Common Diseases လူတို့၏ အဖြစ်များရောဂါများ

Noncommunicable diseases (NCDs) ကူးစက်ရောဂါမဟုတ်သောရောဂါများ
• NCDs ကြောင့် နှစ်စဉ် လူပေါင်း 41 သန်းသေဆုံးနေရတယ်။ သေဆုံးမှုအားလုံးရဲ့ 71% ရှိ်တယ်။
• အသက် ၃၀ ကနေ ၆၉ နှစ်ကြားရှိသူတွေ နှစ်စဉ် 15 သန်းကျော် သေဆုံးရတယ်။ 
• ဝင်ငွေ အသင့်အတင့်ကနေ နည်းတဲ့ တိုင်းပြည်တွေက 85% ပါတယ်။
• နှလုံးသွေးကြောရောဂါတွေကြောင့် သေဆုံးရသူပေါင်း 17.9 သန်း။ 
• ကင်ဆာနဲ့သေဆုံးရသူ 9.3 သန်း။ 
• အသက်ရှူလမ်းရောဂါတွေ 4.1 သန်း။ 
• ဆီးချို 1.5 သန်း။
Non-Communicable Diseases အများဆုံးဖြစ်သည့် မကူးစက်သည့်ရောဂါများ
1. Alzheimer's အယ်လ်ဇာမိုင်းယား
2. Asthma ပန်းနာ
3. Cataracts မျက်စိအတွင်းတိမ်
4. Chronic Kidney Disease နာတာရှည်ကျောက်ကပ်ရောဂါ
5. Chronic Lung Disease နာတာရှည်အဆုတ်ရောဂါ
6. Diabetes ဆီးချို
7. Fibromyalgia ဖိုက်ဘရိုမိုင်းလ်ဂျီးယား
8. Heart Disease နှလုံးရောဂါ
Infectious diseases အများဆုံးဖြစ်သည့် ကူးစက်ရောဂါများ
1. Hepatitis B အသည်းရောင် ဘီ
2. Malaria ငှက်ဖျား
3. Hepatitis C အသည်းရောင် စီ
4. Dengue သွေးလွန်တုပ်ကွေး
5. Tuberculosis တီဘီ
The 15 Most Common Health Concerns for Seniors အသက်ကြီးများများတွင် အဖြစ်များရောဂါများ
1. Arthritis အဆစ်နာ
2. Heart Disease နှလုံးရောဂါ
3. Cancer ကင်ဆာ
4. Respiratory Diseases အသက်ရှူလမ်းရောဂါ
5. Alzheimer’s Disease အယ်လ်ဇာမိုင်းယားရောဂါ
6. Osteoporosis အရိုးရောဂါ
7. Diabetes ဆီးချို
8. Influenza and Pneumonia တုပ်ကွေးနှင့် နူမိုးနီးယား
9. Falls လိမ့်ကျခြင်း
10. Substance Abuse အရက်နှင့် မူးယစ်ဆေးစွဲခြင်း
11. Obesity အဝလွန်ခြင်း
12. Depression စိတ်ကျရောဂါ
13. Oral Health ခံတွင်းရောဂါ
14. Poverty ဆင်းရဲခြင်း
15. Shingles ဆင်ဖြူတော်ရေယုံ။
ရောဂါမဖြစ်အောင်ကာကွယ်ခြင်း၊ ရောဂါကို စောစောသိခြင်း၊ ရောဂါရှိမှန်းသိတာနဲ့ စနစ်တကျကုသခြင်းတွေ အရေးကြီးပါတယ်။
ဒေါက်တာတင့်ဆွေ
၂၀-၁၁-၂၀၂၁
DrZaw Min
ဩစတြေးလျအမျိုးသားတက္ကသိုလ်ရဲ့ဘလော့ဂ် ANU blog နယူးမန္ဒလ New Mandala မှာ၂၀၁၃ အောက်တိုဘာကဖော်ပြခဲ့တဲ့ မဲလ်ဘုန်းတက္ကသိုလ်သုတေသီနှစ်ဦးရဲ့ဆောင်းပါးမှာ မြန်မာ့နိုင်ငံရေးစီးပွားရေးပြုပြင်ပြောင်းလဲမှုတွေရဲ့အကျိုးဆက်ဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရေတိုအကျိုးအမြတ်ကို ရေရှည်လူထုကျန်းမာရေးထက်ဦးစားပေးရာရောက်နေလို့စိုးရိမ်ဖွယ်ဖြစ်ကြောင်းရေးထားပါတယ်
အဓိကအားဖြင့် အရက် စီးကရက်နဲ့ အချိုရည်လုပ်ငန်းကြီးတွေအလုံးအရင်းနဲ့ဝင်လာကြလို့ပါ မြန်မာနိုင်ငံမှာနဂိုက တီဘီလို စီပိုးလို ကူးစက်ရောဂါနှိပ်စက်တဲ့ဒဏ်ကနေ တခြားမကူးတတ်တဲ့ လေသင်တုန်းဖြတ် သွေးတိုးဆီးချို အသည်းကျောက်ကပ်ပျက်တဲ့ရောဂါတွေတိုးလာတာဟာ ၁၉၉၀-၂၀၁၀ အနှစ်၂၀ ကာလမှာ ၃.၉% ကနေ ၆.၉% ထိနှစ်ဆတက်လာတယ်လို့ ကမ္ဘာ့ရောဂါဒဏ်ဖိစီးမှုအစီရင်ခံစာတစောင်ကဖေါ်ပြခဲ့ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကတော့ဒီလိုမကူးတဲ့ရောဂါနဲ့ဆုံးပါးမှုဟာ သေဆုံးမှုအားလုံးရဲ့ ၄၀% ဖြစ်လာတယ်လို့ဆိုတယ်
ဗူးသွတ်စည်သွတ်ပုလင်းသွတ်အထူးသဖြင့်နိုင်ငံခြားကသွင်းတာတွေရယ် စပ်စုပြီးသေသေချာချာဖတ်မကြည့်ရင်ဘာတွေပါမှန်းမသိနိုင်တော့အောင်တမျိုးတဖုံစီမံထားတဲ့စားစရာသောက်စရာတွေရယ်ကိုမှအထင်ကြီးတပ်မက်ပြီး တဖက်ကလည်းကြွားဝါစားသုံးလိုစိတ်ဟာ လူ့သဘာဝမို့တကမ္ဘာလုံးပြဿနာဖြစ်ပေမဲ့ ဟင်းရွက်ဟင်းလျာသားငါးသစ်သီးဝလံရာသီအလိုက်လတ်လတ်ဆတ်ဆတ်ရနေတဲ့တိုင်းပြည်မှာ ရောရာရေထိုးအာဟာရမျိုးတွေအပြင် ရေရှည်မှာရောဂါရှာသလိုဖြစ်လာနိုင်လို့ပါ
ဗမာပြည်သူတွေရဲ့ကျန်းမာရေးဟာ အာဟာရချို့တဲ့မှု ကူးစက်ရောဂါနဲ့မကူးတဲ့ရောဂါ သုံးဖက်ညှပ်ဖိုခနောက်ဆိုင်ပြဿနာနဲ့ရင်ဆိုင်နေရတာလို့ဆိုတယ်
အာဏာပိုင်တွေမှာအဓိကတာဝန်ရှိပေမဲ့ ကျန်းမာရေးဝန်ထမ်းများအပြင်လူထုအဖွဲ့အစည်းတွေကတက်တက်ကြွကြွပါဝင်စောင့်ကြည့်ကြီးကြပ်ထိန်းကျောင်းမှရတော့မဲ့ အသက်တွေဘဝတွေနဲ့တိုက်ရိုက်ဆက်စပ်နေတဲ့ဧရာမကိစ္စကြီးပါ
https://www.newmandala.org/on-the-cusp-of-disease.../

Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Colorectal cancer အူမကြီး ကင်ဆာ

Allergic skin အရေပြား အလာဂျီ