ဥ - ဥက္ကဌ - ဥက္ကဋ္ဌ

ဥက္ကဌ = မြန်မာစာလုံး
ဥက္ကဋ္ဌ = ပါဠိစာလုံး

၁။ ဆရာ ဥက္ကဌ သတ်ပုံကို သိခြင်(သိချင်)ပါတယ်ဆရာ ဌ က နှစ်လုံးဆင့် ရှိသလို တလုံးထဲ ရှိတော့ ဘယ် ဌ နဲ့ ရေးမှ သင့်တော်မလဲ ရွေးရ ခက်နေလို့ပါ ဆရာ (ဥက္ကဌ)

၂။ မင်္ဂလာပါဆရာ။ ဥက္ကဌ  လို့ ရေးသူရေး၊ ဥက္ကဋ္ဌ ဟု ရေးသူရေး ဖြစ်နေပါတယ်ဆရာ။ မြန်မာစာလုံးမှာ (ဋ္ဌ) ရှိပါသလားဆရာ။
(က) ကနေ (အ) အထိထဲမှာ (ဋ္ဌ) မပါဝင်ပါ။

၃။ ဥသည်နဲ့ အုသည်မှာ အုသည်က အမှန်ပါလားဆရာ။
သတ်ပုံကျမ်းတွေမှာ အု မပါ။ ဥ သာပါတယ်။

၄။ မင်္ဂလာပါဆရာရှင် ဥ ဦ ဦး ဖတ်တဲ့အခါမှာ

ဥ အက္ခရာ အု
ဦ အက္ခရာ အူ
ဦး အက္ခရာ အူး အသံရှည်ဖတ်ရပါတယ်။ သို ့မဟုတ်
ဥ အက္ခရာ အု
ဦ အက္ခရာ အု လုံးကြီးတင်ဆံခတ် အူ

၅။ ဦး အက္ခရာ အု လုံးကြီးတင်ဆံခတ်အူဝစ္စနှစ်လုံးပေါက်အူးဆိုပြီးဖတ်နေကြတာတွေ ့ရပါတယ်ရှင်။ ဘယ်လိုဖတ်တာ အမှန်ဆိုတာရှင်းပြပေးစေချင်ပါတယ်ရှင်။

မြန်မာစာမှာ အက္ခရာအမည်ရတာ ၏၊ ၌၊ ၍ သုံးခုရှိတယ်လို့ဆိုပါတယ်။
ဣ၊ ဤ၊ ဧ၊ ၏၊ ၌၊ ၍၊ ဥ၊ ဦ၊ ဦး၊ သြ၊ သြော်တို့ကိုလည်း အက္ခရာတွေလို့ ပြောဆိုပါသေးယ်။

၆။ ဥအု နဲ့ ဥဥ၊ ဥဥလို့ရေးတာက မှန်တယ်လို့ထင်တယ်။ ဆရာက ဗဟုသုတပိုများပါတယ်။

ငှက်ဥ
ကြက်ဥ
မျိုးဥ
လိင်ဥ
သစ်ဥ
အက်ဥပဒေ
ဥရူတိုင် (အိမ်)
ဥကင်ဖွင့်
ဥကင်တော်ဖွင့်
ဥက္ကဌ
ဥချိုးငှက်
ဥတလုံး တကောင်ကြွက်
ဥတ္တရာယဉ်
ဥတုဇရုပ်
ဥတုရာသီ
ဥတဲ = တံခါး
ဥဒည်းတောင်
ဥဒဟို
ဥဒါန်း =ဥဒါန =ဝမ်းသာလှ၍ ကျူးရင့် မြွက်ဆိုသောစကား
ဥဒါန်းကျူး
ဥဒါန်းမကျေ
ဥဒါန်းမကြေ
ဥဒါဟရုဏ်
ဥဒါဟို = ထုတ်ချင်းခတ် = အဆက်မပြတ်
ဥပစာနည်
ဥပဇ္ဈဥသျှစ်သီး
ဥပဇ္ဈာယ်ဆရာ
ဥပဒ်ဘေး
ဥပဓိရုပ်
ဥပပတ်နတ်
ဥပပါတ်
ဥပမာ ဥပမည်း
ဥပရာဇ်မင်း
ဥပါဒါန်
ဥပါဒိဏ်
ဥပါဒ်
ဥပါဒ်ဌီဘင်
ဥပါပျံ (ဥပ္ပာတ်ပျံ)
ဥပါဘီလူး
ဥပါယ်တံမျဉ်
ဥပါယ်တမျည်
ဥပါသကာ
ဥပုသ်သီတင်း
ဥပစ္ဆေဒကကံ
ဥပဒေ
ဥပဒေသ
ဥပမေယျဒဥပမယ်ဒဥပမည်
ဥကြက် = နိမိတ်ထူး
ဥသြငှက်
ဥဗျိုင်း
ဥဘုတ်ငှက်
ဥဘတောဗျည်း
ဥမင်လိုဏ်ခေါင်း
ဥမွန်းပင်
ဥယျာဉ်
ဥသဘနွား
ဥသျှစ်ပင်
ဥတေနမင်း
ဥဒေါင်းငှက်
ဥပေက္ခာ
ဥယျောဇဉ်စကား
ဥသျှောင်ကျင်
ဥဿဘယားကျောက်
ဥဿာပဲခူး
ဥနှဲပင်
ဝှေးဥ

၇။ ဆရာခင်ဗျား ဦးသုတဆိုသောအမည်မှာ သတ်ပုံအရ ဦးသုတကအမှန်လား ဥူးသုတကအမှန်လားဖြေပေးပါခင်ဗျ၊
အစဉ်အဆက် ဦး လို့သာရေးတယ်။ ဆရာတော်တချို့က ဥူး ရေးတယ်။ တချို့ဘုန်းကြီးတွေက ဥုး လို့ရေးတယ်။ တချာင်ငင်နဲ့ ဝစ္စပေါက်တွဲသုံးတာ သတ်ပုံစာအုပ်တွေမှာတော့ မတွေ့ပါ။

၈။ ဆရာ ဥူး ဆိုတဲ့ စကားလုံးက ဘယ်နေရာမှာသုံးလဲ သိပါရစေဆရာ။ ဆရာတော် ဘွဲ့တွေရဲ့ ရှေ့မှာ သုံးတတ်လားဆရာ။
ကွန်မင့်တခုအရ ရွှေကျင်ဆရာတော်များက ဥူး နဲ့ သုဓမ္မာဆရာတော်တွေက ဦးလို့ သုံးစွဲကြတယ်။ ဆရာတော်တွေမှာ ဦး ဥူး ဥုး လို့ အမျိုးမျိုးရေးကြတယ်။ ဘေးလူက မပြောင်းရပါ။ တောင်မြို့ဆရာတော်ကြီးက ဥူးလို့သာရေးသားတယ်။ 
သခင်ဘသောင်းရဲ့ ပန်းသာမစာဥကို ပန်းသာမစာအုနဲ့ ပန်းသည်မစာဥလို့ ရေးကြတာတွေက မှားတယ်။

ဥက္ကဋ္ဌ
ပါဠိစာလုံးဖြစ်တယ်။ လွန်မြတ်သည်။ ထူးမြတ်သည်။ လွန်ကဲသည်။

ပါဠိစာလုံးဖြစ်တယ်။ တက်ခြင်း။ အတက်ပြုခြင်း။ ပြဓာန်းခြင်း။ ကင်းခြင်း။ ဖြစ်သင့်ခြင်း။ သဘောရခြင်း။ စွမ်းနိုင်ခြင်း။ 

ဒေါက်တာတင့်ဆွေ

Comments

  1. Wynn Casino and Hotel Map & Floor Plans - Mapyro
    Wynn Casino 부천 출장안마 and Hotel Floor Plans in 정읍 출장샵 Las Vegas, Nevada. View detailed 세종특별자치 출장마사지 floor plans, photos, 목포 출장마사지 guest 여수 출장안마 reviews and more.

    ReplyDelete

Post a Comment

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ