သတ်ပုံနှင့် ကျမ်းသုံးစကား

အချို့အနည်းငယ်သောအရာ၌ ရှေးရိုးသတ်ပုံ မလိုက်ဘဲ အသံမှန်သို့လိုက်၍ ရေးအံ့။ ပုံကား - မရှိပါပဲလျက်၊ သို့သော်လည်း၊ လျစ်လှူ - ဤသို့စသော အရာတို့၌ မရှိပါဘဲလျက်၊ သို့သော်လဲ၊ လစ်လျူ - ဤသို့ ရေးအံ့။

ကျမ်းဂန်သုံးစကားသို့ မလိုက်မူ၍ ထင်ရှားသိလွယ်စေရန် အရပ်သုံးစကားသို့ မလိုက်မူ၍ ထင်ရှား သိလွယ်စေရန် အရပ်သုံးစကားသို့လဲ လိုက်၍ ရေးအံ့။ ဤသို့ရေးသားချက်များသည် အထူးအားဖြင့် အခဏ်း (၅) ၌ များစွာပါဝင်လတံ့။

မြတ်စွာဘုရားသည် တရားတော်ကို ထိုစဉ်အခါက ကျမ်းသုံးစကားဖြစ်သော သက္ကတဘာသာဖြင့် မဟောခဲ့ချေ။ တောရွာသူကလေးများထိ အများပင်နားလည်၍ သုံးစွဲပြောဆိုနေသော မာဂဓဘာသာဖြင့် ဟောတော်မူခဲ့ပေသည်။ သို့ဖြစ်၍ ဤအရပ်သုံးစကားကိုလဲ အလေးပြုသင့်သည်သာတည်း။ ဆန်းသည်၊ သေးနုပ်သည်ဟူ၍ကား မအောက်မေ့သင့်ပေ။

မဟာစည်ဆရာတော်ဘုရားကြီး ရေးသားစီရင်တော်မူသည့် ဝိပဿနာရှုနည်းကျမ်း၊ ပထမတွဲ။ ၁၉၉၇ ခုနှစ်က ထုတ်ဝေပါတယ်။

အဲဒီခုနှစ်မှာ မြန်မာစာအဖွဲ့က တစသတ်သတ်ပုံစာအုပ်သစ်ကို ၁၉၉၁ စက်တင်ဘာလမှာ ထုတ်ဝေပြီးပါပြီ။ သဘောမတူသူတွေက အမှန်အတိုင်း ရေးသားထုတ်ဝေခွင့်ရှိခဲ့သေးတယ်။ နဝတ စာပေဆင်ဆာအဖွဲ့ လက်ဝါးစောင်း ထက်လာတော့ သတ်ပုံအမှန်ကို အမှန်အတိုင်း ရေးခွင့်မပြုတော့ပါ။

ဆရာတော်ကြီးက အဲဒီကျမ်းထဲမှာ တနည်းကားလို့သာ ရေးပါတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Herpes labialis နှုတ်ခမ်းရေယုံ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ