စျာန်ရသူဆိုရင်သင့်ပေလိမ့်
နိစ္စဓူဝ လား နေ့တဓူဝ လား ဆရာ ခင်ဗျား
ထန်းသမားတို့၏ လုပ်ငန်းသဘာဝကို ကြည့်၍ ဖွဲ့ဆိုသော သံချို
ကုသလံ ကံကြမ္မဇရယ်ကြောင့်၊ စျာန်ရသူ ဆိုရန်သင့်ပေလိမ့်၊ ငြမ်းမဆင် ထန်းပင်မြင့်၊ လမ်းထွင်သင့် နိစ္စဓူ။
ခါးယံမှာ ဓားသန်လျက်နှင့်၊ တရက်လျှင် နှစ်ကြိမ်ပ၊ ထက်ဝတိန် ဘွေတခိုမှ၊ နေညိုလျှင် ရေချိုအိုး၊ ကြိုးနှင့် သယ်ယူ။
နော်ရထာ စံတည်တဲ့၊ ပုဂံပြည် စည်ပွင့်လင်းစဉ်က၊ ရွာမြင်းမူသာတဲ့ ကျေးမှာဖြင့်၊ မောင်ထွေးနာမည်နှင့်၊ တရာရည်ပင် စည်ပင်ထန်းတို့၊ ကျွမ်းကျင်ကာ နေ့စဉ်တက်နိုင်လို့၊ ဝင်ထွက်ကာ ကျန်းစစ်သားတို့နှင့်၊ ကစားရအတူတူ၊ ကျော်ဇမ္ဗူခြိမ့်သဲ။
နွေအခါ၊ ရေပြာညိုတဲ့၊ ရွှေထန်းဖိုခန်းကာပပြန်တော့၊ ထန်းမမှာ လှမ်းကာဟက်လို့၊ ထန်းလျက်ပါ ချက်ကာ ရောင်းရ၊ သိန်းသောင်းရေ ရွှေငွေလျှံလို့၊ ပြေပုဂံ ကျန်စစ်သားတို့နှင့်၊ စစ်များစွာ အောင်သည့်ရေးရယ်ကြောင့်၊ မောင်ထွေးနာမည်ရင်းငယ်နှင့်၊ ရာဇဝင် စာတင်လို့သွင်းခဲ့၊ မြင်းမူသားနဲ။
ကုသလံ = ကိုသိုလ်
ကံကြမ္မဇ = ကံမ္မဇ (အတိတ်ကပါလာသော ကံရင်း)။
မောင်ထွေး = မောင်ထွေရူး။
တရာရည် = ထန်းပင်တရာ၏ ထန်းရည်။
နိစ္စဓူ = နိစ္စဓူဝ (အစဉ်အမြဲ)။
မြင်းမူသာနဲ = မြင်းမူသား မောင်ထွေရူး နည်းအတိုင်း။
မောင်းထောင်ဦးကျော်လှ၏ သံချိုကဗျာပေါင်းချုပ် (၁၉၈၄ ခုထုတ်)
ခုခေတ်ပေါ် မြန်မာစာဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေ၊ အယ်ဒီတာတွေကတာ့ တရက်လျှင်၊ ဘွေတခိုမှ၊ တရာရည်ပင်၊ သတ်ပုံတွေတွေကို စသတ်နဲ့ရေးနေကြတယ်။ အဲလိုလျှာရှည်တာကို ထန်းရေမူးသတ်ပုံလို့ ခေါ်တယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment