မြန်မာစာလောကမှာ သူခိုးတက်ပြားရှိတယ်





ချစ်သူတယောက် ရန်သူတရာအောက်မှာ မေးတယ်။ ငတက်ပြားလို့ဘဲ သိခဲ့တာ တဲ့။

ငတက်ပြား နဲ့ ငတက်ဖြား၊ ဦးစံရှား နဲ့ ဦးရှံစား၊ ဦးသိန်းမောင် နဲ့ ဦးဒိန်းဒေါင်။

အင်းဝသတိုးမင်းဖျားလက်ထက်က စစ်ကိုင်းမှာ အလွန်ထင်ရှားတဲ့ သူခိုးကြီးငတက်ပြားရှိခဲ့တယ်။ အဲတာကို ကာတွန်း မောင်လွင်က သူခိုးကြီးငထက်ဖြားလို့ ကာတွန်းစာအုပ် ထုတ်ပါတယ်။ ကောင်းတယ်။

Sherlock Holmes ရှားလော့ဟုမ်း ရေးသားတဲ့ စုံထောက်ဝတ္ထုတွေထဲမှာ ရှားလော့ဟုမ်းနဲ့ လက်စွဲတော် Dr. Watson ဒေါက်တာဝပ်ဆင်တို့ကို ရှွေဥဒေါင်းကဘာသာပြန်တော့ ဦးစံရှား နဲ့ ဦးသိန်းမောင်ဖြစ်လာတယ်။ ကောင်းတယ်။

အဲတာကို ကာတွန်းအောင်ရှိန်က ဦးရှံစားနဲ့ ဦးဒိန်းဒေါင် လို့ ကာတွန်းတွေ ရေးပါတယ်။ ကောင်းတယ်။

မူရင်းစာအုပ်တွေရော ဘာသာပြန်တွေရော ကာတွန်းတွေပါ နာမည်ကြီးတယ်။ Sherlock Holmes အင်္ဂလိပ်လိုစာအုပ်ကို အကြိမ်များစွာ ထပ်ထပ်ထုတ်တယ်။ စပယ်လင် မပြင်ပါ။ ဦးစံရှားကိုတော့ ရွှေဥဒေါင်းထက် မြန်မာစာတော်သူတွေက သတ်ပုံပြင်ကြတယ်။ မြန်မာစာလောကမှာ သူခိုးတက်ပြားရှိတယ်။ မကောင်းပါ။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

A1C (HbA1c) test ဆီးချိုအတွက်

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ