ခင်ဗျား

စောစောက ရှင်၊ ရှင့် လို့ မသုံးတတ်ကြကြောင်း တင်ပြတယ်။ ဒီတခါ ခင်ဗျာ၊ ခင်ဗျား၊  ဗျ၊ ခင်မျာ။ 

ဆရာခင်မျာ ခင်မျာလို့ ရေးထားတာ တွေ့ပါတယ်။ ခင်ဗျားတို့ ကျွန်တော်တို့ လို့ ရေးရင် မှန်သလား မှားသလား သိချင်ပါတယ်ခင်မျာ။ ဝါကျအဆုံးမှာ ခင်များ လို့ရော (း) ထည့်သုံးပါသလား။ ခင်မျာ ပဲလား အသုံးအနှုန်း ယူဆပုံ နားလည်ချင်ပါတယ် ဆရာ

ရှေးကသုံးခဲ့တယ်။

ခင်ဖြား = ခင်ဖရား။

ခင်ဗြား = ခင်ဗရား။

ခင်ဘြား = ခင်ဘုရား။

ဗျား

ခင်ဗျား

ဗျာ

ဗျာပါသောက

ဗျာများသည်

ဗျာနည်းသည်

ဗျာပါဒတရား

ကဗျာကရာ

ကဗျာလင်္ကာ

ကဗျာကသီ

ဗျာဒိတ်တော်

ဗျာပါဆံ

ဇရာဗျာဒိ

များ

များပြားသည်

များများစားစား

များစွာသော

များဗိုလ်လူ

အနည်းအများ

များလျားကျ

ခေါ်ရင် ဗျာလို့ ထူးတယ်။ ခင်ဗျာလို့ ထူးတယ်။ စကားကိုအလွယ်ပြောရာကနေ ခင်မျာ ခင်မြာလို့လည်း အသံထွက်လာကြတာရှိတယ်။ ဗျာထူးလို့ရှိတယ်။ မောင်မောင်ခေါ်တုန်းက ဗျာမထူးဆိုတဲ့စကားရှိတယ်။

ဆရာ မြသန်းတင့်က လမင်းကို ထရံပေါက်မှကြည့်ခြင်းထဲမှာ သည်လိုရေးထားတယ်။ ခင်ဗျား ခွဲချေထုထောင်းပြီး အရည်ကျိုရမယ့် ကျောက်ခဲတုုံးတွေဟာ စာရေးဆရာရဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ ခင်ဗျားသုံးရမယ့် ပေါက်တူးတွေ ဂေါ်ပြားတွေဟာ ခင်ဗျားရဲ့ အလေးထားမှု၊ စိတ်အားထက်သန်မှု၊ စိတ်ရှည်မှု၊ ပညာအခံတို့ ဖြစ်ပါတယ်။ ခင်ဗျားရဲ့ မီးဖိုဟာ ခင်ဗျားရဲ့ ကိုယ်ပိုင်စဉ်းစားဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ် ဖြစ်တယ်။ ရွှေရှိမယ်လို့ ထင်ရတဲ့ စာအုပ်ကို ခင်ဗျားဖတ်ပြီး၊ ခင်ဗျားပညာအခံနဲ့ ခင်ဗျား မျှော်လင့်ချက်ဆိုတဲ့ ပေါက်တူးတွေ ဂေါ်ပြားတွေနဲ့တူးပြီး၊ အဲဒါတွေကို ခင်ဗျား ကိုယ်ပိုင်ဉာဏ်၊ ကိုယ်ပိုင်အတွေးအခေါ်ဆိုတဲ့ မီးဖိုပေါ်မှာ ကျိုလိုက်ပြီ။

စကားအသုံးမှာ အခြေအနေအရ နည်းနည်းလွဲပြီး ပြောဆိုကြတာလည်းရှိမယ်။ စာရေးရင် ခင်ဗျား။ ခေါ်တာကို ထူးရင် ခင်မျာ ခင်ဗျာ ဗျာ စသည်။ ရယ်စရာသဘော ဗျာ ဗျ လို့လည်းရှိသေးတယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Cancer-Fighting Foods ကင်ဆာအတွက် အကောင်းဆုံးအစားအစာ

Water poisoning ရေအဆိပ်သင့်ခြင်း

Colorectal cancer အူမကြီး ကင်ဆာ