Valvular heart disease နှလုံးအဆို့ရှင်ရောဂါ

Valvular heart disease နှလုံးအဆို့ရှင်ရောဂါဆိုတာ မွေးကတည်းလဲပါလာနိုင်သလို နောက်မှလဲပျက်စီးနိုင်တယ်။ (၁) Rheumatic fever (ရူမက်တစ်) လေးဘက်နာ၊ (၂) Infectious endocarditis နှလုံးအတွင်းသားရောင်ခြင်း၊ (၃) Connective tissue disorders တွယ်ဆက် (တစ်ရှူး) ရောဂါ၊ (၄) ဆေးဝါးတွေနဲ့ ကင်ဆာဓါတ်ကင်တာတွေကြောင့် ဖြစ်စေနိုင်တယ်။

နှလုံးအဆို့ရှင်မကောင်းတာမှာ

(၁) Valvular stenosis = အဆို့ရှင်ကျဉ်းခြင်း။ အဆို့ရှင် (၄) ခုလုံးမှာဖြစ်နိုင်တယ်။ ကိုယ့်မှာဘယ်ဟာလည်းသိပါ။ tricuspid stenosis, pulmonic stenosis, mitral stenosis or aortic stenosis လေးခုရှိတယ်။

(၂) Valvular insufficiency = အဆို့ရှင်မလုံတာ။ tricuspid regurgitation, pulmonary regurgitation, mitral regurgitation or aortic regurgitation လည်းရှိတယ်။

ခံစားရမှာတွေက အားယုတ်၊ အသက်ရှူမဝ၊ နှလုံးကို နားထောင်ရင် အသံမူမမှန်၊ ခြေထောက်ရောင်၊ ရင်ပတ်နာ၊ သတိလစ်တာတွေ ခံစားရမယ်။

နှလုံးအဆို့ရှင်ရောဂါများကုသခြင်း

(က) ဆေးပေးခြင်း၊ Vasodilators သွေးကြောကျယ်ဆေး၊ ကိုလက်စထောကျဆေး၊ Diuretics ဆီးဆေးနဲ့ Blood-thinning medications သွေးမခဲဆေးတွေပေးမယ်။

(ခ) Balloon valvuloplasty လေဘူဘောင်းထည့်ခွဲစိတ်နည်း၊

(ဂ) Valve repair or replacement ခွဲစိတ်ပြုပြင်နည်း၊

လူနေမှုပုံစံပြောင်းခြင်း (ကိုယ်နဲ့ဆိုင်တာကိုသာလုပ်ပါ)

(က) ဆေးလိပ်ဖြတ်ပါ။

(ခ) သွေးတိုးကို ထိန်းနေပါ၊

(ဂ) (ကိုလက်စထော) ချပါ၊ LDL level ကို 130 mg/dL (3.4 mmol/L) ထက်နည်းပါစေ၊ တခြား သတိထားစရာပါရှိနေသူဆိုရင် LDL ကို 100 mg/dL (2.6 mmol/L) အောက်အထိချပါ။ စိုးရိမ်စရာအထိ ဖြစ်နေသူဆိုရင် 70 mg/dL (1.8 mmol/L) အထိနည်းပါစေ။

(ဃ) ဆီးချိုထိန်းနေပါ။

(င) အသက်ကြီးသူတွေက ငြိမ်မနေပါနဲ့၊ လှုပ်ရှားပေးပါ။ ငယ်ရွယ်သူတွေက အတိုင်းအတာအရသာလုပ်ပါ။

(စ) ကျန်းမာရေးနဲ့ ညီညွတ်တဲ့အစားအသောက်ကိုသာ ရွေးချယ်ပါ။

(ဆ) ကိုယ်အလေးချိန် ထိန်းနေပါ။

(ဇ) စိတ်ဖိအား လျှော့နည်းသုံးပါ။

(စျ) သန့်ရှင်းရေး ပိုဂရုစိုက်ပေးပါ။

(ည) တုပ်ကွေးရာသီမှာ ကာကွယ်ဆေးထိုးပါ။

(စ) စိတ်ကိုတင်းပါ။ အပြုသဘောဆောင်ပါ။ ကံတရားကိုလည်းအားကိုးပါ။

Dr. တင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ