Ear infections နားပိုးဝင်ခြင်း

သမီး အသက်က ၂၇ ပါ။ အခုဖြစ်တာက နှာခေါင်းပိတ်ပါတယ်။ နှာလည်း အနည်းငယ်စေးပါတယ်။ အစားအသောက် စားရင် အနံ့အရသာ ဘာမှကို မသိတာပါ။ ဘာနံ့မှ မရပါဘူး ၁ဝ ရက်ခန့် ရှိနေပါပြီ ဆရာဝန်နဲ့လည်း ပြပါတယ်။ နှာခေါင်း အနံ့ မရတာက သက်သာ မလာပါဘူး။ တခါတရံ တဘက်က ပိတ်နေပါတယ်။ ချွဲလည်း တော်တော် ထွက်ပါတယ်။ ချွဲပျော်ဆေး SOLVIN လည်း ဆရာဝန် ပေးတဲ့အထဲမှာ ပါပါတယ်။ မဖြစ်ခင်က ချောင်း တခါတလေ ဆိုးလို့ ဆရာဝန် ပြပါတယ်။ အခု ချောင်းဆိုး သက်သာသွားပြီး နှာစေးပါတယ်။ အရင်က CETIRINE တလုံးသောက်ရင် သိသာစွာ ပျောက်ပါတယ်။ အခုက ခဏခဏတော့ နှာမချေဘဲ နှာပိတ် နှာရည်ကျ ဖြစ်ပါတယ်။ ဆရာဝန်က မသက်သာလျှင် နား-နှာခေါင်း ဆရာဝန် ပြရန် ပြောပါတယ်။ ဘယ်လိုလုပ်ရပါ့မလဲ။ အနံ့အာရုံ အရသာ မရှိ ဖြစ်နေတာကို စိတ်ညစ်လှပါတယ်။

စိတ်ညစ်တဲ့သူ ဖြစ်နေတာတွေက တဆက်ထဲပါ။ နားအလယ်ပိုင်းကနေ နားပြွန်နဲ့ လည်ချောင်း နောက်မှာ လာဆက်နေတယ်။ နား-နှာခေါင်း-လည်ချောင်း တနေရာမှာ တခုခုဖြစ်ရင် ဆက်ဖြစ်တတ်တယ်။ နှာစေးနဲ့ ချောင်းဆိုး ဆက်နေတယ်။ နှာစေးလို့ နားကို သက်ရောက်တယ်။ အနံ့ကိုပါ လာထိခိုက်တယ်။ Eustachian tubes ပြွန်ကဆို့နေလို့ နားရောင်တာ ဖြစ်တယ်။ ပြွန်ကို ရောင်စေ၊ ပိတ်စေတာ ဖြစ်လာရင် နားစည် နောက်မှာရှိတဲ့ နားအလယ်ပိုင်းမှာ အရည်တွေ များလာတယ်။  အများဆုံးက အအေးမိတာကနေ ဆက်ဖြစ်တာတွေပါဘဲ။ အအေးမိတာက အနေရခက်တဲ့အထဲ ဆက်ဖြစ်တာတွေက မေးတဲ့သူမှာ ဖြစ်သလို ပိုဆိုးပါတယ်။ လေပြွန်ရောင်နဲ့ နားရောဂါရတာ ဆက်ဖြစ်နိုင်တယ်။ တချို့မှာ ပန်းနာ ဖြစ်လာတတ်တယ်။ 

Acute bronchitis ရက်တို လေပြွန်ရောင်တာလဲပါတယ်။ ဘက်တီးရီးယားကနေရော ဗိုင်းရပ်စ်ကနေပါ ဖြစ်စေတယ်။ Cough ချောင်းဆိုးမယ်၊ Mucus ချွဲထွက်မယ်၊ ချွဲကလဲ ဖြူ-ဝါ-သွေး ဖြစ်နိုင်တယ်။ အတော်များများက ဆေးမပါဘဲ သက်သာသွားတယ်။ တပါတ်နေလို့ မပျောက်ရင် ဆရာဝန်လိုလာပြီ။ 

လည်ချောင်းနာနဲ့ အာသီးရောင်တွေကလဲ အအေးမိတာနဲ့ တွဲ-ဆက်နေတတ်တယ်။ နှစ်မျိုးလုံးကို ဗိုင်းရပ်စ် ကနေရော ဘက်တီးရီးယား ကနေပါ ဖြစ်စေတယ်။ Streptococcus bacteria ကနေဖြစ်တာကို Strep throat ခေါ်တယ်။ (အလာဂျီ)၊ ဆေးလိပ်နဲ့ တခြား အငွေ့အသက်တွေကြောင့်ပါ အဲလိုလာ ဖြစ်နိုင်တယ်။ နားကိုပိုးဝင်တာက ၈ဝ% ဟာ ဗိုင်းရပ်စ်ကနေဖြစ်တယ်။ ဒါဆိုရင် ပိုးသေဆေး မလိုဘူး၊ မရဘူး။ Streptococcus ဘက်တီးရီးယားကနေ ဖြစ်တာလဲ မနည်းဘူး။ နား နာမယ်၊ အဝါရည်၊ အရည်ကြည်၊ အချွဲရည် ထွက်မယ်။ ကိုယ်နဲနဲ ပူမယ်။ ပဋိဇီဝဆေးတွေလိုတယ်။ 

ဘက်တီးရီးယားကနေဖြစ်တဲ့ နာရောင်တာအတွက် ပဋိဇီဝဆေးတွေကတော့ -
• Penicillin Antibiotics ထဲမှာ Amoxicillin နဲ့ Augmentin တွေပါတယ်။ 
• Sulfonamide Antibiotics တွေထဲမှာ Bactrim, Septra နဲ့ Gantrisin တွေပါတယ်။
• Cephalosporin Antibiotics တွေထဲမှာ Ceclor, Ceftin, Cefzil, Vantin, Suprax နဲ့ Lorabid တွေပါတယ်။
• Combination Antibiotics ဆေးတွဲပေးတာတွေလဲ ရှိတယ်။ ဥပမာ Pediazole = Erythromycin + Sulfisoxazole 

အသုံးများတဲ့ Ear drops နားထည့်ဆေးတွေကတော့ -
1. Betamethasone Eye/Ear Drops 0.1% w/v + 0.002% 
2. Carboxy Methyl cellulose sodium -Eye 0.5% 
3. Chloramphenicol Eye/Ear drop 5ml & 10 ml 
4. Ciprofloxacin Eye Drops 5ml & 10ml 
5. Gentamicin Eye/Ear drop 5ml & 10 ml 
6. Neomycin Sulphate Eye/Ear drop 5ml & 10 ml 
7. Ofloxacin Eye Drops 
8. Prednisolone Acetate Eye/Ear drop 5ml & 10 ml 
9. Prednisolone Chloramphenicol Eye Drop 10ml
10. Soframycin Eye/Ear Drop 8ML

နားလမ်းပိုးဝင်တာ အလွန်အဖြစ်များတယ်။ အထူးသဖြင့် ကလေးတွေ နှာရည်ယိုရာကနေ သိပ်ဖြစ်တတ်တယ်။ ကလေး အအေးမိသူထဲက ၆၁% မှာ နားပါ ရောင်တယ်လို့ လေ့လာမှုတခုက ဆိုတယ်။ နားရောင်နေတာသေခြာအောင် နားကို ဆရာဝန်ကနေ Otoscope ကရိယာနဲ့ ကြည့်မယ်။

နားထဲမှာ နားပြွန်ရှိတယ်။ သူက နားအလယ်ပိုင်းနဲ့ လည်ချောင်း (အာခေါင်) ကို ဆက်ပေးထားတယ်။ ပြွန်မှာ နှာခေါင်းထဲ၊ လည်ချောင်းထဲမှာလိုမျိုး အချွဲရှိတယ်။ ဒါရှိနေလို့ နားအလယ်ပိုင်းကနေ အရည်ရှိရင် ထုတ်ပေးနိုင်တယ်။ နားထဲက ဖိအားကိုလည်း ထိန်းပေးတယ်။ နားစည် ကောင်းနေဘို့က အရေးကြီးတယ်။ ကြည့်လိုက်ရင် ကောင်းနေတဲ့ နားစည်က ကြည်လင်နေရတယ်။ ပန်းရောင်နဲ့ မီးခိုးရောင် ရောနေသလို ရှိရတယ်။ ပိုးဝင်ထားတာဆိုရင် နီပြီး ရောင်နေမယ်။ အအေးမိတာ၊ တုပ်ကွေးမိတာနဲ့ (အလာဂျီ) ရတာတွေကနေ နားပြွန်ကို ထိခိုက်စေပြီး ရောင်လာစေတယ်။

Fluid in the Ear နားထဲအရည်ဝင်ခြင်း
Eustachian tube နားပြွန်မှာ လာပိတ်ရင် အလယ်နားထဲ အရည်တွေ အောင်းနေတော့မယ်။ ဗက်တီးရီးယားတွေ ဗိုင်းရပ်တွေ ပေါက်ပွါး များပြားလာလိမ့်မယ်။ ရောဂါရလာမယ်။ Pneumatic Otoscope ကရိယာနဲ့ လေနဲနဲသွင်းကြည့်ရင် လှုပ်လာရမဲ့ နားစည်က အထဲမှာ အရည်ရှိနေရင် မလှုပ်နိုင်တော့ဘူး။

Ruptured Eardrum နားစည်ပေါက်ခြင်း
အရည်တွေများလာရင် ဖိအားများလာမယ်။ ကြာတော့ နားစည်ပေါက်သွားမယ်။ Ruptured eardrum ဖြစ်နေရင် အဖြူ၊ အဝါ၊ အညို အရည်ထွက်လာမယ်။ နာတာကသက်သာလာမယ်။ သူ့ဖါသူ ၂-၃ ပါတ်နေရင် ပြန်ပိတ်နိုင်တယ်။ ခဏခဏ ပေါက်တာ ဖြစ်ရင်တော့ နားအကြားကိုပါ ရာသက်ပန် ထိခိုက်စေမယ်။ စာတပုဒ်ရေးထားပါတယ်။ 

ကလေးငယ်လေးတွေမှာဖြစ်ရင် သိဘို့ခက်တတ်တယ်။ မအိပ်နိုင်၊ မစားနိုင်၊ အငိုမတိတ်နိုင်တာဆိုရင် ဆရာဝန်ပြပါ။ နားပိုးဝင်ခြင်း လက္ခဏာတွေကတော့ -
• Piercing pain နားကို ထိုးဖေါက်သလို နာမယ်။ လှဲလိုက်ရင် ပိုနာမယ်။ အိပ်ရေးပျက်မယ်။
• Trouble hearing နားအကြားကို ထိခိုက်မယ်။
• Fever ကိုယ်ပူမယ်။ Fluid drainage from ears နားထဲက အရည်ထွက်မယ်။
• Dizziness ခေါင်းမူးမယ်။ Congestion နီရဲနေတာမြင်ရမယ်။
အိမ်မှာ လုပ်နိုင်တာတွေ ရှိတယ်။ Warm washcloth အပူကပ်ပေးပါ။ Ear drops နားခပ်ဆေးလိုမယ်။ Painkillers အနာသက်သာဆေးတမျိုးမျိုး လိုမယ်။ ဥပမာ Ibuprofen နဲ့ Acetaminophen ဆေးတွေ။

ဘာဆက်ဖြစ်လာနိုင်သလဲ 
• Scarring of the eardrum with hearing loss နားစည် အမာရွတ်ဖြစ်မယ်။ အကြားထိခိုက်မယ်။ Speech and language developmental problems စကားပြော နောက်ကျမယ်။ Meningitis ဦးနှောက်မြှေးရောင်မယ်။
Ear Tubes နားထဲ ပိုက်ထည့်ပေးခြင်း
Recurrent ear infections or fluid က တော်တော်နဲ့ မပျောက်ရင် ကလေးစကားပြောတာ နှေးစေမယ်။ Eardrum ကို Tubes ပိုက်ကလေး တပ်ထားပေးနိုင်တယ်။ Middle ear အလည်နားထဲက အရည်ကို ထုတ်ပေးနေလို့ သက်သာစေမယ်။ ၈-၁၈ လအထိ ထည့်ထားတတ်တယ်။ သူ့ဖါသူ ထွက်ကျလာတတ်တယ်။
Surgery to Remove the Adenoids တက်စေ့တွေရောင်ရင် ခွဲထုတ်နိုင်တယ်။
Adenoids တွေဆိုတာ လည်ချောင်း နောက်ပိုင်းမှာရှိတဲ့ Glands (ဂလင်း) တွေ ဖြစ်တယ်။ ဒါတွေရောင်လာရင် Eustachian tubes ကို ထိခိုက်စေမယ်။ Adenoidectomy ခွဲထုတ်သင့်တယ်။

ဘယ်လို ကာကွယ်မလဲ
အအေးမမိအောင်နေပါ။ လက်ခဏခဏဆေးပါ။ ကလေးကို ကာကွယ်ဆေးတွေ စနစ်တကျထိုးပါ။ အအေးမိတာလိုဘဲ (အလာဂျီ) ကနေ နားပိုးဝင်နိုင်တယ်။
Swimmer’s Ear ရေကူးသူတွေနား

ရေကူးနေရင်းရေဖြစ်ဖြစ်၊ အမှုံ-အမှိုက်ဖြစ်ဖြစ် နားထဲဝင်ပြီး ပြန်မထွက်ရင် ဘက်တီးရီးယားတွေ ပေါက်ပွါးစေနိုင်တယ်။ နားအပြင်ပိုင်းမှာ နာတာ၊ ရောင်တာ၊ ယားတာတွေဖြစ်လာမယ်။ ရေကူးတာက မဟုတ်ဘဲ တခြား အခြေအနေတွေကနေလဲ အဲလိုဖြစ်စေနိုင်တယ်။ နားသန့်ရှင်းပေးရင် ထိခိုက်ရာကနေလဲ ဖြစ်စေနိုင်တယ်။ Medicated ear drops နားဆေးခပ်ပါ၊ နားကို ခြောက်သွေ့အောင်ထားပါ။

Ear infections ဝင်တဲ့ ကလေး ၅ ယောက်မှာ ၁ ယောက်သာလိုတယ်။ ကျန် ၄ ယောက်မှာ ၄၈ နာရီ နေရင် ကောင်းသွားနိုင်တယ်။ ကလေးရဲ့ကိုယ်ခံစနစ်ကနေ ကောင်းအောင် လုပ်ပေးတယ်။ Bacterial ear infection အတွက် ပဋိဇီဝဆေးတွေက အသုံးကျတယ်။ Virus ကြောင့်ဖြစ်ရင် အသုံးမဝင်ဘူး။ 

Antibiotics for Ear Infections နားပိုးဝင်ရင် ဘယ်လို ပဋိဇီဝဆေးတွေသုံးနိုင်သလဲ
1. Penicillins  = Amoxicillin  = Augmentin
2. Sulfonamides = Bactrim and Septra, Gantrisin
3. Cephalosporins  = Cefdinir (Third generation oral cephalosporin), Cefixime (Suprax), Cefpodoxime = Vantin (Third generation cephalosporin), Ceftriaxone (Third generation cephalosporin), Cefuroxime = Ceftin (Second generation parenteral cephalosporin), Cefzil (Cefprozil), Lorabid = Loracarbef (Second-generation cephalosporin antibiotics)
4. Erythromycins
5. Clarithromycin (Macrolide antibiotic)
6. Azithromycin
7. Combination Antibiotics for Ear Infections = Pediazole (Erythromycin + Sulfisoxazole) 

Perforated eardrum နားစည်ပေါက်ခြင်း https://dr-tint-swe.blogspot.com/2021/08/perforated-eardrum.html
Ear infections နားပိုးဝင်ခြင်း https://dr-tint-swe.blogspot.com/2021/10/ear-infections.html
Fluid in the ear နားထဲက အရည် https://dr-tint-swe.blogspot.com/2021/12/fluid-in-ear.html
Otomycosis (ear fungus) နားမှို https://dr-tint-swe.blogspot.com/2021/10/otomycosis-ear-fungus.html
Middle ear infection နားပြည်ယိုခြင်း https://dr-tint-swe.blogspot.com/2021/05/middle-ear-infection.html
Dr. တင့်ဆွေ

Comments

  1. ကျနော်လည်း ဘယ်ဘက်နားတဖက်အူပြီးလေးနေတာ ၅ လလောက်ရှိပါပြီ နားအထူးကုတွေလည်းပြနေတာစုံနေပါပြီ ခုထိမသက်သာသေးပါဘူးခင်ဗျ ဘာဆက်လုပ်ရမှန်းတောင်မသိတော့ပါဘူး ထိခိုက်မိတာ ပိုးကောင်ဝင်တာ ပြည်ယိုတာ ကိုက်တာလည်းမရှိပါဘူး ဆရာဝန်ကနားထဲကင်မရာထည့်ပြီးတီဗီကကြည့်တော့ နားစည်ရောင်နေတာတွေ့ရပါတယ် နားစည်ကအနီရောင်သန်းနေပါတယ် ကာလကြာပြီးမသက်သာတော့ ဆက်ပြချင်စိတ်လည်းမရှိတော့ပါဘူး ဘယ်နည်းနဲ့ဆက်ကုရမလဲခင်ဗျ အသက် ၅၀ ပါဆေးလိပ်မသောက် အရက်မသောက်ပါ ရောဂါအခံမရှိပါခင်ဗျ

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ