patch ခေါ် ခါးထုံဆေးထိုးတဲ့နေရာမှာ လူနာရဲ့သွေးနည်းနည်း ထိုးပေးနည်းလုပ်တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ