ဘ ဗ ဖ
ဟိုယခင်က မြန်မာစာသတ်ပုံ ဗရားသား ဗုံဗိုင် ဗွတ်ဖိနပ် ဗားလမ်း ဗိလတ် ဗီလင်း ဗယ်ညာ စသည့် စကားလုံးများ ဘယ်သောအခါမှ ``ဘ"ကုန်းကို မသုံးရ ဟု တွေ့ရ ယခု မြန်မာစာသတ်ပုံတွင် ဘွတ်ဖိနပ် ဘုံပိုင် စသည်ဖြင့် တွေ့ရ (ဆုံး)
(ဘ) နဲ့ (ဗ) အသံထွက်ကတူတော့ အမျိုးမျိုးရေးကြတယ်။ မူကွဲအဖြစ်လက်ခံသင့်တာတွေလည်းပါတယ်။ မြန်မာစာလုံးအစစ်မဟုတ်ပဲ အင်္ဂလိပ် သို့မဟုတ် ဟင်ဒီစကာဒလုံးတွေကို အသံထွက်ကိုယူပြီး မွေးစာတာလည်း ရှိတယ်။ အဲလိုဘာသာပြန်ယူရာမှာ စည်းကမ်းထားပါတယ်။ (ဘီ) နဲ့စတာကို (ဘ) နဲ့၊ (ဗွီ) နဲ့ဆို (ဗ) လို့ စည်းကမ်းထားခဲ့တယ်။ မနေ့တနေ့က တင်ပြသေးတယ်။ (ဘီ) နဲ့ပေါင်းလို့ ဘက်တီးရီးယားနဲ့ (ဗွီ) နဲ့ဖြစ်လို့ ဗိုင်းရပ်စ်။ ကိုဗစ်။
သတိထားစရာရှိသေးတယ်။
ဘိလပ်စကားလုံး ဘယ်ကနေဖြစ်လာသလဲလို့ မေးတယ်။ မသေချာလို့ ဘိလပ် ခေါ် လန်ဒန်မှာနေတဲ့ သူငယ်ချင်းကို လှမ်းမေးတယ်။ ကုလားစကားခေါ် ဟင်ဒီကနေလာတယ်။ Wīläyat ဆိုတဲ့ ဟင်ဒီစကားကနေ ယူထားတာဖြစ်တယ်တဲ့။
လွတ်လပ်ရေးရစခေတ်မှာ ဖန်ဘရောင်းတိုင်လို့ ကြော်ငြာရှိခဲ့တယ်။
ဗုံးကြဲ
ဗုံးဆံ
ဗုံးပေါလအော
ဗုံးခိုကျင်း
ဗုံးလက်နက်
လက်ပစ်ဗုံး
အနုမြူဗုံး (အဏုမြူဗုံး)
ဗုံးချ
ဖုံး
စပါးဖုံး
ပိတ်ဖုံးသည်
ဖုံးကွယ်
ဖုံးတုန်းလုံးတုန်း
ဖုံးထားသည်
ဖုံးပိတ်သည်
ဖုံးဖုံးဖိဖိ
ဖုံးဖွက် = စလောင်းဖုံး
ဖုံးမသိန်ပင်
ဖုံးလျက်ရှိသည်
ဖုံးလျက်နေသည်
ဖုံးလွှမ်းပိတ်ဖုံး
ဖုံးဝှက်
ဖုံးအုပ်သည်
မခင်ဖုံး
မိုးဖုံး
မီးဖုံး
မပေါ်အောင်ဖုံး
ယွန်းပြည်မိုင်းဖုံး
မြို့ဆင်ခြေဖုံး
ရင်ဖုံးအကျႌ
လုံစွာဖုံး
သွားဖုံး
အကျႌရင်ဖုံး
အခွံဖုံး
အရောင်ဖုံး
ဆေးငဖုံးပင်
မြေထဲမြို့
နှုတ်ဖျားတာဖုံး
ဖုန်း
ဖုန်းငရဲ = ငရဲဘေးသင့်သည်
ဖုန်းစား = ဖုန်းတောင်း = တောင်းစားသူ
ဖုန်းစားခွက်
ဖုန်းဆိုး = ရွာကုန်း လယမြေယာအဟောင်း
ဖုန်းဆိုးထသည်
ဖုန်းဆိုးကြံပင်
ဖုန်းဆိုးရွာပျက်
ဖုန်းဆိုးတော
ဖုန်းဖုန်းကျသည် (စာမေးပွဲ)
ဖုန်းဖုန်းပစ်ချ
ဖုန်းတောင်းယားစကာ (တောင်းစားသူ)
သူဖုန်းစား (တောင်းစားသူ)
ဘုန်း
ဘုန်းညွန့်မပွါး = ကောင်းမှုကုသိုလ်မပွါး (ပျို့)
ဘုန်းတန်ခိုး
ဘုန်းကြီးသောသူ
ဘုန်းသမ္ဘာ
ဘုန်းတော်ကြီး
ဘုန်းတော်ဘွဲ့
ဘုန်းတော်ရှိန်
ဘုန်းတော်တောက်ရွှန်း ဘုန်းတော်ထွန်း၍ ဘုန်းပန်းပွင့်လှိုင် ဘုန်းနံ့ကြိုင်က ဘုန်းပြိုင်မထင် ဘုန်းထွတ်တင်ကား ဘုန်းရှင်သမ္ဘာ ဘုန်းစကြာမြင့် ဘုန်းအာနုဘော် ဘုန်းမြတ်ကျော်သည် ဘုန်းတော်ကြီးလှ ဘုန်းကြောင့်သော (ရှင်မဟာရဋ္ဌသာရ)
ဘုံး
ဘုံးပတီး = အပေါ်တင်ပုဆိုး
ဖိ
ပိအောင်ဖိသည်
ဖိစီး
ဖိနပ်ချွတ်
ဖိနပ်တရန်
ဖိဖိစီးစီး
ဖိသိပ်
ဖိနှိပ်
ဖိနှိမ်
ဘိ
ခက်ပါဘိ၊
ငှက်ထောင်သည့်ဘိ
ဆိုပါဘိ၊
ဆိုဘိတောင်း၊
ဆိုဘိလော၊
ဘိလပ်ရည်
ဘိလပ်မြေ
ဘိလိယက်
ဘိသိက်သွန်း
အဘိဓာန်ကျမ်း၊
အဘိသိက်သွန်းဖျန်းသည်၊
ကောင်းပါဘိ၊
နေပါဘိ၊
နေဘိလော၊
ပြောပါဘိ၊
ပြောဘိတောင်း၊
ဘိတ်
ဘိတ်ကြား၊ ပင့်ဘိတ်၊ ဘိတ်ခေါ်၊ ဘိတ်မန်သက လို့ရေးကြတယ်။ မွန်စာအရ ဖိတ်ကြား၊ ပင့်ဖိတ်၊ ဖိတ်ခေါ်လို့ရေးတာက ပိုမှန်မယ်လို့ လေ့လာရပါတယ်။
ဘိသိက်မြှောက်သည်က ပေါရာဏစကားကနေလာတယ်။ အဘိသိတ္တ = အဘိသိက် သွန်းလောင်းအပ်ပြီးသော = ဘိသိက်မြှောက်အပ်ပြီးသော။
ဘိသိက်သာ အမှန်ဖြစ်ပါတယ်။ ဘိတ်သိက်၊ ဘိတ်သိက်ဆရာ မှားတယ်။ ပိတ်ကို ဘိတ်သံထွက်ကြတယ်။ နောက်ဆုံးပိတ်ကို နောက်ဆုံးဘိတ်သံ ထွက်ကြတယ်။
အမည်တွေကို စာလုံးပေါင်း မမှားရပါ။ တချို့က ဘ နဲ့ ဖ မှားရေးနေကြတယ်။ ဘ နှင် ဖ အမည်ပါ ထင်ရှားသော ပုဂ္ဂိုလ်များလို့ ၁၈-၆-၂၀၂၀ နေ့က ရေးထားသေးတယ်။ မြန်မာ့စွယ်စုံကျမ်းကိုသာ ကိုးကားထားလို့ စာရင်းက မပြည့်စုံသေးပါ။
ဆာဘိုးသာ (စီးပွါးရေး)
ဘတင့် (ရုပ်ရှင်မင်းသား)
မန်းဘခိုင် (အာဇာနည်)
ရှင်ဘို့မယ် (မိဖုရား)
အချုပ်တန်းဆရာဖေ
ဦးဖိုးကျား (အမျိုးသားပညာရေးလောကတွင် ထင်ရှားခဲ့သူ)
ဦးဖိုးစိန် (မြန်မာ့စာပေလောကတွင် ထင်ရှားခဲ့သူ)
ဦးဖူးညို (ရုပ်သေး)
ဦးဘကလေး (ရွှေတလေး)
ဦးဘချို (ဒီးဒုတ်)
ဦးဘဂျမ်း (ကာတွန်း)
ဦးဘလုံ (ပန်းချီ)
ဦးဘဝင်း (အာဇာနည်)
ဦးဘဉာဏ် (ပန်းချီ)
ဦးဘဦး (ဒုတိယမြောက်သမတ)
ဦးဘိုးစိန် (မြန်မာ့သဘင်လောကတွင် ထင်ရှားခဲ့သူ)
ဦးဘိုးလှိုင် (ယောအတွင်းဝန်)
ဦးဘဇော် (ပန်းချီ)
ဦးဘေမောင်တင်
ဘေ နဲ့ ဖေ နှစ်မျိုးလုံး ရေးနေတာတွေ့တယ်။ လက်ထဲမှာ ကင်းဝန်မင်းကြီး လန်ဒန်သွား နေ့စဉ်မှတ်စာတမ်းစာအုပ် ရှိတယ်။ ဦးဘေမောင်တင်က တည်းဖြဋ်ပြင်ဆင်သည် တဲ့။ ဘေ နဲ့ ဖေ မှားစရာမရှိပါ။
ဦးဘေမောင်တင်ဟာ ရန်ကုန်တက္ကသိုလ်စတည်ထောင်ချိန်မှာ တက္ကသိုလ်မှာ မြန်မာစာ ပြဋ္ဌာန်းသင်ကြားဖို့ အဆိုပြုခဲ့သူ ဖြစ်တယ်။ နှစ်ဆယ်ရာစု မြန်မာပညာရှင်များရဲ့ဖခင်ဖြစ်တယ်။ သိပ္ပံမောင်ဝရဲ့ဆရာလည်း ဖြစ်တယ်။ ၂၁ ရာစုထဲမှာတော့ ဆရာ့အမည်ဟာ မူကွဲဖြစ်လာပါတော့တယ်။ မြန်မာစာကို ဆက်လက် လေ့လာထိန်းသိမ်းခဲ့သူတွေဖြစ်တဲ့ ကျွန်တော်တို့ တယောက်တမျိုး ညံ့ကြတယ်။
ဗိ
ဗိတာန်ကြက်
ဗိမာန်
ဗိရဏီနတ်သမီး
ဗိလတ်မြို့ = (အာရဗီ) ဝိလာယာတ် = ဗိလတ် = နိုင်ငံခြား (ဝကို ဗပြု)
ဗိလပ် = ဝိလုပ္ပန
ဗိလပ်မြေ
ဗိသဏိုးနတ်
ဗိသဏိုးမင်းသမီး
ဗိသုကာ = ဝိသုကမ္မ (ဝကို ဗပြု)
ဗိန္ဒုသာရမင်း
ဖန်
ကုလားဖန်ထိုးသည်
ချိုချဉ်စပ်ငန်ဖန်ခါး
စကားဖန်ထိုးသည်
တရံတဖန်
ကြိမ်ဖန်များစွာ
ဖန်ခွက်
ဖန်ခါးသီး
ဖန်ခုန်ကစား
ဖန်ဆင်း (ဘန်ဆင်း)
ဖန်တီးသည်
ဖန်ဘူး (ဖန်ဗူး)
ဖန်မှန်
ဖန်ရည်စွန်းသင်္ကန်း
ဖန်ဝန်းနေခြည်
ကြည့်ဖန်များ
မျက်စိဖန်နေသည်
ဝါဖန်သည်
သုံးဖန်လှ (သုံးပန်လှ)
အဖန်ဖန်လုပ်သည်
အလုံးအဖန်ကောင်းသည်
အိပ်ဖန်စောင့်
ဝေဖန် (ဝေဘန်)
ဘန်
ဘန်ချည်ကြိုး
ဘန်တိုဘန်ရှည်
သတ္တရဘန်
ဝေဘန် (ဝေဖန်)
ထကြွ၊ နိုးကြား၊ သနား၊ သည်းခံ၊ ဝေဖန်၊ ကြည့်ရှု (ထောက်ရှု)၊ ဤခြောက်ခု၊ ကြီးသူကျင့်အပ်စွာ။ (ခေါင်းဆောင်ကျင့်ဝတ် ခြောက်ပါး)
ပြောခဲ့တာတွေကလဲ စာပေဝေဖန်ရေးတို့ ကဗျာဝေဖန်ရေးတို့ဆိုတော့ စကားအာဝဇ္ဇာန်းမရှိသူတို့ရဲ့ထုံးစံအတိုင်း သာမန် စာနာကြားသူပရိတ်သတ်ကို ငြီးငွေ့စေပါတယ်။ (မောင်စွမ်းရည်)
အပြုသဘော ဝေဘန်ချက်ကို အဆုံးသတ်လိုက်ပါတယ်။ (မနာပဒါယီ အရှင်ဝိစိတ္တ)
အိမ်ပုန်းရည်နောင်
ဗိလပ်ကယ် ရွှေချဉ်ပေါင်နှင့်
ဆားအရောင် မြင်ရုံပြပါလို့
ငါးပိမှာ ထိရှာရပြီဘူး
ငကျောက်ဆန် တစလယ်ကိုဗျာ
လေးနပ်မျှခွဲ။ (ဦးပုည)
လေ့လာစရာတွေ အများကြီးကျန်ပါသေးတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment