A1C (HbA1c) test ဆီးချိုအတွက်

၁။ ဆရာခင်ဗျာ အမျိုးသား၊ အသက် ၅၂ ပါ HbA1C စစ်ရန် အစာစားပြီး၊ အစာမစားခင် မနက်၊ နေ့လည်(နေ့လယ်)၊ ညနေ ဘယ်အချိန်စစ်ရပါရပါမည်လဲခင်ဗျာ

HbA1c blood test ကို အစာစားပြီးစစ်လည်း ရတယ်။

7% HbA1c = an average blood sugar of 8.6mmol/l ပုံမှန်ဖြစ်တယ်။ 

Fasting sugar level မနက်ခင်း အစာမစားမီ ၈ နာရီမှ ၁၀ နာရီမှာ သွေးဖေါက်စစ်မယ်။

၂။ ဆရာခင်ဗျာ ကျွန်တော် အသက်က ၃၇ပါ၊ နိုင်ငံခြားမှာအလုပ်လုပ်ပါတယ်။ ဆီးချို၊ သွေးချို ရှိလို့ Metformin Hydrochloride1000mg, Simvastatin 20mg, Lisinopril and Hydrochlorothiazide 10mg/12.5mg သောက်နေရပါတယ် (ကျွန်တော်တို့ အလုပ်က ဆရာဝန်ပေးတဲ့ ဆေးညွှန်း အတိုင်း သောက်နေတာပါ) အခု ရန်ကုန် ပြန်ရောက်တော့ ပြန််ဆေးစစ်ရပါတယ်။ အခုဆေးစစ်တော့ HbA1C စစ်ရပါတယ် (အလုပ်ရဲ့လိုအပ်ချက်အသစ်လို့ ပြောပါတယ်) စစ်တော့အရမ်း မြင့်နေတယ်ဆိုပြီး ဆေးစစ်တာကို pass မပေးဘူးဆရာ။ အဲဒါ HbA1C ဆိုတာဘာလဲ ဆိုတာလေးသိချင်ပါတယ်ခင်ဗျာ၊ ပြီးတော့ဘယ်လို ကျအာင်လုပ်ရမယ်ဆိုတာ ညွှန်ကြားပေးပါဦးခင်ဗျာ လေးစားစွာဖြင့်။

၃။ ကျွန်မ အသက် ၃၂ နှစ်၊ ကလေး ၂ ယောက်ရှိပါတယ်ရှင့်။ ပထမကလေးကိုယ်ဝန်မှာ preeclampsia ဖြစ်ခဲ့ပြီး ဒုတိယ ကိုယ်ဝန်မှာ gestational diabetes ဖြစ်ပါတယ်။ ကလေးမွေးပြီးရင် ပျောက်သွားပြီး အသက် ၄ဝ နောက်ပိုင်းမှာ type 2 diabetes အဖြစ်ပြန်ပေါ်တတ်တယ်လို့ သိထားပါတယ်။ ဒါပေမဲ့ အခုကလေး ၁၁ ပတ်သားမှာ အစားစားပြီး ၁ နာရီအကြာ blood glucose metre နဲ့ပြန်စစ်တိုင်း 8.9 to 12.2 ဖြစ်နေတယ်ဆရာ။ အဲလောက်မြန်မြန် type 2 diabetes အနေနဲ့ ပြန်ပေါ်နိုင်ပါသလားဆရာ။ ဒါမှမဟုတ် ကိုယ်ဝန်မရှိခင်တည်းက diabetes ရှိနေတာ ဖြစ်နိုင်ပါသလားဆရာ။ ပထမကိုယ်ဝန်မှာ ဖြစ်ခဲ့တဲ့ preeclampsia နဲ့ ဒုတိယကိုယ်ဝန်မှာဖြစ်တဲ့ gestational diabetes ဟာ ဆက်စပ်မှု ရှိပါသလား။ ဒုတိယကလေးကို blood sugar level စစ်ကြည့်ဖို့ လိုအပ်ပါသလားဆရာ။ အဖေ့အဖေနဲ့အမေ့အစ်မတို့မှာ diabetes ရှိခဲ့ကြပါတယ်။ ကလေးမွေးပြီးထူးခြားလက္ခဏာတွေကတော့ ကလေး day 3 လောက်ထဲက ယားပါတယ်။ allergic to plaster လို့ထင်ခဲ့ပါတယ်။ မနက်အိပ်ယာ(အိပ်ရာ) ထချိန် ခြေကျင်းဝတ် လက်ကောက်ဝတ်တွေ ထုံကျဉ်နေတတ်ပါတယ်။ တခါတခါလက်ဖျားထိပ်တွေမှာ sensation မရှိသလိုခံစားရပါတယ်။ ရေငတ်ပါတယ်။ အလွန်အကျွံ ဗိုက်ဆာတတ်ပြီး ကတုန်ကယင်ဖြစ်တတ်ပါတယ်။ ကျန်ခဲ့တဲ့ တလလောက်က blood test result အရ glucose level က ပုံမှန်လို့ပြောပါတယ်။ HbA1c level က 42 ပါ ဆရာ။ GP က diabetes မဟုတ်ဘူးလို့ပြောပါတယ်။ ဒါပေမဲ့ ဒီရက်ပိုင်း ထမင်းနဲနဲပိုစားမိတဲ့နေ့တွေမှာ စစ်ကြည့်တော့ blood sugar အမြဲတက်နေတယ်ဆရာ။ blood test ထပ်လုပ်ကြည့်ဖို့ လိုမလားဆရာ။ ကျေးဇူးပါ။

ဆီးချိုရှိသူတိုင်း အစားအသောက် + ဆေး + ကိုယ်အလေးချိန်နဲ့ နေ့စဉ်ထိန်းရပါတယ်။ ဘာဆေးသောက်ပြီး ဘာရှောင်သလဲသိဘို့နဲ့ လိုက်နာဘို့လိုအပ်တယ်။ အာရုံကြောရောင်တာဖြစ်လာနိုင်တယ်။ သိလိုရင် ဘလော့ခ်မှာ ဖတ်လိုက ဖတ်ပါရန်။

A1C test ဆိုတာ ဆီးချိုအမျိုး စမ်းနည်းနောက်တမျိုးဖြစ်ပါတယ်။ glycated hemoglobin, glycosylated hemoglobin, hemoglobin A1C နဲ့ HbA1c လို့လဲ နာမည်အမျိုးမျိုးခေါ်တယ်။ လွန်ခဲ့တဲ့ ၂-၃ လအတွင်း သွေးထဲက သကြားဓါတ် ပျမ်းမျှဘယ်လောက်လဲကို တိုင်းတာတာဖြစ်ပါတယ်။ တိတိကျကျပြောရရင် သွေးနီဥမှာပါတဲ့ (ဟီမိုဂလိုဘင်) ရဲ့ ရာနှုန်းဘယ်လောက်မှာ glycated sugar နဲ့ဖုံးနေသလဲကို စစ်ဆေးတာပါ။ A1C များနေလေလေ ဆိုးလေလေ။ ဒီစမ်းသပ်နည်းကနေ ဆီးချိုကိုကုသနေတာရဲ့ ထိရောက်မှုကိုသိနိုင်ပါတယ်။ ဘယ်တော့တခါ စစ်ရမလဲက တဦးချင်း အပေါ်မှာ မူတည်ပါတယ်။

• (အင်စူလင်) ထိုးမနေရသူ၊ ဆီးချိုးလဲ သိပ်မများသူ = တနှစ် ၂ ခါ၊

• ဆီးချိုအမျိုးအစား (၁) ရှိသူ = တနှစ်မှာ ၃-၄ ခါ။

• (အင်စူလင်) မထိုးရသူ၊ ဆီးချိုးလဲ များသူ = တနှစ် ၄ ခါ၊

• ဆီးချိုမရှိသူတွေမှာ A1C level ဟာ 4.5 to 6%၊

• ဆီးချိုမထိန်းနိုင်သူ တချို့မှာ 8%။

• နှစ်ခါစစ်လို့ A1C level 6.5% နဲ့များနေသူဆိုရင် ဆီးချိုရောဂါရှိနေသူ။

• 5.7% ကနေ 6.4% ဆိုရင် ဆီးချိုအစပျိုးနေသူ။

• ဆီးချိုကုသရာမှာ 7% အထိရောက်နေစေဘို့ ဦးတည်းထားရတယ်။

A1C level = ခန့်မှန်း သွေးထဲကသကြားဓါတ်၊

5 percent = 97 mg/dL (5.4 mmol/L)

6 percent = 126 mg/dL (7 mmol/L)

7 percent = 154 mg/dL (8.5 mmol/L)

8 percent = 183 mg/dL (10.2 mmol/L)

9 percent = 212 mg/dL (11.8 mmol/L)

10 percent = 240 mg/dL (13.3 mmol/L)

11 percent = 269 mg/dL (14.9 mmol/L)

12 percent = 298 mg/dL (16.5 mmol/L)

13 percent = 326 mg/dL (18.1 mmol/L)

14 percent = 355 mg/dL (19.7 mmol/L)

သွေးထွက်တာများနေသူမှာ (ဟီမိုဂလိုဘင်) က နည်းနေလို့ မှားတဲ့အဖြေ (နည်း) ရစေနိုင်တယ်။ သံဓါတ်နည်းနေသူမှာ မှားတဲ့ (များ) အဖြေရစေနိုင်တယ်။ လူအများစုမှာရှိတဲ့ (ဟီမိုဂလိုဘင်) အမျိုးအစား (အေ) မဟုတ်ပဲ ရှားတဲ့ အမျိုးအစားဖြစ်နေရင် မှားတဲ့အဖြေ (နည်း/များ) ရစေမယ်။ လောလောဆယ်သွေးသွင်းထာသူမှာ အဖြေမှားနိုင်တယ်။ Hemolytic anemia သွေးအားနည်းရောဂါရှိသူမှာ မှားတဲအဖြေ (နည်း) ရနိုင်တယ်။

A1c 6% ထက်နည်းနေတာ ပုံမှန်။ 7.0 mmol/L ကနေအထက် ဆီးချို။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

Allergic skin အရေပြား အလာဂျီ

Colorectal cancer အူမကြီး ကင်ဆာ

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ