စကား နဲ့ စာ ကဗျာ နှင့် ဝတ္ထု
အစဉ်အလာစာရေးသားနည်းအရ ဝါကျအဆုံးမှာ သည်၊ ၏ နဲ့ အဆုံးသတ်တာများတယ်။ တကား၊ သတည်း၊ လတ္တံ့၊ ပါကြောင်း၊ ပါစေ၊ ပါသည်၊ ပေသည်၊ မည်၊ လေပြီစတာတွေလည်း အဆုံးမှာရေးကြတယ်။
ဟိုအရင်က စာကို စာရေးသလိုသာ ရေးခဲ့ကြတယ်။ တဖြည်းဖြည်းနဲ့ စကားပြောသလိုစာရေးနည်း ဖြစ်လာတယ်။ ဖြစ်စမှာ ဆွေးနွေးငြင်းခုန်ခဲ့ကြတယ်။ အဲဒီကာလကို မီလိုက်တယ်။ စိတ်ဝင်စားစရာကောင်းတယ်။ နောက်တော့ စကားပြောသလို စာရေးနည်းကို တွင်ကျယ်လာတယ်။
စကားပြောသလိုစာရေးနည်းမှာ ပိုကောင်းလာတွေရှိသလို သတ်ပုံပျက်လာတာတွေလည်းရှိတယ်။ ကြာလာတော့ အများလက်ခံတဲ့ စကားစာလုံးတွေပါ သတ်ပုံကျမ်းတချို့မှာ ထည့်သွင်းလာတယ်။ တယ် စာလုံးက တခုဖြစ်ပါတယ်။ အများကြီးရှိတယ်။ မနေ့ကတင်လိုက်တဲ့ ရယ် နဲ့ ရီ။
တယ်လို့ရေးတာကို အများလက်ခံလာရာကနေ ဒယ် လို့ရေးတာတွေ့လာတယ်။ မှားတယ်။ တရ် လို့လည်း တွေ့လာတယ်။ မှားတယ်။
တယ်
ကယ်တော်ပါလား
ခါတယ်
ချိုးတယ်
ချိုတယ်လူးနွား
တင့်တယ်သည်
တင့်တယ်လျောက်ပတ်
တယ်တိန်ညင်
တယ်ကြက်
တယ်လီဖုန်း
တယ်ကောင်းပါလား
ထမင်းအိုးတယ်
ပန်းပဲမောင်တင့်တယ်
ခေတ်စမ်းစာတွေရေးလာတဲ့နောက်ပိုင်းမှာတော့ ကဗျာ၊ ကွက်စိပ်၊ ဝတ္ထုတွေထဲမှာ စကားပြောသလိုစာလုံးတွေ ပါရတယ်။
ခွေးတကောင်ငါ၊ ဌစန္ဒာကို၊ နတ်လာသနှင်း၊ ရာမမင်းကို၊ ရန်တင်းမဝံ့၊ သည်ပုံစံ့နှင့်၊ ငါ့ကိုယ် တယ်ခံ့ပေတောင်းကဗျာ။ ဦးကြင်ဥရေးတဲ့ မုဆိုးစကားဟာ ဇာတ်ကရာမှာ မုဆိုးအပြောစာကားဖြစ်တယ်။
အို ချစ်လှစွာသော နှမကလေး၊ ယပ်တောင်ရှိလျှင် တခုပေးလိမ့်မည်ဟု ကျွန်ုပ်ယုံကြည်မိပါသည်။ (ရွှေပြည်စိုးဝတ္ထု)
ထို့ကြောင့် မြန်မာကဗျာသမိုင်းတွင် ပျို့ကဗျာမျိုးဟူ၍ တခမ်းတနားထွန်းကားလာရခြင်းဖြစ်သည်ဟု ယူဆနိုင်လေသည်။ (ရသစာပေနိဒါန်း၊ ဇော်ဂျီ)
ယခုအခါတွင်ကား သံချေးကတက်၊ ဓားခွေးပျက်၍၊ ယှဉ်ဖက်နှင့်ဝေး၊ သခင်လည်းဆွေးလေပြီ။ (မင်းသုဝဏ်)
ကျွတ်တော်က မြန်မာစာဆရာ မဟုတ်ပါ။ မြန်မာစာရေး၊ မြန်မာစာဖတ်သူသာဖြစ်ပါတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment