High levels of stress increase hypertension risk in black individuals သွေးတိုး နှင့် စိတ်ဖိအား

တင်ထားတာတခုတွေ့လို့ လေ့လာမှုလုပ်ပြီး ရေးပါတယ်။ ဆေးစျေးနှုန်းများမေးမယ်ဆို သွေးကျဆေးဆောင်ထားပါ တဲ့။

၁၆-၁၀-၂၀၁၉ နေ့က ဆေးသုတေသနသတင်းတခုကို ကိုးကားပါမယ်။ အာဖရိကန်နွယ်ဘွား အမေရိကန်တွေကို Jackson Heart Study ကနေ လေ့လာမှုလုပ်ခဲ့တယ်။ လူပေါင်း 1,829 ယောက်ကို ဆန်းစစ်တယ်။ ပျမ်းမျှအသက် 49 နှစ်။ ကျား 40% တို့ပါဝင်တယ်။ သူတို့ဟာ systolic BP သွေးဖိအား အထက်ဂဏန်း less than 140 mm Hg ထက်နည်းပြီး အောက်ဂဏန်း 90 mm Hg ထက်မများသူတွေ ဖြစ်ကြတယ်။

လေ့လာမှုက ၇ နှစ်ကြာတယ်။ 48.5% တို့ဟာ hypertension သွေးတိုးဖြစ်လာတာတွေ့ရတယ်။ 

သူတို့ထဲက 30.6% တို့မှာ low-perceived stress စိတ်ဖိအားနည်းနည်းသာရင်ဆိုင်ခဲ့ရတယ်။ 

34.6% စိတ်ဖိအားအသင့်အတင့် ရင်ဆိုင်ခဲ့ရတယ်။ 38.2% စိတ်ဖိအားများများရင်ဆိုင်ခဲ့ရတယ်။

ဒီသုတေသနကို တင်ပြသူအမည်က Darlene Dobkowski ဖြစ်ပါတယ်။

Mayo Clinic ကလေ့လာမှုတခု

• Anxiety စိုးရိမ်စိတ်ကြောင့် တာရှည်သွေးတိုး မဖြစ်စေနိုင်။ သို့ရာတွင် ရုတ်တရက် စိုးရိမ်စိတ်များခြင်းကြောင့် ယာယီသွေးတိုးစေနိုင်။

• တကယ်လို့ နေ့စဉ်နေ့တိုင်းလိုလို ရုတ်တရက် စိုးရိမ်စိတ်များနေရင် နှလုံး၊ သွေးလွှတ်ကြောလေးတွေနဲ့ ကျောက်ကပ်ကို ထိခိုက်သက်ရောက်စေပါမယ်။ အဲလိုကနေတဆင့် နာတာရှည်သွေးတိုးကို ဦးတည်စေနိုင်တယ်။

• ဒါ့ပြင် စိုးရိမ်စိတ်များသူတွေမှာ တခြားကျန်းမာရေးနဲ့မညီတဲ့အလေ့အထိတွေဖြစ်ကြတယ်။ ဥပမာ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း၊ အစားလွန်ကဲခြင်း။ 

• တချို့ဆေးတွေကနေလည်း သွေးတိုးစေတယ်။ ဥပမာ serotonin and norepinephrine reuptake inhibitors (SNRIs) ဆေးအမျိုးအစားတွေ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Herpes Simplex ရိုးရိုး ရေယုံ