Super-hots ဆူပါဟော့ ခေါ် စံချိန်တင်အစပ်ဆုံးငရုတ်သီးများ
ငရုတ်သီး ဘယ်လောက်စပ်သလဲကို Scoville Organoleptic Test နဲ့ စစ်ဆေး သတ်မှတ်တယ်။
- Sweet Bell Peppers ခေါ်တဲ့ လုံးဝမစပ်တဲ့ ငရုတ်ပွပွကြီးတွေဟာ သုညယူနစ်သာ ရှိတယ်။
- Jalapeno (၅-၉ စင်တီမီတာ) ရှည်ပြီး၊ မက်ဆီကို ကလာတဲ့ ငရုတ်သီးဟာ ၂၅ဝဝ-၈ဝဝဝ ယူနစ် ရှိတယ်။
- Cayenne pepper ဆိုတဲ့ အာဖရိက-ငရုတ်က ၃ဝဝဝဝ-၅ဝဝဝဝ ယူနစ် ရှိတယ်။
- Red Savina Habanero ငရုတ်မျိုးက ၃၅ဝဝဝဝ-၅ရရဝဝဝ ယူနစ် ရှိတယ်။
စံချိန်တင် Super-hots ဆူပါဟော့ ခေါ် အစပ်ဆုံးငရုတ်သီးအမျိုးများ
1. Dorset Naga Scoville units 1,201,000
2. Komodo Dragon Scoville units 1,400,000 ပုံ (၃)
3. Chocolate Scoville units 1,800,000
4. Armageddon Scoville units 1,300,000
5. Carolina Reaper Scoville units 1,569,300 ပုံ (၂)
6. Trinidad Moruga Scoville units 1,200,000 ပုံ (၇)
7. Trinidad Scorpion Butch Scoville units 1,463,700 ပုံ (၈)
8. Naga Viper Scoville units 1,382,000 ပုံ (၅) ရွှေလံဗိုလ်
9. Infinity Scoville units 1,176,182
10. Bhut Jolokia Scoville units 1,001,000 ပုံ (၁)
11. Dragon's Breath Scoville units 2,400,000
12. Naga Morich Scoville units 1,000,000 ပုံ (၄) ရွှေလံဗိုလ်
13. Red Savina Scoville units 570,000 ပုံ (၆)
- Law Enforcement Grade Pepper Spray ရဲတွေ သုံးတာက ၅ သိန်းကနေ ၅ သန်းယူနစ် ရှိတယ်။
- Bear Mace ဆိုတဲ့ ဝက်ဝံတွေကိုတောင် နိုင်တဲ့ ပန်းဆေးဟာ ၂ သိန်း- ၂ သိန်းခွဲယူနစ် ရှိတယ်။
- Standard Pepper Spray မိန်းကလေးသုံး (ပက်ပါ-စပရေး) ပန်းဆေးဟာ ၂၅ဝဝဝ-၂ဝဝဝဝဝ ယူနစ် ရှိတယ်။
ဒေါက်တာတင့်ဆွေ








Comments
Post a Comment