Mediterranean Food မြေထဲပင်လယ်စာ



၁။ Mediterranean diet ranks healthiest for 8th year. Here's what the 3 top diets entail.
မြေထဲပင်လယ်အစားအသောက်တွေက ကျန်းမာရေးအတွက် အကောင်းဆုံးအဖြစ် ၈ နှစ်ဆက်တိုက် သတ်မှတ်ခံရပါတယ်။ ၃-၁-၂၀၂၅ နေ့က ထွက်တဲ့သတင်း။
၂။ Mediterranean and MIND diets reduced signs of Alzheimer’s in brain tissue, study finds
မြေထဲပင်လယ်အစားအသောက်တွေက အယ်လ်ဇိုင်းမားရောဂါကို သက်သာစေ၏။ ၈-၃-၂၀၂၃ နေ့ထွက်တာ။ 
၁၈-၁၀-၂၀၁၈ နေ့လည်း တခုထွက်လို့ ကိုးကား ရေးထားပါသေးတယ်။
- မြေထဲပင်လယ်စာကဘယ်လိုမျိုးလဲဆရာ သိခွင့်ရှိရင်သိပါရစေ ဗဟုသုတရအောင်လို့ပါဆရာ။
- မြေထဲပင်လယ်အရပ်ဒေသအစားအစာဆိုတော့ အများအားဖြင့် အာရပ်တွေရဲ့အစားအသောက်တွေ ထင်ပါတယ်။
မဟုတ်ပါ။
- သံလွင်ဆီကို ဘယ်လိုစားသုံးသင့်ပါသလဲဆရာ။
သူတို့က ဆီတမျိုးတည်းလိုလိုသုံးတယ်။ သူတို့အစားအစာမှာ ဆီပါတာ နည်းတယ်။
- ပင်လယ်စာမဟုတ်ဘဲ၊ မြေထဲပင်လယ်စာဆိုတော့ ရွာလည်သွားပြီဆရာရေ။
ဒီစာရေးလိုက်မယ်။
မြေထဲပင်လယ်စာဆိုတာ ဂရိ၊ ခရိနဲ့ ပြင်သစ်တောင်ပိုင်းနဲ့ အီတလီ တစိတ်တပိုင်းတို့နဲ့ဆိုင်တယ်။ အသီးနဲ့ ဟင်းသီး ဟင်းရွက်တွေကို အခြေခံတဲ့အစားအစာမျိုးဖြစ်တယ်။ အစေ့အဆံတွေနဲ့ သံလွင်ဆီပါတယ်။ ကြက်သားနဲ့ ပင်လယ်စာတွေကို ကင်တယ်။ ထောပတ်မသုံးပါ။ အမဲသား၊ ဆိတ်သားနဲ့ ဝက်သားမပါ။ ဂျုံ၊ ပြောင်းနဲ့ ဆန်ကို ဖြူဖွေးနေအောင်မချွတ်ပါ။ သံလွင်ဆီသာ သုံးကြတယ်။ သက်သတ်လွတ်တော့ မဟုတ်ပါ။ မီးလွတ်လည်း မဟုတ်ပါ။
မြေထဲပင်လယ်ဆိုတာ အန္တလန်တိတ်သမုဒ္ဒရာနဲ့ဆက်နေတယ်။ သူ့ကို မက်ဒီတာရေးနီးယန်းချိုင့်ဝှမ်းက အပြည့်နီးပါး ဝန်းရံနေတယ်။ မြောက်ဖက်မှာ ဥရောပတိုက်နဲ့ အနာတိုးလီယာ၊ တောင်ဘက်မှာ အာဖရိကတိုက် မြောက်ပိုင်းနဲ့ အရှေ့ဘက်မှာ လေဗက်ခေါ်တဲ့နေရာရှိတယ်။ ဆိုက်ပရပ်စ်၊ အီဂျစ်၊ အီရတ်၊ ဂျော်ဒန်၊ လက်ဘနွန်၊ ပါလစ်စတိုင်း၊ ဆီးရီးယားနဲ့ တာကီ ခေါ် တူရကီဒေသတွေရှိတဲ့နေရာအစုအဝေးဖြစ်တယ်။
မြေထဲပင်လယ်ဘေးမှာ နိုင်ငံတွေကအများကြီးရှိတယ်။ ကျူနီးရှား၊ ခရိုယေးရှား၊ ဂရိစ်၊ စပိန်၊ ဆိုက်ပရပ််၊ ဆိုလ်ဗေးနီးယား၊ ဆီးရီးယား၊ တူရကီ၊ မွန်တီနီဂရိုး၊ မိုနာကို၊ ပြင်သစ်၊ လက်ဘနွန်၊ လစ်ဗျား၊ အစ်ဇရေးလ်၊ အယ်လ်ဂျီရီးယား၊ အယ်လ်ဘေးနီးယား၊ အီဂျစ်၊ အီတလီ၊ ဘော့စနီးယားဟက်ဇာဂိုဗီးနား၊ မောလ်တာ၊ မော်ရိုကိုနိုင်ငံတွေဖြစ်ကြတယ်။ ဂါဇာကမ်းမြှောင်ဒေသနဲ့ ဗြိတိသျှပိုင်ကမ်းခြေနေရာလေးတွေပါရှိတယ်။
မြေထဲပင်လယ်ဝန်းကျင်မှာ ဂရိမြို့ပြနိုင်ငံများနဲ့ ဖီနီရှန်ယဉ်ကျေးမှုကြီးတွေထွန်းကားခဲ့ပါတယ်။ သြဂတ်စ်တပ်က ရောမအင်ပါယာကြီးကို ထူထောင်ခဲ့တယ်။ တောက်ဘက်မှာ အီဂျစ်ယဉ်ကျေးမှုကြီးထွန်းကားခဲ့တယ်။ အရှေ့ဘက်မှာ အော်တိုမန်အင်ပါယာကြီး ထူထောင်ခဲ့တယ်။ ဂရိယဉ်ကျေးမှုမှာ မက်ဆိုပိုတေးမီးယားရှိတယ်။ မြစ်ကြီးနှစ်ခုကြားလို့ ဆိုလိုတယ်။ ကာသေ့တိုင်းပြည်ကြီးထွန်းကားခဲ့စဉ်က ဆီးရီယားပင်လယ်လို့ ခေါ်ခဲ့တယ်။ ရောမအင်ပါယာခေတ်မှာ ကျွန်ုပ်တို့၏ပင်လယ်လို့ခေါ်တယ်။ ဖီနီရှန်းအီပစ်လင်္ကာကြီးထဲနဲ့ ဟီဘရူးကျမ်းစာထဲမှာ မဟာပင်လယ်လို့ ခေါ်တယ်။ အာရတ်တွေကခေါ်ကြတဲ့အမည်တွေလည်းရှိသေးတယ်။ အော်တိုမန်တာကီတွေက သန့်စင်သောပင်လယ်ဖြူတဲ့။
မြေထဲပင်လယ်အစားအသောက်တွေဟာ ရောဂါတွေရစေနိုင်တဲ့ မကောင်းတဲ့ကိုလက်စထော နည်းတယ်။ နှလုံးသွေးကြောရောဂါနည်းတယ်။ လူဝတာနည်းတယ်။ ဆီးချိုနည်းစေတယ်။ သွေးတိုးနည်းစေတယ်။ ကင်ဆာနည်းစေတယ်။ အစားအစာ အမည်တွေ မရေးတော့ပါ။ ပုံကိုကြည့်ပါ။
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ