ရေကျိုငပိ

ဖရင်းအရင်းတယောက်က ကြူကြူမွှေးရေကျိုငါးပိပုံ တင်တာတွေ့လို့ ထပ်တင်ပါရစေ။ အရင်က ကွန်မင့်တခုရလို့ ရေးထာတာ။ ကျမတို့တော့ ငါးပိမရှိတာနဲ့ကို အမေရိကားမှာ နေနိုင်မယ်မထင်ဘူးဆရာတဲ့။

ယူအက်စ်အေမှာ ငပိ၊ ငန်ပြာရေကောင်းတာတွေ ပေါတယ်။ ငါးခြောက်သာ မှာယူရတယ်။

နောက်ကွန်မင့်တခုလည်းလာတယ်။ တနေ့တွင် ဦးဖိုးမြသည် မြေးငယ်မောင်လှိုင်နှင့်အတူ လှန်းထားသော ငခြောက်များကို စောင့်ရင်းနေခဲ့လေ၏လို့ ရေးတဲ့စာမှာ တချို့သတ်ပုံတွေကို ကျွန်တော်က ထောက်ပြလို့ လာတာ။

ပြန်လာတယ်။ ငခြောက်ကို ထည့်မပြောပုံထောက်ရင် ငါးကနေဖြစ်လာတဲ့ ငါးခြောက်ဆိုတာကို ဆရာလက်ခံတယ် ထင်ပါရဲ့။ သဘာဝလည်းကျတယ်၊ ယုတ္တိလည်းတန်တယ်။ ဖြစ်နိုင်က ဆရာ့အမြင်သိလို တဲ့။

အစည်းအဝေးမှာ ဦးနေဝင်းခန့်တဲ့ မြန်မာစာအဖွဲ့ကနေ ငပိကို ငါးပိလုပ်ထားတယ်။ 

မြန်မာ့စွယ်စုံကျမ်း အတွဲ (၃) မှာ ငဝဲရောင်၊ ငဝက်၊ ငသလဲထိုး၊ ငသလောက်၊ ငသိုင်း၊ ငသိုင်းချောင်းမြို့လို့ ရေးပါတယ်။

ရေကျိုငပိမှာ အရည်ကျို၍စားရသော ငပိမျိုးဖြစ်သည်လို့ ရေးပါတယ်။ အချို့ကလည်း ချေချိုငပိဟု ခေါ်ကြသည်လို့ ရေးပါတယ်။

နိုင်ငံတော်မူ ခေါ် ဦးနေဝင်းခန့်မြန်မာစာအဖွဲ့မူ ငါးပိ။ မြန်မာစာမူ ငပိ။ ငပိဆိုတာ ငါးကသာလုပ်တာ မဟုတ်ပါ။ စာကောင်းမှ စားကောင်းတယ်။

ဒေါက်တာတင့်ဆွေ

၃၀-၁၁-၂၀၁၉


Comments