Jaundice ဂျွန်းဒစ်

ဆရာခင်ဗျာ ဆီးဝါခြင်းနဲ့ပတ်သက်တာလေးသိချင်ပါတယ်ဆရာ အရက်ဘီယာတော့သောက်တတ်ပါတယ်။ ဆီးဝါတာတလလောက်တော့ရှိပြီ ဆီးဝါခြင်းကစိုးရိမ်စရာရှိနိုင်လားဆရာ ကျန်တာတာဘာမှမခံစားရဘူးဆရာ။
ဆီးဝါတာ အရောင်ရင့်တာတခုတည်းနဲ့တော့ ရောဂါ မဟုတ်သေးပါ။ အသားပါ ဝါသလား။ ဥပမာ မျက်လုံး၊ အရေပြား။
LFT Panel အသဲအလုပ် သွေးဖေါက်စစ်ဆေးခြင်း
ALT (Alanine Aminotransferase) & AST (Aspartate Aminotransferase): 
ALP (Alkaline Phosphatase): 
GGT (Gamma-Glutamyl Transferase): 
Bilirubin: 
Albumin & Total Protein: 
Prothrombin Time (PT) & INR: 
စစ်ဆေးကြည့်ပါ။ အဖြေရလို့ မေးလိုက မေးပါရန်။
၁။ ကင်ဆာအုပ်စုထဲက မေးခွန်းတခုတွေ့တယ်။ ဆရာဝန်ကိုမေးတာတော့ မဟုတ်ပါ။
ကင်ဆာဆေးသွင်းရင်းနဲ့ အသားဝါလာတာမျိုးဖြစ်ဖူးကြလားခင်ဗျ ကျနော့်အဖေဆေး ၆ကြိမ်မြေက် day 1 day 2 သွင်းပြီးအသားတွေဝါလာလို့ lft စစ်တာ အသည်းအင်ဇိုင်းတွေများနေလို့ day 8 မသွင်းပဲအသည်းဆေးသွင်းထားရပါတယ် ဖြစ်ဖူးတဲ့သူရှိကြလားဗျ သည်းခြေကင်ဆာပါ
၂။ ပို့စ်တခုခေါင်းစီးကို အပြေးအလွှား ဖတ်မိတယ်။ ဝါဝါမြင်တိုင်း ရွှေမဟုတ်တဲ့။
ကျွန်တော်ကတော့ ဆရာဝန်မျက်စိ။ ဝါတာမြင်ရင် ဂျွန်းဒစ်ပဲထင်တယ်။ အသားဝါတာကို ဂျွန်းဒစ်လို့ အတော်များများက သိကြပါတယ်။ မွေးစကလေးတွေမှာ အဖြစ်မနည်းပါ။ လူကြီးအသားဝါဖြစ်စေတာတွေက များတယ်။ သုံးမျိုးခွဲထားတယ်။
၁။ Pre-hepatic Jaundice အသည်းမတိုင်မီရောဂါတွေဆိုတာ -
• Malaria ငှက်ဖျား၊
• Sickle cell disease ဆစ်ကယ်ဆဲလ်ရောဂါ၊
• Hereditary spherocytosis မျိုးရိုးလိုက်ရောဂါ၊
• Thalassemia သာလာဆီးမီးယားရောဂါ၊
• G6PD အင်ဇိုင်းမ် ချို့ယွင်းရောဂါ၊
• Drugs or other toxins ဆေးဝါးနဲ့ အဆိပ်အတောက်တွေကနေဖြစ်တာနဲ့
• Autoimmune disorders အော်တိုအင်မြူးခေါ် ရောဂါပြီးစနစ် ကမောက်ကမရောဂါတွေဖြစ်တယ်။
၂။ Hepatic jaundice အသည်းရောဂါတွေကတော့ -
• Hepatitis A, B, C, D, E အသည်းရောင်ရောဂါ အေ၊ ဘီ၊ စီ၊ ဒီနဲ့ အီး၊
• Alcohol အရက်နာ၊
• Cirrhosis အသည်းခြောက်ခြင်း၊
• Drugs or other toxins ဆေးဝါးနဲ့ အဆိပ်အတောက်တွေကနေဖြစ်တာနဲ့
• Crigler-Najjar syndrome ဆင်ဒရုမ်းရောဂါ၊
• Autoimmune disorders အော်တိုအင်မြူးခေါ် ရောဂါပြီးစနစ် ကမောက်ကမရောဂါ။
• Gilbert's syndrome ဆင်ဒရုမ်းတမျိုးနဲ့
• Liver cancer အသည်းကင်ဆာတွေဖြစ်တယ်။
၃။ Post-hepatic jaundice အသည်းလွန်ရောဂါတွေဆိုတာ -
• Gallstones သည်းခြေကျောက်၊
• Pancreatic cancer သရက်ရွက်ကင်ဆာ၊
• Gallbladder cancer and bile duct cancer သည်းခြင်အိတ်ကင်တာနဲ့ ပြွန်ကင်ဆာ၊
• Strictures of the bile ducts သည်းခြေရည်လမ်းပိတ်ခြင်း၊
• Cholangitis သည်းခြေအိတ်ရောင်ခြင်း၊
• Pancreatitis သရက်ရွက်ရောင်ခြင်းနဲ့
• Parasites ပါရာဆိုက်အကောင်ကြောင့်ဖြစ်တယ်။
Liver function tests အသည်းအလုပ်စစ်ဆေးတဲ့အခါ (အင်ဇိုင်းမ်) တွေ ဘာလို့များနေသလဲ https://dr-tint-swe.blogspot.com/2020/12/liver-function-tests.html
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ