ဂြိုဟ်

ခေတ်သစ် ခြေလှမ်းတွေ၊ နိုင်ငံအလိုက် စွမ်းဆောင်နေတဲ့ ဂြိုလ်နယ်ချဲ့ အခြေချနိုင်ရင် ကြိုးပမ်းမှုတွေ၊ လာမဲ့နှစ်တွေမှာ ပြောင်းလဲနိုင်ဖွယ်ရှိတဲ့ အင်တာနက် အသုံးပြု မီဒီယာပလက်ဖောင်းတွေ အကြောင်း သုံးသပ်မိသလောက် အချိန်အခါသင့်ချိန် မျှဝေပေးပါလို တောင်းဆိုချင်ပါတယ်။ စာလုံး သတ်ပုံ မှားယွင်းမှုများရှိခဲ့ရင် ကျွန်တော့် အားနည်းချက်ပါ။ပြင်ဆင်ပါ့မယ်။

ဂြိုဟ် လို့ရေးရ။ အာကာသသိပ္ပံပညာမှာ စကြဝဠာ ခေါ် ယူနီဗာ့စ်ရဲ့ အစကို လေ့လာနေပြီ။ ဂြိုဟ်က ၈ လုံးတည်းသာရှိတယ်။ အင်္ဂါဂြိုဟ်ကို ကိုလိုနီပြုသလိုဖြစ်လာတာ မှန်တယ်။

၂၅-၁၂-၂၀၂၁ နေ့သတင်းအရ James Webb Space Telescope ခေါ် အခုထိ အကြီးဆုံး တယ်လီစကုပ် ခေါ် ရွှေနဲ့လုပ်ထားတဲ့ အာကာသအဝေးကြည့်မှန်ပြောင်းကြီးကို NASA ကလွှတ်တင်လိုက်တယ်။ first galaxies ခေါ်ပဌမဆုံး ဖြစ်ပေါ်ခဲ့တဲ့ ဂယ်လက်ဆီတွေကို လေ့လာမယ်။ ဥရောပ European Space Agency နဲ့ ကနေဒါ Canadian Space Agency တို့နဲ့အတူလက်တွဲဆောင်ရွက်ကြတာဖြစ်တယ်။

သိပ္ပံပညာနယ်တွေက အများကြီး။ အကျယ်ကြီး။ ခုခေတ်မှာ သုတနဲ့ သတင်းအတွက်သိလိုသူတွေ ရှာရတာ အလွန်ကိုလွယ်လာတယ်။ ဝဘ်ဆိုက်ကိုသာဖတ်ပါ။ ခိုင်မာ မှန်ကန်တာတော့ ရှာတတ်ရမယ်။ ကျွန်တော်သိတာက သေးသေးမွှားမွှားလေး။ ဆေးပညာကိုတောင် လိုက်လို့ မလွယ်။ အဲဒါကြောင့် ဘာသာရပ်အလိုက် အထူးပြုလေ့လာရတယ်။ ဘာသာရပ်တခုထဲမှာကို ထပ်ခွဲလာတောတွေက အများကြီး။

သိလို လေ့လာလိုတာကို အားပေးတယ်။ ထပ်ပြီးအကြံပြုပါတယ်။ မှန်တာကို ရှာတတ်ရမယ်။

ဒေါက်တာတင့်ဆွေ


Comments

Popular posts from this blog

Daflon 500 mg လိပ်ခေါင်းဆေး

Piles Q and A လိပ်ခေါင်းရောဂါ အမေး-အဖြေများ

Allergic skin အရေပြား အလာဂျီ