ဘုန်းနှင့်ကံနှင့် ရွှေသဇင်


စိမ့်ကြီးမြိုင်ကြီး၊ ရိပ်ကြီးတောတောင်

နေရောင်မခံ၊ ပန်းပျံပင်ဆင့်

မြေနှင့်ရန်ဘက်၊ ခက်လက်စိမ်းမြ

မိုးမခဘူး၊ နွေလသန်ပေါက်

ယဉ်ချိန်ရောက်ခါမှ၊ နှင်းသောက်ကယ်ရွှင်ရွှင်

ပွင့်ဖူးတွေ ဆင်ကြသည်။

ရွှေပင်ဆင့်ငွေပင်ဆင့်၊ ပတ္တမြားပင်ဆင့်

ဂမုန်းအင့်အဖက်

ဆောင်းစက်ရိပ်ခို၊ ရေတွက်လို့ဆိုတော့မည်။

လက်တံတိုတမည်၊ လက်တံရှည်နှင့်

နေရောင်ခြည် လရောင်ဝါ

မိုးလုံးပြာ မိုးလုံးမှိုင်း

ပုလဲဆိုင်း ပုလဲနှစ်

ချစ်စရာ့ လိပ်ပြာတောင်

နီလာရောင် တောင်လုံးမြိုင်

သုံးပွင့်ဆိုင် ခိုင်လုံးဆန်း

ပင်လုံးလန်း နွဲ့တန်းယိမ်း

ညှာတံစိမ်းများတို့

လေသိမ်းတိုင်းလှ၊ ကိန္နရီကသည့်နှယ်

တချို့ကနီပြာပြာ၊ တချို့ကဖြူဝါဝါ

တချို့မှာချိပ်ပွင့်၊ တချို့မှာပန်းရင့်ကို

ပင်ဆင့်ပန်းပျံ၊ ဘွဲ့မည်ရည်ခံချင်းတွင်

ဝေယန်နန်းမြင့်၊ ပန်းတိုင်းတင့်မို့

မြို့ဝန်မင်းစာ၊ လိပ်မပါဘဲ

ကွယ်ရာဈေးပြင်၊ ရောင်းလို့များမြင်မလား။

သေချင်သေ၊ ရှင်ချင်ရှင်

အင်မတန့် အင်မတန်၊ ရာဇဝတ်တော်ခံရမည်။

မြတ်ပန်တော်ပန်း၊ ခိုင်လုံးလန်းကို

ဟိုလောင်ပန်းပွင့်၊ ဘယ်ဂုဏ်ကြောင့် ဝင့်မတုံး

ဘုန်းနှင့်ကံနှင့်ရွှေသဇင်။

ဦးတိုးရေးဖွဲ့ခဲ့သည့် ရာမရကန်မှ ရကန်ကဗျာအမျိုးအစားဖြစ်သည်။ 

ရွှေသဇင် (ဘုန်းနှင့်ကံနှင့်ရွှေသဇင်) ခင်ညွန့်ရည် https://www.youtube.com/watch?v=l-pMzzq8cjA

https://www.youtube.com/watch?v=5kShGfsGXUY

တချို့ကနီပြာပြာ၊ တချို့ကဖြူဝါဝါကို သတ်ပုံမှန်အောင် ရေးတတ်သူ နည်းသွားပေပြီ။ 

ဒေါက်တာတင့်ဆွေ


Comments