ဌ ဋ္ဌ

ပဋ္ဌာန်းကို ပဌာန်းလို့ ပြင်ပေးလိုက်ပါတယ်။ ပြင်ပေးသူ မှားတယ်။ ပဌာန်းက မှန်တယ်။

ဌာ

ကမ္မဌာန်း

ကိုယ်သဏ္ဌာန်

ကျန်းမာရေးဌာန

ဌာနချုပ်

ဌာနစိတ်

ဌာနပိုင်မင်း

ဌာနမှူး

ဌာနီ

ဌာနန္တရ

ဌာပနာ (ပါဠိ = ဌပန = ထားခြင်း)

ဌာပနာတိုက်

ဌီ (ဥပါဒ်၊ ဌီ၊ ဘင်)

ပဌမ (ပါဠိ) = တခုမြောက်

ပဌာန်းပါဠိ

ပထမ = (သကတ္တ ခေါ် သင်္သသကြိုက် ခေါ် ဆန်းစ်ခရင် ခေါ် သင်္သကရိုက်) = တခုမြောက်

မိုးလေဝဿဌာန (ယခင်သုံး)

ရာထူးဌာနန္တရ

ဝတ်ဌနာ

သူဌေးသူကြွယ်။

နေရာဌာန

ဋ္ဌ

ကုဋ္ဌနူနာ

ဆဋ္ဌမ

ဒိဋ္ဌ

အဋ္ဌကထာ

အဋ္ဌမ

အဋ္ဌာရသအတတ်

ဥက္ကဋ္ဌ

ရွှေမုဋ္ဌော

ဒေါက်တာတင့်ဆွေ

ပဋ္ဌာန်း 
ပဌာန်း မဟုတ်ဘဲ ဘာလို့ ပဋ္ဌာန်းဖြစ်ရသလဲ။
သက္ကတဘာသာ =၊ ပြ + သ္တာန ကနေဆင်းသက်တယ်။ အဆင့်ပါတဲ့ပုဒ်တွေကို ထိပ်ဆုံးမှာမဟုတ်ဘဲ နောက်ကထားတဲ့အခါ ပါဠိဘာသာ အဆင့်ပြန်ထည့်ရတယ်။ 
ဌာန လို့ တခုတည်းပုဒ်မျိုးမှာ သံယုဂ်မပါပေမယ့် ပဋ္ဌာန လိုပုဒ်မှာတော့ ပါရတယ်။ ဒုဋ္ဌာန၊ နိဋ္ဌာန တို့မှာပါတာကျတော့ နောက်အချက်ရှိသေးတယ်။ ဒုရ်၊ နိရ် တို့မှာ ပါတဲ့ ရ်ရဲ့အရှိန်ကြောင့် နောက်ပါတဲ့ပုဒ်တွေကို သံယုဂ်ပြုရတာပါ ပါတယ်။ သံယုဂ်မြဲတာပေါ့။
သံ +ဌာန ကျတော့ သဏ္ဌာန လို့သာဖြစ်တယ်။ ပါဠိမှာ သံယုဂ်၃ဆင့်အစား ၂ဆင့်သာ ရှိလေ့တယ်။ 
ပဋ္ဌာန ရှေ့မှာ အ ထည့်ရင်ကော အပ္ပဋ္ဌာန လို့ဖြစ်ရတယ်။ 
အကြောင်းကတော့ "အပြသ္တာန" ကဖြစ်လာတယ်။ အရစ် အပင့်နဲ့ ထပ်ဆင့်နေရာတွေမှာ နှစ်ထပ်ဆင့် ဒွေဘော်ဝင်စမြဲဖြစ်တယ်။ ပရဒွေဘာဝေါ ဌာနေ သဒ္ဒါစည်းမျဉ်းလို့ ခေါ်ပါတယ်။ (Zaw Min-Oo)

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ