ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ဘဲ


တင်နေကြတာ မှန်တာ ရှားတယ်။ မူရင်းကဗျာမှာ ပန်းပန်လျက်ဘဲ ဖြစ်ပါတယ်။ ပန်းပန်လျက်ပဲ မဟုတ်ပါ။

ကွန်မင့်တခုရတယ်။ အဲဒါ လွယ်လွယ်လေးပါ မ နောက်က ဘဲ လိုက်တယ်လို့ မှတ်လိုက်ရင် ရပါပြီဆရာ တဲ့။ မြန်မာစာမှာ ဖေါ်မြူလာတွေ နေရာ တိုင်းမှာ မမှန်ကြောင်း မကြာခဏ အထောက်အထားတွေနဲ့ တင်ပြထားတယ်။

ဗေဒါလမ်းကဗျာ (မူရင်း)

ညိုပြာပြာ လတာပြင်ခြေရင်း

လှိုင်းတက်ရာ ဗေဒါတက်၊ လှိုင်းသက်ရာဆင်း။

ဆင်းရလဲ မသက်သာ

အုန်းလက်ကြွေရေပေါလော၊ မျောစုန်လို့လာ

အဆင်းနဲ့အလာ၊ ဗေဒါမ အထွေး

အုန်းလက်ကြွေ သူ့နံဘေး၊ ဆောင့်ခဲ့ရသေး။

ဆောင့်ခဲ့လဲ မသက်သာ

နောက်တချီ ဒီတလုံးက၊ ဖုံးလိုက်ပြန်ပါ

မြုပ််လေပေါ့ ပေါ်မလာ၊ မဗေဒါအလှ

တလံကွာ လှိုင်းအကြွ၊ ပေါ်လိုက်ပြန်ရ။

ပေါ်ပြန်လဲ မသက်သာ

ချောင်းအဆွယ် မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ

ဘဲအုပ်မှာ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲ

အယက်အကန်ခံလို့

ဗေဒါပျံအံကိုခဲ၊ ပန်းပန်လျက်ဘဲ။    ။ (ဇော်ဂျီ)

ဆရာဇော်ဂျီက တတွေကို မလိုအပ်ပဲ စမသတ်ပါ။ ဗေဒါပျံအံကိုခဲ ပန်းပန်လျက်ပဲလို့ မရေးပါ။

စာအုပ်နာမည်လေး သိပါရစေ ဆရာ

အကိုးအကားစာအုပ်တွေ မနည်းတော့ ဘယ်ထဲကလဲ ပြန်ရှာနေတာ အချိန်က နည်းနေးသေးလို့။ တအုပ်တော့တွေ့ပြီ။ မြဇင်ရေးတဲ့ ကဗျာ့ နရီ နှင့် နိမိတ်ပုံစာအုပ်ထဲက။ ၁၉၇၃ ခုနှစ် နိုဝင်္ဘာလမှာ ထုတ်တယ်။ နောက်တအုပ်ထဲမှာ ဘဲအုပ်မှ တရာနှစ်ရာ၊ ဗေဒါက တပင်ထဲလို့ ရေးထားတယ်။ ထပ်ရှာဦးမယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ