Pink salt ပန်းရောင်ဆား

ဆရာ pink salt သုံးသင့်မသုံးသင့်လေး သိချင်လို့ပါဆရာ

ပန်းရောင်ဆားကို Himalayan salt ဟိမဝန္တာဆားလို့လည်း ခေါ်တယ်။ အိမ်သုံးဆားကို Table salt လို့ ခေါ်တယ်။ အားလုံးထဲမှာ sodium chloride ဆိုဒီယမ်ကလိုရိုက်ပါတယ်။ လူတွေအဓိကလိုတာ အဲဒီဓါတ်ဆားဖြစ်တယ်။ ပန်းရောင် ဟိမဝန္တာဆားမှာ တခြားဓါတ်ဆား

တွေလည်းပါတယ်။ အိမ်သုံးဆားထဲမှာ ဆိုဒီယမ်ကလိုရိုက် ပိုပါတယ်။ calcium ကယ်လ်စီယမ်၊ potassium ပိုတက်ဆီယမ်၊ magnesium မက်ဂနီဆီယမ်နဲ့ iron သံဓါတ်တွေဖြစ်တယ်။

ပန်းရောင်ဆားက ပိုပြီးကျန်းမာရေးနဲ့ညီသလား

အခုထိလေ့လာမှုတွေအရ ရိုးရိုးအိမ်သုံးဆာထက် ပန်းရောင်ဆားက ပိုကောင်းတယ်လို့ မတွေ့ပါ။

ပန်းရောင်ဆားနဲ့ ပင်လယ်ဆား

ပင်လယ်ရကနေ ထုတ်လုပ်တဲ့ဆားမှာ ဓါတ်ဆာအရေအတွက် ၇၂ မျိုးပါတယ်။ ဟိမဝန္တာဆားမှာ ၈၄ မျိုးထိ ပါတယ်။

ဘယ်ဆား အကောင်းဆုံးလဲ

ပင်လယ်ဆားက အကောင်းဆုံးလို့ ပြောနိုင်တယ်။ ဒါပေမဲ့ ရိုးရိုးအိမ်သုံးဆားနဲ့ အာဟာရတန်ဖိုး အတူတူသာဖြစ်တယ်။ ဆိုဒီယမ်ဆတူပါတယ်။

ဟိမဝန္တာဆားမှာ သတိထားစရာ

ဟိမဝန္တာဆားထဲမှာ mercury မာကျူရီ၊ arsenic အာဆင်းနစ်၊ lead ခဲဓါတ်နဲ့ thallium သာလီယမ်တွေပါနေရင် အဆိပ်ဖြစ်တယ်။ တချို့ထဲမှာ radioactive elements ရေဒီယိုဓါတ်ကြွဆားတွေဖြစ်တဲ့ radium ရေဒီယမ်၊ uranium ယူရေနီယမ်၊ polonium ပိုလိုနီယမ်နဲ့ plutonium ပလူတိုနီယမ်တွေပါနေရင် အန္တရာယ်ရှိတယ်။

အိမ်သုံးဆားနဲ့ အိုင်အိုဒင်း

အိမ်သုံးဆားမှာ Iodine အိုင်အိုဒင်းဓါတ်ဆား ထည့်ထားတာ ပိုကောင်းတယ်။ အခုခေတ်မှာ အများအားဖြင့် ပါတယ်။ လည်ပင်းကြီးတာကို ကာကွယ်တယ်။ အထူးသဖြင့် တောင်ပေါ်နဲ့ ကုန်းစောင်းဒေသမှာ နေထိုင်သူတွေ နေ့စဉ် အိုင်အိုဒင်းထည့်ထားတဲ့ဆား စားသုံးရမယ်။

ကျွန်တော် မြို့နယ်တခုမှာ တာဝန်ကျစဉ်က ကျေးရွာတွေကိုသွားဆေးကုတော့ ရွာတချို့မှာ အနားလာကြတဲ့ ရွာသူရွာသားတွေ အရပ်စကားနဲ့ပြောရရင် လက်ညှိုးထိုးမလွဲ လည်ပင်းကြီးနေတာကို စိတ်မကောင်းစွာ တွေ့မြင်ခဲ့ရတယ်။ အဲဒီနယ်ကမြေကြီးနဲ့ ရေထဲမှာ အိုင်အိုဒင်းနည်းနေတယ်။ မိုးရွာချလိုက်ရင် အပေါ်ယံ မြေဆီက ရေနဲ့အတူ အောက်ဆင်းကုန်တယ်။ အဲဒီမြေမှာ စိုက်တဲ့အသီးအနှံပင်တွေမှာ အိုင်အိုဒင်းနည်းတယ်။ အဲဒါကိုသာ စားသုံးကြရတဲ့ရွာသူရွာသားတွေမှာ လည်ပင်းကြီးဟော်မုန်းနည်းကြတယ်။ လည်ပင်းကြီး ဟော်မုန်းက အိုင်အိုဒင်းနဲ့လုပ်ရတာ။ 

မြန်မာ့ဆိုရှယ်လစ်ခေတ်ဖြစ်တော့ အစစအရာရာရှားတယ်။ အိုင်အိုဒင်းဆားတောင် ရှားလို့ အိုင်အိုဒင်းဆေးကို ရတဲ့နေရာကရှာပြီး ကြိုးစားခဲ့ရတယ်။ မြို့သာနယ်ထဲမှာလို့ ထင်တယ်။

မိခင်တွေက အိုင်အိုဒင်းချို့တဲ့တော့ မွေးလာတဲ့ကလေးတွေ ဦးနှောက်ညံ့ကြတယ်။ မွေးရာပါချို့ယွင်းချက် ရှိကြတာကို မျက်စိနဲ့ သိနိုင်တယ်။ တကယ်ကို စိတ်မကောင်းခဲ့ပါ။ အခုတော့ အဲဒီခေတ်ကလောက် မဆိုးတော့ဘူး ထင်ပါရဲ့။ ဆရာဝန် ပြန်ဖြစ်ချင်မိပြန်တယ်။

ဆရာရှင့် pink salt ဆိုပြီးခု online မှာရောင်းနေတဲ့ဆားက ကျန်းမာရေးအတွက်သင့်တော်တယ်လို့ရေးထားလို့ပါ ကျွန်မ ခုစားသုံးနေတဲ့ဆားနဲ့ဘာကွာခြားတာလဲသိချင်လို့ပါ ပေးပို့တဲ့စာတွေကိုပြန်ပေးတဲ့ဆရာကို ကျေးဇူးတင်ပါတယ်ရှင် ဘယ်ဆားကို စားသုံးသင့်ပါသလဲရှင်

Salt ကလေးတွေနဲ့ဆား လူကြီးတွေနဲ့ဆား https://doctortintswe.blogspot.com/2017/12/salt.html

Salt and Sugar ဆား နဲ့ သကြား https://doctortintswe.blogspot.com/.../salt-and-sugar.html

Salt ဆားများလွန်းလို့ နှလုံးရောဂါနဲ့ သေဆုံးနေရသူပေါင်း တနှစ်မှာ ၁့၆၅ သန်းရှိ https://doctortintswe.blogspot.com/2017/08/salt.html

The Salt Myth ချိုချင်ပါလျက် ဆားတပွင့်ကဖျက် https://doctortintswe.blogspot.com/.../06/the-salt-myth.html

Minerals ဓါတ်ဆားများ https://doctortintswe.blogspot.com/2016/02/minerals.html

Salt အရေးပါတဲ့ဆား https://doctortintswe.blogspot.com/2016/10/salt_68.html

NaCl ဆားကူစားပါ https://doctortintswe.blogspot.com/2017/07/nacl.html

အွန်လိုင်းရောင်းတာတွေကို ဖြေရတိုင်း အားနာရတယ်။ ရောင်းတဲ့သူတွေကလည်း ကိုယ့်နိုင်ငံသားတွေ။ အတုတွေ အကြံအဖန်တွေ မဟုတ်ရင် တော်သေးတယ်။

ထုတ်တဲ့ကုမ္ပဏီလည်း ကောင်းမှသာ။

ဖြည့်စွက်ချက်

ပန်းရောင် ဟိမလေးယား ဆား (Pink Himalayan salt) နှင့် အဖြူရောင် စားပွဲတင်ဆား (white table salt) တို့အနက် ဘယ်ဟာက ပိုကောင်းတယ်ဟု အတိအကျ ပြောနိုင်ခြင်း မရှိပါ။ ဓာတုဖွဲ့စည်းပုံအရ နှစ်မျိုးစလုံးသည် အများအားဖြင့် ဆိုဒီယမ် ကလိုရိုက် (sodium chloride) ဖြစ်ပြီး အလွန်တူညီကြပါသည်။ သို့သော် ပြုလုပ်ပုံနှင့် ထည့်သွင်းပစ္စည်းများတွင် ကွာခြားချက်ရှိပါသည်။ ပန်းရောင်ဆားသည် သန့်စင်မှု နည်းပြီး သဲလွန်စ သတ္တုဓာတ်များ (အရောင်ပေးသည့် သံအောက်ဆိုဒ် စသည်) ပါဝင်သော်လည်း ဆားမတုံးအောင် ထည့်သည့် ဆေးပစ္စည်းများ မပါဝင်ပါ။ အဖြူရောင် စားပွဲတင်ဆားမှာတော့ သန့်စင်ပြီးသား ဖြစ်ကာ သိုင်းရွိုက်ကျန်းမာရေးအတွက် အိုင်အိုဒင်း ထည့်ထားတတ်ပါသည်။

ကျန်းမာရေးအရ အရေးအကြီးဆုံး အချက်မှာ နှစ်မျိုးစလုံးကို မျှတစွာ သုံးစွဲခြင်း ဖြစ်ပါသည်။ နှစ်မျိုးစလုံးသည် ဆိုဒီယမ် ပမာဏကို တိုးစေသဖြင့် နေ့စဉ် စုစုပေါင်း ဆိုဒီယမ် သုံးစွဲမှုကို ၂၃၀၀ မီလီဂရမ် အောက်တွင် ထိန်းသိမ်းသင့်ပါသည်။ အိုင်အိုဒင်းကို အခြားအစားအစာများမှ မရရှိပါက အိုင်အိုဒင်း ပါဝင်သည့် စားပွဲတင်ဆားသည် အိုင်အိုဒင်းချို့တဲ့မှုကို ကာကွယ်ရန် အရေးကြီးပါသည်။

ပန်းရောင် ဟိမလေးယား ဆား (Pink Himalayan Salt)

အားသာချက်များ

သန့်စင်မှု နည်းပါးသည်

ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကယ်လစီယမ် စသည့် သဲလွန်စ သတ္တုဓာတ်များ ပါဝင်ပြီး အရောင် ပေးသည်

ဆားမတုံးအောင် ထည့်သည့် ဆေးပစ္စည်းများ မပါဝင်ပါ

အားနည်းချက်များ

သဲလွန်စ သတ္တုဓာတ်များ၏ ပမာဏမှာ အလွန်နည်းပါးသဖြင့် ကျန်းမာရေးအကျိုး အထောက်အကူ မထင်ရှားပါ

အိုင်အိုဒင်း မပါဝင်သဖြင့် ဆားအဖြစ် တမျိုးတည်းသာ အသုံးပြုပါက အိုင်အိုဒင်း ချို့တဲ့မှု ဖြစ်စေနိုင်ပါသည်

သင့်တော်သည့် အသုံးပြုမှု

အရသာ ကွာခြားမှု သို့မဟုတ် အလှအပ အတွက် သင့်တော်သော်လည်း သတ္တုဓာတ် ရယူရန်အတွက် မဟုတ်ပါ

အဖြူရောင် စားပွဲတင်ဆား (White Table Salt)

အားသာချက်များ

အများအားဖြင့် အိုင်အိုဒင်း ပါဝင်သဖြင့် အိုင်အိုဒင်း ချို့တဲ့မှုကို ကာကွယ်ပေးသည်

အမှုန်သေး၍ မုန့်ဖုတ်လုပ်ရာတွင် သင့်တော်သည

စျေးနှုန်း သက်သာပါသည်

အားနည်းချက်များ

သန့်စင်မှု မြင့်မားသည

ဆားမတုံးအောင် ဆေးပစ္စည်းများ (ဥပမာ ဆိုဒီယမ် အယ်လူမီနိုဆီလီကိတ်) နှင့် သကြား အနည်းငယ် ပါဝင်တတ်ပါသည်

သင့်တော်သည့် အသုံးပြုမှု

နေ့စဉ် ဟင်းချက်ခြင်း၊ မုန့်ဖုတ်ခြင်း နှင့် အိုင်အိုဒင်း လုံလောက်စွာ ရရှိစေရန် အတွက် သင့်တော်ပါသည

အနှုတ်ချုပ်

ကျန်းမာရေး နှစ်မျိုးစလုံးသည် အဓိကအားဖြင့် ဆိုဒီယမ် ကလိုရိုက် ဖြစ်သောကြောင့် အရင်းအမြစ် အားလုံးမှ ဆိုဒီယမ် စုစုပေါင်း သုံးစွဲမှုကို လျှော့ချရန် အာရုံစိုက်သင့်ပါသည်။

အိုင်အိုဒင်း သိုင်းရွိုက် ကျန်းမာရေးအတွက် အိုင်အိုဒင်း ပါဝင်သည့် စားပွဲတင်ဆား သို့မဟုတ် အခြား အိုင်အိုဒင်း အရင်းအမြစ်များကို အသုံးပြုသင့်ပြီး ကိုယ်ဝန်ဆောင် အမျိုးသမီးများအတွက် အထူးအရေးကြီးပါသည်။

ရွေးချယ်မှု အရသာ၊ ထည့်သွင်းပစ္စည်း မပါဝင်မှု (ပန်းရောင်ဆား) သို့မဟုတ် အိုင်အိုဒင်း ဖြည့်စွက်ထားမှု (စားပွဲတင်ဆား) အပေါ် မူတည်၍ ကိုယ်နှစ်သက်ရာကို ရွေးချယ်နိုင်ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Vaginal itching မိန်းမကိုယ် ယားခြင်း

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ