Gold Mohur Flower စိန်ပန်း

သူငယ်ချင်းတယောက်အိမ်မှာ ပိတောက်တဲ့။ နောက်သူငယ်ချင်းအိမ်မှာ စပယ်တဲ့။ ပန်းတွေ ပွင့်နေကြတယ်လို့ တင်ထားကြတယ်။ ဆရာဝန် အိမ်ရှင်မတွေ။
ဒီလိုပန်းနှစ်မျိုးလုံးပွင့်တဲ့ တိုင်းပြည်ကတော့ ကျွန်တော်တို့ကို ဆေးပညာသင်ပေးတဲ့ နိုင်ငံသာဖြစ်တယ်။ ကျွန်တော်တို့ ဆေးကျောင်းထဲမှာတော့ စိန်ပန်းပင်နဲ့ ကုက္ကိုပင်သာ ရှိပါတယ်။ စိန်ပန်းကလည်း စိတ်ကူးယဉ်သမားတွေနှစ်ခြိုက်ကြတဲ့ အပြာရောင် မဟုတ်ပါ။ ဆရာဝန်အဖြစ်ကနေ ပင်စင်ယူကြချိန်မှာတော့ မွေးတဲ့ပန်းတွေကို စိုက်ပျိုးပြုစုနေနိုင်ကြပါတယ်။

စိန်ပန်းရယ်တဲ့ ထိန်ထိန်နီ 
ပွင့်သိင်္ဂီ ရွှေပိတောက် 
တောတလျှောက် မတိုင်မီ 
ပွင့်ဦးတယ်လို့ မာန်မချီ 
ရာသီရဲ့ မေတ္တာပန်း။
သူ့ခေါင်းမှာ တဝေဝေ 
ကိုယ့်ခေါင်းမှာ တဝေဝေ 
ပိတောက်တွေ ဂုဏ်ရှိန်မြင့်ပြန်တော့ 
လေသင့်ရာ ကိုယ်မမွှေးသူမို့ 
အရေးမပြိုင်ဆိုင်ဘု 
ဖြစ်နိုင်ရင် ခိုင်ရွှေသွေးကို 
ပေးချင်ရဲ့ ကိုယ့်သက်တမ်း။ (တက္ကသိုလ်ဘုန်းနိုင်)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Allergic skin အရေပြား အလာဂျီ

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ